တိုက်စစ်မှူး ဆန်းချက်ဇ် အမေရိကန်မေဂျာလိဂ်တွင် သွားရောက်ကစားရန် ရည်မှန်း

တချိန်မှာ အမေရိကန် မေဂျာလိဂ်ကို သွားရောက်ကစားဖို့ ရည်မှန်းချက်ရှိတယ်လို့ အင်တာမီလန် တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်က ပြောပါတယ်။ အသက်၃၀နှစ်ရှိပြီဖြစ်တဲ့ဆန်းချက်ဇ်ဟာ လက်ရှိအချိန်မှာ မန်ယူအသင်း ကနေ အင်တာမီလန်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက် ကစားနေတာဖြစ်ပါတယ်။ မေဂျာလိဂ်ကလပ်တွေက ကမ်းလှမ်းချက်တွေ အမြဲတမ်းရရှိထားပေမယ့် နောက်ထပ် ၅ နှစ်၊ ၆ နှစ်လောက်အထိ ဥရောပမှာ ကစားနိုင်စွမ်းရှိသေးပြီး တနေ့မှာတော့ သွား ရောက်ကစားဖို့ရှိတယ်လို့ ဆန်းချက်ဇ်က ပြောပါတယ်။ ချီလီအသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေတဲ့ အချိန်မှာ ဆန်းချက်ဇ်က ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဒေးဗစ်ဘက်ခမ်းတည်ထောင် ဖွဲ့စည်းနေတဲ့ မီယာမီအသင်း ကို ပြောင်းရွှေ့ဖို့လည်း ချိတ်ဆက်နေတယ်လို့ ဆန်းချက်ဇ်က ပြောပါတယ်။
တိုက္စစ္မႉး ဆန္းခ်က္ဇ္ အေမရိကန္ေမဂ်ာလိဂ္တြင္ သြားေရာက္ကစားရန္ ရည္မွန္း DVB တခ်ိန္မွာ အေမရိကန္ ေမဂ်ာလိဂ္ကို သြားေရာက္ကစားဖို႔ ရည္မွန္းခ်က္ရွိတယ္လို႔ အင္တာမီလန္ တိုက္စစ္မႉး အလက္ဆစ္ ဆန္းခ်က္ဇ္က ေျပာပါတယ္။ အသက္၃၀ႏွစ္ရွိၿပီျဖစ္တဲ့ဆန္းခ်က္ဇ္ဟာ လက္ရွိအခ်ိန္မွာ မန္ယူအသင္း ကေန အင္တာမီလန္အသင္းဆီကို တစ္ရာသီအငွားစာခ်ဳပ္နဲ႔ သြားေရာက္ ကစားေနတာျဖစ္ပါတယ္။ ေမဂ်ာလိဂ္ကလပ္ေတြက ကမ္းလွမ္းခ်က္ေတြ အၿမဲတမ္းရရွိထားေပမယ့္ ေနာက္ထပ္ ၅ ႏွစ္၊ ၆ ႏွစ္ေလာက္အထိ ဥေရာပမွာ ကစားႏိုင္စြမ္းရွိေသးၿပီး တေန႔မွာေတာ့ သြား ေရာက္ကစားဖို႔ရွိတယ္လို႔ ဆန္းခ်က္ဇ္က ေျပာပါတယ္။ ခ်ီလီအသင္းနဲ႔ ပူးေပါင္းေလ့က်င့္ေနတဲ့ အခ်ိန္မွာ ဆန္းခ်က္ဇ္က ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ၿပီး ေဒးဗစ္ဘက္ခမ္းတည္ေထာင္ ဖြဲ႕စည္းေနတဲ့ မီယာမီအသင္း ကို ေျပာင္းေ႐ႊ႕ဖို႔လည္း ခ်ိတ္ဆက္ေနတယ္လို႔ ဆန္းခ်က္ဇ္က ေျပာပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up