ဦးနှောက်သေ မိခင်ထံမှ သမီးမိန်းကလေးကို ခွဲစိတ်မွေးဖွား၊ မိခင်ဖြစ်သူ သေဆုံး

ချက်သမ္မတနိုင်ငံက ဆရာဝန်တွေဟာ ဦးနှောက်သေသွားတာ ၁၁၇ ရက် ကြာပြီဖြစ်တဲ့ မိခင်ဆီကနေ သမီးမိန်းကလေးကို အသက်ရှင်ကျန်းမာလျက် ခွဲစိတ် မွေးထုတ်ပေးလိုက်ပါတယ်။ မွေးလာတဲ့ ကလေးဟာ ၄.၇ ပေါင်ရှိပြီး ကလေးရဲ့မိသားစုက ပံ့ပိုးတာ မဟုတ်ရင် မွေးဖွားမှု အောင်မြင်ဖို့ မလွယ်ဘူးလို့ ဆေးရုံက သားဖွားမီးယပ်ဌာနမှူး ပါဗယ် ဗန်ထရူဘာက ပြောပါတယ်။ ကလေးကို ခုတော့ သူ့အဖေ အဖွားနဲ့ အဒေါ်တို့ က စောင့်ရှောက်နေပါပြီ။ သတိလစ်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ဆိုးရွားတဲ့ လေဖြတ်ဝေဒနာကြောင့် ဧပြီလက ဆေးရုံကို ရဟတ်ယာဉ်နဲ့ အရေးပေါ် ရောက်လာခဲ့တာပါ။ အဲဒီအချိန်က သန္ဓေသားဟာ ၁၅ ပတ်သားပဲ ရှိပါသေးတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ဆေးရုံရောက်ပြီး မကြာခင် ဦးနှောက်သေသွားလို့ ဗိုက်ထဲက ကလေး အသက်ဆက်ရှင်အောင် ဆရာဝန်တွေ မရမက ကြိုးစားရုန်းကန်ခဲ့ကြတာပါ။ ဦးနှောက်သေသွားတဲ့ ကိုယ်ဝန်ဆောင် မိခင်ရဲ့သန္ဓေကို အကြာဆုံး ထိန်းသိမ်းထားပြီး ကလေးမွေးပေးနိုင်တဲ့ စံချိန်သစ် တင်လိုက်နိုင်ပြီလို့ ယုံကြည်ရပါတယ်။ သန္ဓေသား ဆက်ကြီးထွားအောင် ဦးနှောက်သေနေတဲ့ ကိုယ်ဝန်ဆောင်ကို အသက် ရှင်သန်ရေး အထောက်အပံ့တွေပေးထားပြီး သူ့ခြေထောက်တွေကို လမ်းလျှောက်နေသလို ပုံမှန် လှုပ်ရှားပေးခဲ့တယ်လို့ ဆိုပါတယ်။ ၃၄ ပတ်သား သန္ဓေသားကို ကိုယ်ဝန်ဆောင်ရဲ့ ဖခင်နဲ့ တခြား မိသားစုဝင်တွေရှေ့မှာ မွေးပေးခဲ့ပြီးနောက် သားဖွားမိခင်ရဲ့ အသက်ကယ် အထောက်အပံ့တွေကို ဆေးဘက် ဝန်ထမ်းတွေ ဖြုတ်ပေးရင်း ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးခွင့်ပြုခဲ့တယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဦးေႏွာက္ေသ မိခင္ထံမွ သမီးမိန္းကေလးကို ခြဲစိတ္ေမြးဖြား၊ မိခင္ျဖစ္သူ ေသဆုံး DVB ခ်က္သမၼတႏိုင္ငံက ဆရာဝန္ေတြဟာ ဦးေႏွာက္ေသသြားတာ ၁၁၇ ရက္ ၾကာၿပီျဖစ္တဲ့ မိခင္ဆီကေန သမီးမိန္းကေလးကို အသက္ရွင္က်န္းမာလ်က္ ခြဲစိတ္ ေမြးထုတ္ေပးလိုက္ပါတယ္။ ေမြးလာတဲ့ ကေလးဟာ ၄.၇ ေပါင္ရွိၿပီး ကေလးရဲ႕မိသားစုက ပံ့ပိုးတာ မဟုတ္ရင္ ေမြးဖြားမႈ ေအာင္ျမင္ဖို႔ မလြယ္ဘူးလို႔ ေဆး႐ုံက သားဖြားမီးယပ္ဌာနမႉး ပါဗယ္ ဗန္ထ႐ူဘာက ေျပာပါတယ္။ ကေလးကို ခုေတာ့ သူ႔အေဖ အဖြားနဲ႔ အေဒၚတို႔ က ေစာင့္ေရွာက္ေနပါၿပီ။ သတိလစ္ေနတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးဟာ ဆိုး႐ြားတဲ့ ေလျဖတ္ေဝဒနာေၾကာင့္ ဧၿပီလက ေဆး႐ုံကို ရဟတ္ယာဥ္နဲ႔ အေရးေပၚ ေရာက္လာခဲ့တာပါ။ အဲဒီအခ်ိန္က သေႏၶသားဟာ ၁၅ ပတ္သားပဲ ရွိပါေသးတယ္။ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးဟာ ေဆး႐ုံေရာက္ၿပီး မၾကာခင္ ဦးေႏွာက္ေသသြားလို႔ ဗိုက္ထဲက ကေလး အသက္ဆက္ရွင္ေအာင္ ဆရာဝန္ေတြ မရမက ႀကိဳးစား႐ုန္းကန္ခဲ့ၾကတာပါ။ ဦးေႏွာက္ေသသြားတဲ့ ကိုယ္ဝန္ေဆာင္ မိခင္ရဲ႕သေႏၶကို အၾကာဆုံး ထိန္းသိမ္းထားၿပီး ကေလးေမြးေပးႏိုင္တဲ့ စံခ်ိန္သစ္ တင္လိုက္ႏိုင္ၿပီလို႔ ယုံၾကည္ရပါတယ္။ သေႏၶသား ဆက္ႀကီးထြားေအာင္ ဦးေႏွာက္ေသေနတဲ့ ကိုယ္ဝန္ေဆာင္ကို အသက္ ရွင္သန္ေရး အေထာက္အပံ့ေတြေပးထားၿပီး သူ႔ေျခေထာက္ေတြကို လမ္းေလွ်ာက္ေနသလို ပုံမွန္ လႈပ္ရွားေပးခဲ့တယ္လို႔ ဆိုပါတယ္။ ၃၄ ပတ္သား သေႏၶသားကို ကိုယ္ဝန္ေဆာင္ရဲ႕ ဖခင္နဲ႔ တျခား မိသားစုဝင္ေတြေရွ႕မွာ ေမြးေပးခဲ့ၿပီးေနာက္ သားဖြားမိခင္ရဲ႕ အသက္ကယ္ အေထာက္အပံ့ေတြကို ေဆးဘက္ ဝန္ထမ္းေတြ ျဖဳတ္ေပးရင္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေသဆုံးခြင့္ျပဳခဲ့တယ္လို႔ ႐ိုက္တာ သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up