A d v e r t i s e m e n t With Us

ရွေးကောက်ပွဲ စောကျင်းပရေး ဗြိတိန်ဝန်ကြီးချုပ်၏အဆိုပြုချက် ရှုံးနိမ့်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ရွေးကောက်ပွဲ စောကျင်းပရေး အဆိုပြုချက်ဟာ စက်တင်ဘာလ ၄ ရက်နေ့က ပါလီမန်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ အဆိုပြုချက်ကို ထောက်ခံမယ့် အနည်းဆုံး လွှတ်တော်အမတ် ၄၃၄ ယောက် လိုအပ်ပေမယ့် ၂၉၈ ယောက်သာ ထောက်ခံခဲ့ပြီး ၅၆ ယောက်က အဆိုပြုချက်ကို ကန့်ကွက်ခဲ့ပါတယ်။ အတိုက်အခံလေဘာပါတီက လေဘာပါတီအမတ်တွေကို မဲမပေးဖို့ ညွှန်ကြားခဲ့တာပါ။ မဲရလဒ်တွေ ကြေညာပြီးမှာတော့ ဝန်ကြီးချုပ် ဂျွန်ဆင်က အတိုက်အခံပါတီခေါင်းဆောင် ဂျရယ်မီကိုဘင်ကို မခံချိမခံသာ စကားပြောခဲ့ပါတယ်။ ကိုဘင်ဟာ သူအနိုင်ရမယ် မထင်တာမို့ ဒီလိုကြန့်ကြာအောင် လုပ်ရတယ်လို့ ကောက်ချက်ဆွဲ ပါတယ်ဆိုပြီး ဂျွန်ဆင်က ပြောခဲ့ပါတယ်။ ကိုဘင်က ပါတီအမတ်တွေကို မဲမပေးဘဲနေဖို့ ညွှန်ကြားခဲ့တာကြောင့် ဂျွန်ဆင်ရဲ့ ရွေးကောက်ပွဲ စောကျင်းပရေးအဆို ရှုံးနိမ့်ခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
ေ႐ြးေကာက္ပြဲ ေစာက်င္းပေရး ၿဗိတိန္ဝန္ႀကီးခ်ဳပ္၏အဆိုျပဳခ်က္ ရႈံးနိမ့္ DVB ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ရဲ႕ ေ႐ြးေကာက္ပြဲ ေစာက်င္းပေရး အဆိုျပဳခ်က္ဟာ စက္တင္ဘာလ ၄ ရက္ေန႔က ပါလီမန္မွာ ရႈံးနိမ့္ခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ ဂြၽန္ဆင္ဟာ အဆိုျပဳခ်က္ကို ေထာက္ခံမယ့္ အနည္းဆုံး လႊတ္ေတာ္အမတ္ ၄၃၄ ေယာက္ လိုအပ္ေပမယ့္ ၂၉၈ ေယာက္သာ ေထာက္ခံခဲ့ၿပီး ၅၆ ေယာက္က အဆိုျပဳခ်က္ကို ကန႔္ကြက္ခဲ့ပါတယ္။ အတိုက္အခံေလဘာပါတီက ေလဘာပါတီအမတ္ေတြကို မဲမေပးဖို႔ ၫႊန္ၾကားခဲ့တာပါ။ မဲရလဒ္ေတြ ေၾကညာၿပီးမွာေတာ့ ဝန္ႀကီးခ်ဳပ္ ဂြၽန္ဆင္က အတိုက္အခံပါတီေခါင္းေဆာင္ ဂ်ရယ္မီကိုဘင္ကို မခံခ်ိမခံသာ စကားေျပာခဲ့ပါတယ္။ ကိုဘင္ဟာ သူအႏိုင္ရမယ္ မထင္တာမို႔ ဒီလိုၾကန႔္ၾကာေအာင္ လုပ္ရတယ္လို႔ ေကာက္ခ်က္ဆြဲ ပါတယ္ဆိုၿပီး ဂြၽန္ဆင္က ေျပာခဲ့ပါတယ္။ ကိုဘင္က ပါတီအမတ္ေတြကို မဲမေပးဘဲေနဖို႔ ၫႊန္ၾကားခဲ့တာေၾကာင့္ ဂြၽန္ဆင္ရဲ႕ ေ႐ြးေကာက္ပြဲ ေစာက်င္းပေရးအဆို ရႈံးနိမ့္ခဲ့တယ္လို႔ ႐ိုက္တာသတင္းက ဆိုပါတယ္။

A d v e r t i s e m e n t With Us

More News
Up