ယူရေနီယံ ကြွယ်ဝရေးအစီအစဉ်အရှိန်မြှင့်ရန် စက်ဒလက်များ အီရန်တီထွင်မည်

အီရန်သမ္မတ (ရိုက်တာ)
အီရန်ဟာ ယူရေနီယံ ကြွယ်ဝရေးအစီအစဉ်ကို အရှိန်မြှင့်ဖို့ စက်ဒလက်တွေကို တီထွင်မယ်လို့ အီရန် သမ္မတ ဟတ်ဆန် ရောင်ဟာနီက စက်တင်ဘာ ၄ ရက်နေ့က ပြောလိုက်ပါတယ်။ မီဒီယာတွေကတော့ ဒါဟာ နျူကလီးယား ကတိကဝတ်ကို ပြန်ရုပ်သိမ်းမယ့် ခြေလှမ်းသစ် တရပ်လို့ သုံးသပ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်အရ အီရန်ဟာ နျူကလီးယားစက်ရုံ ၂ ရုံအတွက် အရေအတွက် ကန့်သတ်ထားတဲ့ ပထမအဆင့် စက်ဒလက်တွေကို ပိုင်ဆိုင်ခွင့်ရရှိထားတာပါ။ ပိုပြီးအဆင့်မြင့်တဲ့ စက်ဒလက်တွေကို အောင်မြင်အောင် တီထွင်နိုင်ရင်တော့ အဆပေါင်း အတော်များများ ပိုမြန်နိုင်ပြီး နျူကလီးယားဗုံးတည်ဆောက်ဖို့ အလားအလာရှိတဲ့ ပစ္စည်းကို တည်ဆောက်နိုင်ပါတယ်။ အီရန်ကတော့ နျူကလီးယား ဓာတ်အားပေးစက်ရုံကို လောင်စာဖြည့်ဖို့ ယူရေနီယံကို တန်ဖိုးတက်အောင် အဆင့်မြှင့်တာလို့ ပြောပါတယ်။ အီရန်ရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်တဲ့ ခြေလှမ်းအားလုံးကို လှမ်းသွားမယ်လို့လည်း အီရန်သမ္မတ ရောင်ဟာနီက ပြောပါတယ်။ ၂၀၁၅ အီရန် နျူကလီးယားအရေး သဘောတူညီချက်အရ အီရန်ဟာ သူ့ရဲ့ ဖော်ဒိုး နျူကလီးယား စက်ရုံအတွက် ပထမအဆင့် စက်ဒလက် ၁၀၄၄ ခုထားရှိခွင့်ရပြီး ဒုတိယ နျူကလီးယားစက်ရုံအတွက် ဆယ်နှစ်စာ စက်ဒလက် ၅၀၆၀ ထားရှိခွင့်ရထားပါတယ်။ ဒါ့အပြင် အဆင့်မြှင့် ယူရေနီယံကို ထပ်ပြီး မစုဆောင်းထားဘဲ အဆင့်မြှင့်ရေး သုတေသနတွေကို ဆက်လုပ်ခွင့်ရထားပါတယ်။ မနှစ်ကတော့ အမေရိကန်က ဒီသဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်ကို ဒဏ်ခတ်မှု ပြန်ချမှတ်ခဲ့ပါတယ်။
ယူေရနီယံ ႂကြယ္ဝေရးအစီအစဥ္အရွိန္ျမႇင့္ရန္ စက္ဒလက္မ်ား အီရန္တီထြင္မည္ DVB အီရန္ဟာ ယူေရနီယံ ႂကြယ္ဝေရးအစီအစဥ္ကို အရွိန္ျမႇင့္ဖို႔ စက္ဒလက္ေတြကို တီထြင္မယ္လို႔ အီရန္ သမၼတ ဟတ္ဆန္ ေရာင္ဟာနီက စက္တင္ဘာ ၄ ရက္ေန႔က ေျပာလိုက္ပါတယ္။ မီဒီယာေတြကေတာ့ ဒါဟာ န်ဴကလီးယား ကတိကဝတ္ကို ျပန္႐ုပ္သိမ္းမယ့္ ေျခလွမ္းသစ္ တရပ္လို႔ သုံးသပ္ပါတယ္။ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြနဲ႔ ၂၀၁၅ ခုႏွစ္ န်ဴကလီးယား သေဘာတူညီခ်က္အရ အီရန္ဟာ န်ဴကလီးယားစက္႐ုံ ၂ ႐ုံအတြက္ အေရအတြက္ ကန႔္သတ္ထားတဲ့ ပထမအဆင့္ စက္ဒလက္ေတြကို ပိုင္ဆိုင္ခြင့္ရရွိထားတာပါ။ ပိုၿပီးအဆင့္ျမင့္တဲ့ စက္ဒလက္ေတြကို ေအာင္ျမင္ေအာင္ တီထြင္ႏိုင္ရင္ေတာ့ အဆေပါင္း အေတာ္မ်ားမ်ား ပိုျမန္ႏိုင္ၿပီး န်ဴကလီးယားဗုံးတည္ေဆာက္ဖို႔ အလားအလာရွိတဲ့ ပစၥည္းကို တည္ေဆာက္ႏိုင္ပါတယ္။ အီရန္ကေတာ့ န်ဴကလီးယား ဓာတ္အားေပးစက္႐ုံကို ေလာင္စာျဖည့္ဖို႔ ယူေရနီယံကို တန္ဖိုးတက္ေအာင္ အဆင့္ျမႇင့္တာလို႔ ေျပာပါတယ္။ အီရန္ရဲ႕ အခြင့္အေရးနဲ႔ အက်ိဳးစီးပြားကို ကာကြယ္ဖို႔ လိုအပ္တဲ့ ေျခလွမ္းအားလုံးကို လွမ္းသြားမယ္လို႔လည္း အီရန္သမၼတ ေရာင္ဟာနီက ေျပာပါတယ္။ ၂၀၁၅ အီရန္ န်ဴကလီးယားအေရး သေဘာတူညီခ်က္အရ အီရန္ဟာ သူ႔ရဲ႕ ေဖာ္ဒိုး န်ဴကလီးယား စက္႐ုံအတြက္ ပထမအဆင့္ စက္ဒလက္ ၁၀၄၄ ခုထားရွိခြင့္ရၿပီး ဒုတိယ န်ဴကလီးယားစက္႐ုံအတြက္ ဆယ္ႏွစ္စာ စက္ဒလက္ ၅၀၆၀ ထားရွိခြင့္ရထားပါတယ္။ ဒါ့အျပင္ အဆင့္ျမႇင့္ ယူေရနီယံကို ထပ္ၿပီး မစုေဆာင္းထားဘဲ အဆင့္ျမႇင့္ေရး သုေတသနေတြကို ဆက္လုပ္ခြင့္ရထားပါတယ္။ မႏွစ္ကေတာ့ အေမရိကန္က ဒီသေဘာတူညီခ်က္ကေန ႏုတ္ထြက္ၿပီး အီရန္ကို ဒဏ္ခတ္မႈ ျပန္ခ်မွတ္ခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up