A d v e r t i s e m e n t With Us

ကိုလံဘီယာတွင် မြို့တော်ဝန်လောင်းအပါအဝင် ၆ ဦး ပစ်သတ်ခံရ

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း ကောင်ကာခရိုင် ဆွာရက်ဇ်မြို့မှာ မြို့တော်ဝန်လောင်း ကိုယ်စားလှယ် တယောက်ဟာ တခြားလူ ငါးယောက်နဲ့အတူ အသတ်ခံခဲ့ရတယ်။ ဖျက်သိမ်းလိုက်တဲ့ ဖားသူပုန်အုပ်စုထဲက ခွဲထွက်ရေး အဖွဲ့တွေရဲ့ တိုက်ခိုက်မှု ဖြစ်ပုံရတယ်လို့ ကိုလံဘီယာ အစိုးရက စက်တင်ဘာ ၃ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ အောက်တိုဘာလမှာ ကျင်းပမယ့် ဒေသန္တရနဲ့ ဒေသတွင်း ရွေးကောက်ပွဲတွေအတွက် ကိုယ်စားလှယ်လောင်း သတ်ဖြတ်ခံရတာ ပထမဆုံး ဖြစ်ရပ်ပါ။ ထင်ရှားတဲ့ သူပုန်အုပ်စုဝင်ဟောင်း တချို့ကလည်း လက်နက်ပြန်ကိုင်မယ်လို့ ပြောခဲ့ကြပါတယ်။ ဆွာရက်ဇ် မြို့တော်ဝန် နေရာအတွက် လစ်ဘရယ်ပါတီက ကိုယ်စားလှယ် ကာရီနာ ဂါစီယာ စီးနင်းလိုက်ပါလာတဲ့ ကားဟာ တောင်ထူတဲ့နေရာက အဝေးပြေးလမ်းပေါ်မှာ ပစ်ခတ်ခံခဲ့ရပြီး မီးတင်ရှို့ခံခဲ့ရပါတယ်။ အသတ်ခံရတဲ့ တခြားငါးယောက်က ဂါစီယာရဲ့ မိခင်၊ ဒေသခံ တက်ကြွလှုပ်ရှားသူ ၃ ယောက်နဲ့ စည်ပင်ကောင်စီဝင် ကိုယ်စားလှယ် တယောက် ဖြစ်ပါတယ်။ ဒီဒေသဟာ မူးယစ်ဆေး ထုတ်လုပ်မှုနဲ့ ကုန်ကူးမှု လမ်းကြောင်းအတွက် အရေးပါပါတယ်။ ဒါ့အပြင် ဖားသူပုန်တွေနဲ့ အစိုးရတို့ကြား ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချခဲ့တဲ့ သဘောထားကွဲလွဲသူ အုပ်စုတွေ ကျက်စားရာ နေရာလည်း ဖြစ်ပါတယ်။ ဒေသတွင်းအစိုးရနဲ့ သဘောထားကွဲလွဲသူ ခေါင်းဆောင် ၂ ယောက်ကို ဖမ်းမိဖို့ သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၄၄၀၀၀ ဆုငွေပေးမယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အခုတိုက်ခိုက်မှုအတွက် သဘောထားကွဲလွဲသူတွေမှာ တာဝန်ရှိတယ်ဆိုတဲ့ သက်သေအသေးစိတ်ကိုတော့ အစိုးရကရော ဝန်ကြီးဌာနကပါ မပြကြသေးပါဘူး။ တိုက်ခိုက်ရေးသမား အယောက် ၇၀၀၀ အပါအဝင် ဖားသူပုန်အဖွဲ့ဝင် ၁၃၀၀၀ ဟာ ငြိမ်းချမ်းရေး သဘောတူညီချက်အရ လက်နက်ချပြီးသားပါ။ သူတို့အတွက် တရားရေး လွတ်ငြိမ်းချမ်းသာခွင့်၊ ယာယီစီးပွားရေး အထောက်အပံ့နဲ့ တရားဝင်နိုင်ငံရေးပါတီဝင် ဖြစ်လာဖို့ အခွင့်အရေးတွေ ပေးထားပါတယ်။ သူပုန်ဟောင်းတချို့ အသတ်ခံရပြီး စီးပွားရေးအတွက် အစိုးရထောက်ပံ့ငွေတွေ နှောင့်နှေးနေလို့ အစိုးရဘက်ကို ဝေဖန်တာတွေ ရှိပေမယ့် သဘောတူညီချက်ရဲ့ သူပုန်တွေဘက် အပိုင်းကို ဆက်ပြီး ကိုင်စွဲထားတယ်လို့ တိုက်ခိုက်ရေးသမားဟောင်း အများအပြားက ပြောထားပါတယ်။
