ရုရှားသမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံ

ရုရှားနိုင်ငံ အရှေ့စွန်းက ဗလာဒီဗိုစတော့ခ်မြို့ကို ရောက်လာတဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က စက်တင်ဘာ ၄ ရက်မှာ ကြိုဆိုပါတယ်။ ၂ နိုင်ငံ ခေါင်းဆောင်တွေဟာ အရှေ့ဘက် စီးပွားရေးဖိုရမ်ကိုတက်ဖို့ ဒီမြို့ကို ရောက်နေကြတာပါ။ ပူတင်နဲ့ မိုဒီတို့ဟာ ရေနံ ဓာတ်ငွေ့နဲ့ အာကာသရေးရာ ကိစ္စတွေကို ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။ အဲဒီနောက် ရုရှား သင်္ဘောကျင်းဆီ သွားရောက်လည်ပတ်မှာပါ။ အိန္ဒိယနဲ့ ရုရှားတို့ဟာ အားကောင်း ခိုင်မာတဲ့ သံတမန်ရေး ကာကွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ ရှိထားပါတယ်။ အာရှနဲ့ ဥရောပကြားက သယ်ယူပို့ဆောင်ရေး စင်္ကြန်လမ်း စတင်ရာ ရုရှား အရှေ့စွန်းပိုင်းဟာ ထူးခြားတဲ့ ဘူမိဗေဒ အားသာချက်တွေနဲ့ ထုတ်ယူသုံးစွဲတာ မလုပ်ရသေးတဲ့ စွမ်းအင် အလားအလာတွေ ရှိနေပါတယ်။ The Eastern Economic Forum ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ၊ မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမဒ်နဲ့ မွန်ဂိုလီးယား သမ္မတ ခတ်လ်မာဂင် ဘတ်တူဂါတို့လည်း တက်ရောက်ဖို့ မျှော်လင့်ထားပါတယ်။
႐ုရွားသမၼတႏွင့္ အိႏၵိယဝန္ႀကီးခ်ဳပ္ ေတြ႕ဆုံ DVB ႐ုရွားႏိုင္ငံ အေရွ႕စြန္းက ဗလာဒီဗိုစေတာ့ခ္ၿမိဳ႕ကို ေရာက္လာတဲ့ အိႏၵိယဝန္ႀကီးခ်ဳပ္ နရင္ျဒာ မိုဒီကို ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္က စက္တင္ဘာ ၄ ရက္မွာ ႀကိဳဆိုပါတယ္။ ၂ ႏိုင္ငံ ေခါင္းေဆာင္ေတြဟာ အေရွ႕ဘက္ စီးပြားေရးဖိုရမ္ကိုတက္ဖို႔ ဒီၿမိဳ႕ကို ေရာက္ေနၾကတာပါ။ ပူတင္နဲ႔ မိုဒီတို႔ဟာ ေရနံ ဓာတ္ေငြ႕နဲ႔ အာကာသေရးရာ ကိစၥေတြကို ေဆြးေႏြးဖို႔ ေမွ်ာ္လင့္ထားပါတယ္။ အဲဒီေနာက္ ႐ုရွား သေဘၤာက်င္းဆီ သြားေရာက္လည္ပတ္မွာပါ။ အိႏၵိယနဲ႔ ႐ုရွားတို႔ဟာ အားေကာင္း ခိုင္မာတဲ့ သံတမန္ေရး ကာကြယ္ေရးနဲ႔ စီးပြားေရးဆိုင္ရာ ဆက္ဆံေရးေတြ ရွိထားပါတယ္။ အာရွနဲ႔ ဥေရာပၾကားက သယ္ယူပို႔ေဆာင္ေရး စၾကၤန္လမ္း စတင္ရာ ႐ုရွား အေရွ႕စြန္းပိုင္းဟာ ထူးျခားတဲ့ ဘူမိေဗဒ အားသာခ်က္ေတြနဲ႔ ထုတ္ယူသုံးစြဲတာ မလုပ္ရေသးတဲ့ စြမ္းအင္ အလားအလာေတြ ရွိေနပါတယ္။ The Eastern Economic Forum ကို ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘ၊ မေလးရွား ဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမဒ္နဲ႔ မြန္ဂိုလီးယား သမၼတ ခတ္လ္မာဂင္ ဘတ္တူဂါတို႔လည္း တက္ေရာက္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up