ဟောင်ကောင် တရားခံလွှဲပြောင်းရေး ဥပဒေကြမ်း  တရားဝင်ရုပ်သိမ်း

ကယ်ရီလမ်
ဟောင်ကောင်မှာ အငြင်းပွားနေတဲ့ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို တရားဝင် ရုပ်သိမ်းလိုက်ပြီလို့ အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က စက်တင်ဘာ ၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အဲဒီဥပဒေကြမ်းကြောင့် ဟောင်ကောင်မှာ ၃ လကြာ အဆိုးရွားဆုံး နိုင်ငံရေး အကျပ်အတည်း ပေါ်ပေါက်ခဲ့သလို အကြမ်းဖက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါဟာ ဟောင်ကောင်ခေါင်းဆောင်အနေနဲ့ ဆန္ဒပြသူတွေ တောင်းဆိုတဲ့ အချက် ၅ ချက်ထဲက တချက်ကို လိုက်လျောခဲ့တာပါ။ ဒ ါ့အပြင် မငြိမ်သက်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းဖို့ စုံစမ်းရေးအဖွဲ့ဖွဲပြိး ရှေ့ဆက် အဖြေရှာမယ့်နည်းလမ်းတွေကို ကယ်ရီလမ်က အကြံပြုသွားမှာပါ။ ဆန္ဒပြသူတွေကတော့ တရားခံလွှဲပြောင်းရေးဥပဒေကြမ်း တရားဝင် ရုပ်သိမ်းရေးအပြင် ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့လုပ်ရပ်ကို စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးပေးရေး၊ အဖမ်းခံရတဲ့ ဆန္ဒပြသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ အကြမ်းဖက် ဆန္ဒပြပွဲလို့ သုံးနှုန်းတာကို ရပ်တံ့ရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြန်စတင်ရေးတို့ကို တောင်းဆိုထားပါတယ်။
ေဟာင္ေကာင္ တရားခံလႊဲေျပာင္းေရး ဥပေဒၾကမ္း တရားဝင္႐ုပ္သိမ္း DVB ေဟာင္ေကာင္မွာ အျငင္းပြားေနတဲ့ တရားခံလႊဲေျပာင္းေရး ဥပေဒၾကမ္းကို တရားဝင္ ႐ုပ္သိမ္းလိုက္ၿပီလို႔ အုပ္ခ်ဳပ္ေရးမႉးခ်ဳပ္ ကယ္ရီလမ္က စက္တင္ဘာ ၄ ရက္ေန႔မွာ ေၾကညာလိုက္ပါတယ္။ အဲဒီဥပေဒၾကမ္းေၾကာင့္ ေဟာင္ေကာင္မွာ ၃ လၾကာ အဆိုး႐ြားဆုံး ႏိုင္ငံေရး အက်ပ္အတည္း ေပၚေပါက္ခဲ့သလို အၾကမ္းဖက္မႈေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။ ဒါဟာ ေဟာင္ေကာင္ေခါင္းေဆာင္အေနနဲ႔ ဆႏၵျပသူေတြ ေတာင္းဆိုတဲ့ အခ်က္ ၅ ခ်က္ထဲက တခ်က္ကို လိုက္ေလ်ာခဲ့တာပါ။ ဒါ့အျပင္ မၿငိမ္သက္မႈေတြ ျဖစ္ရတဲ့ အေၾကာင္းရင္းကို စုံစမ္းဖို႔ စုံစမ္းေရးအဖြဲ႕ဖြဲၿပိး ေရွ႕ဆက္ အေျဖရွာမယ့္နည္းလမ္းေတြကို ကယ္ရီလမ္က အႀကံျပဳသြားမွာပါ။ ဆႏၵျပသူေတြကေတာ့ တရားခံလႊဲေျပာင္းေရးဥပေဒၾကမ္း တရားဝင္ ႐ုပ္သိမ္းေရးအျပင္ ဆႏၵျပပြဲေတြမွာ ရဲတပ္ဖြဲ႕လုပ္ရပ္ကို စုံစမ္းေရးအဖြဲ႕ဖြဲ႕ၿပီး စစ္ေဆးေပးေရး၊ အဖမ္းခံရတဲ့ ဆႏၵျပသူေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးေရး၊ အၾကမ္းဖက္ ဆႏၵျပပြဲလို႔ သုံးႏႈန္းတာကို ရပ္တံ့ေရးနဲ႔ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြ ျပန္စတင္ေရးတို႔ကို ေတာင္းဆိုထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up