ကိုလံဘီယာတြင္ ၿမိဳ႕ေတာ္ဝန္ေလာင္းအပါအဝင္ ၆ ဦး ပစ္သတ္ခံရ DVB ကိုလံဘီယာႏိုင္ငံ အေနာက္ေတာင္ပိုင္း ေကာင္ကာခ႐ိုင္ ဆြာရက္ဇ္ၿမိဳ႕မွာ ၿမိဳ႕ေတာ္ဝန္ေလာင္း ကိုယ္စားလွယ္ တေယာက္ဟာ တျခားလူ ငါးေယာက္နဲ႔အတူ အသတ္ခံခဲ့ရတယ္။ ဖ်က္သိမ္းလိုက္တဲ့ ဖားသူပုန္အုပ္စုထဲက ခြဲထြက္ေရး အဖြဲ႕ေတြရဲ႕ တိုက္ခိုက္မႈ ျဖစ္ပုံရတယ္လို႔ ကိုလံဘီယာ အစိုးရက စက္တင္ဘာ ၃ ရက္ေန႔မွာ ေျပာပါတယ္။ ဒါဟာ ေအာက္တိုဘာလမွာ က်င္းပမယ့္ ေဒသႏၲရနဲ႔ ေဒသတြင္း ေ႐ြးေကာက္ပြဲေတြအတြက္ ကိုယ္စားလွယ္ေလာင္း သတ္ျဖတ္ခံရတာ ပထမဆုံး ျဖစ္ရပ္ပါ။ ထင္ရွားတဲ့ သူပုန္အုပ္စုဝင္ေဟာင္း တခ်ိဳ႕ကလည္း လက္နက္ျပန္ကိုင္မယ္လို႔ ေျပာခဲ့ၾကပါတယ္။ ဆြာရက္ဇ္ ၿမိဳ႕ေတာ္ဝန္ ေနရာအတြက္ လစ္ဘရယ္ပါတီက ကိုယ္စားလွယ္ ကာရီနာ ဂါစီယာ စီးနင္းလိုက္ပါလာတဲ့ ကားဟာ ေတာင္ထူတဲ့ေနရာက အေဝးေျပးလမ္းေပၚမွာ ပစ္ခတ္ခံခဲ့ရၿပီး မီးတင္ရႈိ႕ခံခဲ့ရပါတယ္။ အသတ္ခံရတဲ့ တျခားငါးေယာက္က ဂါစီယာရဲ႕ မိခင္၊ ေဒသခံ တက္ႂကြလႈပ္ရွားသူ ၃ ေယာက္နဲ႔ စည္ပင္ေကာင္စီဝင္ ကိုယ္စားလွယ္ တေယာက္ ျဖစ္ပါတယ္။ ဒီေဒသဟာ မူးယစ္ေဆး ထုတ္လုပ္မႈနဲ႔ ကုန္ကူးမႈ လမ္းေၾကာင္းအတြက္ အေရးပါပါတယ္။ ဒါ့အျပင္ ဖားသူပုန္ေတြနဲ႔ အစိုးရတို႔ၾကား ၂၀၁၆ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို ပယ္ခ်ခဲ့တဲ့ သေဘာထားကြဲလြဲသူ အုပ္စုေတြ က်က္စားရာ ေနရာလည္း ျဖစ္ပါတယ္။ ေဒသတြင္းအစိုးရနဲ႔ သေဘာထားကြဲလြဲသူ ေခါင္းေဆာင္ ၂ ေယာက္ကို ဖမ္းမိဖို႔ သတင္းေပးသူကို အေမရိကန္ေဒၚလာ ၄၄၀၀၀ ဆုေငြေပးမယ္လို႔ ကာကြယ္ေရး ဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ ဒါေပမယ့္ အခုတိုက္ခိုက္မႈအတြက္ သေဘာထားကြဲလြဲသူေတြမွာ တာဝန္ရွိတယ္ဆိုတဲ့ သက္ေသအေသးစိတ္ကိုေတာ့ အစိုးရကေရာ ဝန္ႀကီးဌာနကပါ မျပၾကေသးပါဘူး။ တိုက္ခိုက္ေရးသမား အေယာက္ ၇၀၀၀ အပါအဝင္ ဖားသူပုန္အဖြဲ႕ဝင္ ၁၃၀၀၀ ဟာ ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္အရ လက္နက္ခ်ၿပီးသားပါ။ သူတို႔အတြက္ တရားေရး လြတ္ၿငိမ္းခ်မ္းသာခြင့္၊ ယာယီစီးပြားေရး အေထာက္အပံ့နဲ႔ တရားဝင္ႏိုင္ငံေရးပါတီဝင္ ျဖစ္လာဖို႔ အခြင့္အေရးေတြ ေပးထားပါတယ္။ သူပုန္ေဟာင္းတခ်ိဳ႕ အသတ္ခံရၿပီး စီးပြားေရးအတြက္ အစိုးရေထာက္ပံ့ေငြေတြ ေႏွာင့္ေႏွးေနလို႔ အစိုးရဘက္ကို ေဝဖန္တာေတြ ရွိေပမယ့္ သေဘာတူညီခ်က္ရဲ႕ သူပုန္ေတြဘက္ အပိုင္းကို ဆက္ၿပီး ကိုင္စြဲထားတယ္လို႔ တိုက္ခိုက္ေရးသမားေဟာင္း အမ်ားအျပားက ေျပာထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up