တပ်မတော်လေယာဉ်တစီး ပြေးလမ်းချော်သဖြင့် ရန်ကုန်လေဆိပ် ယာယီပိတ်ထား
DVB
·
September 5, 2019
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တပ်မတော်လေယာဉ်တစီး လေယာဉ်ပြေးလမ်းချော်လို့ လေဆိပ်ကို ယာယီပိတ်ထားပါတယ်။
ဒီနေ့ စက်တင်ဘာလ ၅ ရက်နေ့ မ်နက် ၁၁း၂၀ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လေယာဉ်ပြေးလမ်းမှာ တပ်မတော်လေယာဉ်တစီပြေးလမ်းချော်မှုဖြစ်ပွားလို့ လေယာဉ်ပြေးလမ်းကို မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အထိ ခေတ္တပိတ်ထားမှာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာလေဆိပ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြေးလမ်းယာယီ ပိတ်ထားစဉ်အတွင်း အဆင်းလေယာဉ်ခရီးစဉ်များနောက်ကျမှုတွေ ဖြစ်ပေါ်နိုင်တယ်။
ခရီးသည်တွေအနေနဲ့ လေယာဉ်ခရီးစဉ်အချိန်ပြောင်းလဲမှု အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းတွေကို တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လေယာဉ်ပြေးလမ်း ပြန်လည်ဖွင့်လှစ်မယ့်အချိန်ကို ထပ်မံကြေညာပေးသွားမယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။