ဒလမြို့သစ်ဖော်ဆောင်ရေး ရန်ကုန်အစိုးရနှင့် ကိုးရီးယားဘဏ် ပူးပေါင်းလုပ်ဆောင်မည်

ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကိုရီးယားဘဏ်တို့ ပူးပေါင်းပြီး ဒလမြို့သစ်ဖော်ဆောင်ဖို့နဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနဲ့အိမ်ရာတွေ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ ရန်ကုန်တိုင်းအစိုးရနဲ့ ကိုရီးယား KB Kookmin Bankတို့က တာဝန်ရှိသူတွေ စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့ Lotteဟိုတယ်မှာ နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ပြောဆို လိုက်တာပါ။ “ကျမတို့အနေနဲ့ Kookmin ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်မှုအောင်မြင်စွာနဲ့ အကောင် အထည် ဖော်နိုင်အောင်လို့ တက်ကြွစွာနဲ့ထောက်ခံပေးပြီးတော့ ရှေ့အနာဂတ် ဒလမြို့သစ်စီမံကိန်း ‌ဖော်ဆောင်မှုအပါအဝင် ရန်ကုန်တိုင်းဒေသကြီးရဲ့မြို့ပြဖော်ဆောင်ရေး၊ အိမ်ရာဖော်ဆောင်ရေးတွေ မှာ Kookmin ဘဏ်နဲ့ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်’’ လို့ ဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ မနေ့က Lotte Hotel မှာ ကျင်းပတဲ့ အခမ်းအနားမှာ ဒလမြို့သစ်စီမံကိန်း အကြိုဆန်းစစ် လေ့လာခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့  Korea Land and Housing Corporation စီအီးအို Mr. Byeon Chang Heum တို့က လက်မှတ်ရေးထိုး ကြပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ KB Kookmin Bank တို့အကြား အိမ်ရာ ငွေကြေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ်ရေးခဲ့ပါတယ်။ အခမ်းအနားမှာ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကိုရီးယားသမ္မတနိုင်ငံ Seoul မြို့နားမှာ စမတ်စီးတီး မြို့သစ်တွေ ဝန်းရံတည်ဆောက်ထားသလို ရန်ကုန်မြို့ ပတ်ဝန်းကျင်မှာလည်း ခေတ်မီမြို့သစ်စီမံကိန်းတွေ ထူထောင်ဆောင်ရွက်သွားဖို့ရှိတဲ့ အကြောင်းနဲ့ ကိုရီးယား-မြန်မာ စက်မှုဇုန် (KMIC)နဲ့ ဒလချစ်ကြည်ရေးတံတားစီမံကိန်းစတင် အကောင်အထည် ဖော်တာနဲ့အတူ ဒလမြို့သစ်စီမံကိန်းအတွက် အကြိုလေ့လာမှုကို ဆောင်ရွက်နိုင်တာ အချိန်အခါ ကောင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ မြန်မာနိုင်ငံက SME ဖွံ့ဖြိုးရေးဘဏ်နဲ့ ကိုရီးယား Industrial Bankတို့ သဘောတူစာချုပ် ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို ကိုရီးယားသမ္မတ မွန်ဂျေအန်း လာရောက်လည်ပတ်တဲ့ခရီးစဉ်အတွင်း ခုလို လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီး လက်မှတ်ရေးထိုးပွဲတွေနဲ့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲတွေကို ကိုရီးယားသမ္မတနဲ့ မြန်မာ ဒုသမ္မတ ဦးမြင့်ဆွေတို့လည်း တက်ရောက်ခဲ့ကြ ပါတယ်။ 
