Home
မြန်မာသတင်း
ကိုရီးယားသမ္မတ မြန်မာခရီးစဉ်ကိုအဆုံးသတ်ပြီး လာအိုနိုင်ငံသို့ဆက်လက်ထွက်ခွာ
DVB
·
September 5, 2019
ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနဲ့ ဇနီးတို့ဟာ စက်တင်ဘာ ၅ရက်မနက်ပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ရန်ကုန်တိုင်း အစိုးရသတင်းမှာ ဖော်ပြပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ စီးပွားရေး၊ ပညာရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ ၆ ခုကို နိုင်ငံတော်အဆင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သလို စက်မှုဇုန်နဲ့ မြို့ပြစီမံကိန်းတွေအတွက် ရန်ကုန်တိုင်းအစိုးရနဲ့လည်း သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ ကိုရီးယားသမ္မတဟာ ဩဂုတ် ၃ ရက်က နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း သီးသန့် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ကိုရီးယားသမ္မတရဲ့ ခရီးစဉ်မှာ  မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနအတွက် ကျောင်းကား အစီး (၆၀) ကိုလည်း  ပေးအပ်လှူဒါန်းခဲ့သလို အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်ချေးငွေလည်း မြန်မာနိုင်ငံကို ပေးအပ်ခဲ့ပါတယ်။  စက်တင်ဘာ ၄ ရက်မှာတော့ တောင်ကိုရီးယား သမ္မတဟာ ရန်ကုန်မှာ ကိုရီးယား စက်မှုဇုန်ဖွင့်ပွဲ အခမ်းအနားနဲ့ မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တက်ရောက်ခဲ့ပြီး ရွှေတိဂုံဘုရားနဲ့ အာဇာနည်ဗိမာန်တွေကိုလည်း သွားရောက် ခဲ့ပါတယ်။ ထိုင်း၊ မြန်မာနဲ့ လာအို အာဆီယံ ၃ နိုင်ငံကို ခရီးလှည့်နေတဲ့ သမ္မတမွန်းနဲ့ ဇနီးဖြစ်သူတို့ဟာ ထိုင်းနိုင်ငံကနေ တဆင့် မြန်မာနိုင်ငံကို စက်တင်ဘာ ၃ ရက်မနက်က အထူးလေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်ပြီး စက်တင်ဘာ ၅ ရက်မှာတော့ ရန်ကုန်ကနေ လာအိုနိုင်ငံကို ဆက်လက်သွားတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတရဲ့ခရီးစဉ်မှာ တောင်ကိုရီးယားနိုင်ငံက ထင်ရှားတဲ့ ဘဏ်လုပ်ငန်းရှင် တွေ၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ သတင်းမီဒီယာသမားတွေ အများအပြား လိုက်ပါလာကြပါ တယ်။
ကိုရီးယားသမၼတ ျမန္မာခရီးစဥ္ကိုအဆုံးသတ္ၿပီး လာအိုႏိုင္ငံသို့ဆက္လက္ထြက္ခြာ DVB ကိုရီးယားသမၼတႏိုင္ငံ သမၼတ မစၥတာ မြန္ေဂ်အင္းနဲ႔ ဇနီးတို႔ဟာ စက္တင္ဘာ ၅ရက္မနက္ပိုင္းမွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ျပန္လည္ထြက္ခြာသြားခဲ့တယ္လို႔ ရန္ကုန္တိုင္း အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။ ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းရဲ႕ ၃ ရက္ၾကာ ျမန္မာႏိုင္ငံခရီးစဥ္အတြင္းမွာ ႏွစ္ႏိုင္ငံ စီးပြားေရး၊ ပညာေရးနဲ႔ ဆက္သြယ္ေရးဆိုင္ရာ နားလည္မႈ စာခြၽန္လႊာ ၆ ခုကို ႏိုင္ငံေတာ္အဆင့္ သေဘာတူ လက္မွတ္ေရးထိုးခဲ့သလို စက္မႈဇုန္နဲ႔ ၿမိဳ႕ျပစီမံကိန္းေတြအတြက္ ရန္ကုန္တိုင္းအစိုးရနဲ႔လည္း သေဘာတူစာခ်ဳပ္ေတြ ခ်ဳပ္ဆိုခဲ့ပါတယ္။ ကိုရီးယားသမၼတဟာ ဩဂုတ္ ၃ ရက္က ေနျပည္ေတာ္မွာ သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔လည္း သီးသန႔္ ေတြ႕ဆုံၿပီး ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရး ကိစၥေတြ ေဆြးေႏြးခဲ့ပါတယ္။ ကိုရီးယားသမၼတရဲ႕ ခရီးစဥ္မွာ ျမန္မာႏိုင္ငံ ပညာေရးဝန္ႀကီးဌာနအတြက္ ေက်ာင္းကား အစီး (၆၀) ကိုလည္း ေပးအပ္လႉဒါန္းခဲ့သလို အေမရိကန္ေဒၚလာ သန္း ၁၅၀ ေက်ာ္ေခ်းေငြလည္း ျမန္မာႏိုင္ငံကို ေပးအပ္ခဲ့ပါတယ္။ စက္တင္ဘာ ၄ ရက္မွာေတာ့ ေတာင္ကိုရီးယား သမၼတဟာ ရန္ကုန္မွာ ကိုရီးယား စက္မႈဇုန္ဖြင့္ပြဲ အခမ္းအနားနဲ႔ ျမန္မာ-ကိုရီးယား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဖိုရမ္ကို တက္ေရာက္ခဲ့ၿပီး ေ႐ႊတိဂုံဘုရားနဲ႔ အာဇာနည္ဗိမာန္ေတြကိုလည္း သြားေရာက္ ခဲ့ပါတယ္။ ထိုင္း၊ ျမန္မာနဲ႔ လာအို အာဆီယံ ၃ ႏိုင္ငံကို ခရီးလွည့္ေနတဲ့ သမၼတမြန္းနဲ႔ ဇနီးျဖစ္သူတို႔ဟာ ထိုင္းႏိုင္ငံကေန တဆင့္ ျမန္မာႏိုင္ငံကို စက္တင္ဘာ ၃ ရက္မနက္က အထူးေလယာဥ္နဲ႔ ေရာက္ရွိလာတာျဖစ္ၿပီး စက္တင္ဘာ ၅ ရက္မွာေတာ့ ရန္ကုန္ကေန လာအိုႏိုင္ငံကို ဆက္လက္သြားတာ ျဖစ္ပါတယ္။ ေတာင္ကိုရီးယားသမၼတရဲ႕ခရီးစဥ္မွာ ေတာင္ကိုရီးယားႏိုင္ငံက ထင္ရွားတဲ့ ဘဏ္လုပ္ငန္းရွင္ ေတြ၊ စီးပြားေရးလုပ္ငန္းရွင္နဲ႔ သတင္းမီဒီယာသမားေတြ အမ်ားအျပား လိုက္ပါလာၾကပါ တယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024