ဒလၿမိဳ႕သစ္ေဖာ္ေဆာင္ေရး ရန္ကုန္အစိုးရႏွင့္ ကိုးရီးယားဘဏ္ ပူးေပါင္းလုပ္ေဆာင္မည္ စိုးမိုးေအာင္ ရန္ကုန္တိုင္းအစိုးရအေနနဲ႔ ကိုရီးယားဘဏ္တို႔ ပူးေပါင္းၿပီး ဒလၿမိဳ႕သစ္ေဖာ္ေဆာင္ဖို႔နဲ႔ ရန္ကုန္တိုင္းေဒသႀကီး ၿမိဳ႕ျပနဲ႔အိမ္ရာေတြ ေဆာင္႐ြက္သြားမယ္လို႔ ရန္ကုန္တိုင္း လွ်ပ္စစ္၊စက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာပါတယ္။ ရန္ကုန္တိုင္းအစိုးရနဲ႔ ကိုရီးယား KB Kookmin Bankတို႔က တာဝန္ရွိသူေတြ စက္တင္ဘာ ၄ ရက္က ရန္ကုန္ၿမိဳ႕ Lotteဟိုတယ္မွာ ႏွစ္ႏိုင္ငံသေဘာတူလက္မွတ္ေရးထိုးခဲ့ၿပီး ေျပာဆို လိုက္တာပါ။ “က်မတို႔အေနနဲ႔ Kookmin ဘဏ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေအာင္ျမင္စြာနဲ႔ အေကာင္ အထည္ ေဖာ္ႏိုင္ေအာင္လို႔ တက္ႂကြစြာနဲ႔ေထာက္ခံေပးၿပီးေတာ့ ေရွ႕အနာဂတ္ ဒလၿမိဳ႕သစ္စီမံကိန္း ‌ေဖာ္ေဆာင္မႈအပါအဝင္ ရန္ကုန္တိုင္းေဒသႀကီးရဲ႕ၿမိဳ႕ျပေဖာ္ေဆာင္ေရး၊ အိမ္ရာေဖာ္ေဆာင္ေရးေတြ မွာ Kookmin ဘဏ္နဲ႔ဆက္လက္ၿပီး ပူးေပါင္းေဆာင္႐ြက္သြားဖို႔ ရည္႐ြယ္ထားပါတယ္’’ လို႔ ဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာပါတယ္။ မေန႔က Lotte Hotel မွာ က်င္းပတဲ့ အခမ္းအနားမွာ ဒလၿမိဳ႕သစ္စီမံကိန္း အႀကိဳဆန္းစစ္ ေလ့လာျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးနဲ႔ Korea Land and Housing Corporation စီအီးအို Mr. Byeon Chang Heum တို႔က လက္မွတ္ေရးထိုး ၾကပါတယ္။ ဒါ့အျပင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕နဲ႔ KB Kookmin Bank တို႔အၾကား အိမ္ရာ ေငြေၾကးက႑ ပူးေပါင္းေဆာင္႐ြက္မႈ နားလည္မႈစာခြၽန္လႊာကိုလည္း လက္မွတ္ေရးခဲ့ပါတယ္။ အခမ္းအနားမွာ ေဆာက္လုပ္ေရး ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ကိုရီးယားသမၼတႏိုင္ငံ Seoul ၿမိဳ႕နားမွာ စမတ္စီးတီး ၿမိဳ႕သစ္ေတြ ဝန္းရံတည္ေဆာက္ထားသလို ရန္ကုန္ၿမိဳ႕ ပတ္ဝန္းက်င္မွာလည္း ေခတ္မီၿမိဳ႕သစ္စီမံကိန္းေတြ ထူေထာင္ေဆာင္႐ြက္သြားဖို႔ရွိတဲ့ အေၾကာင္းနဲ႔ ကိုရီးယား-ျမန္မာ စက္မႈဇုန္ (KMIC)နဲ႔ ဒလခ်စ္ၾကည္ေရးတံတားစီမံကိန္းစတင္ အေကာင္အထည္ ေဖာ္တာနဲ႔အတူ ဒလၿမိဳ႕သစ္စီမံကိန္းအတြက္ အႀကိဳေလ့လာမႈကို ေဆာင္႐ြက္ႏိုင္တာ အခ်ိန္အခါ ေကာင္း ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံက အေသးစားအလတ္စား စီးပြားေရးလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ျမန္မာႏိုင္ငံက SME ဖြံ႕ၿဖိဳးေရးဘဏ္နဲ႔ ကိုရီးယား Industrial Bankတို႔ သေဘာတူစာခ်ဳပ္ ကိုလည္း လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံကို ကိုရီးယားသမၼတ မြန္ေဂ်အန္း လာေရာက္လည္ပတ္တဲ့ခရီးစဥ္အတြင္း ခုလို လက္မွတ္ထိုးခဲ့ၾကတာျဖစ္ၿပီး လက္မွတ္ေရးထိုးပြဲေတြနဲ႔ ႏွစ္ႏိုင္ငံ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ ေဆြးေႏြးပြဲေတြကို ကိုရီးယားသမၼတနဲ႔ ျမန္မာ ဒုသမၼတ ဦးျမင့္ေဆြတို႔လည္း တက္ေရာက္ခဲ့ၾက ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up