Home
မြန်မာသတင်း
မြန်မာကလေးငယ်များကို ကျောပိုးအိတ်များမျှဝေခဲ့သည့် ဖိလစ်ပိုင်ဂေးမော်ဒယ် Sinon Loresca (ရုပ်သံ)
DVB
·
September 5, 2019
ဖိလစ်ပိုင်နိုင်ငံသား နာမည်ကျော်ဂေးမော်ဒယ် Sinon Loresca က မြန်မာက လေးငယ်တွေကို ကျောပိုးအိတ်တွေ မျှဝေပေးခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ် မှာ ပျံ့နှံ့နေပြီး ချီးကျူးမှုတွေ ရှိနေခဲ့ပါတယ်။ The King Of Catwalk လို့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထင်ရှား တဲ့ Sinon Loresca ဟာ သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ကို လေကြောင်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး Miss Earth Myanmar 2019 အလှမယ်ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်သွားဖို့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ အသက် ၃၁ အရွယ် ရှိနေပြီဖြစ်တဲ့ Sinon Loresca ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့ဇာတိဖြစ်ပြီး ကြံ့ခိုင်တဲ့ ကြွက်သားအမြှောင်းမြှောင်းနဲ့ ခန္ဓာကိုယ်နဲ့ ဒေါက်မြင့်ဖိနပ်ကို  ကျွမ်းကျွမ်းကျင်ကျင် စီးကာ အလှပြ Catwalk လျှောက်နိုင်သူအဖြစ် ထင်ရှားသူ ဖြစ်ပါ တယ်။ သူ့ကိုယ်သူလည်း ဂေးတယောက်အဖြစ် ခံယူထားပြီး မော်ဒယ်လောကမှာပါ ထူး ခြားတဲ့ Catwalk လျှောက်ဟန်နဲ့ အောင်မြင်လာခဲ့တာပါ။ ခုခရီးစဉ်မတိုင်ခင်ကတည်းက သူဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မြန်မာ နိုင်ငံကို လာရောက်မယ့် အကြောင်း၊ စိတ်လှုပ်ရှားနေတဲ့အကြောင်း တင်ထားခဲ့ တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ မြန်မာပြည်တွင်းမှာ အပေါ်ပိုင်း ဗလာကျင်း ခန္ဓာကိုယ်၊ ပုသိမ်ထီးတလက်နဲ့အတူ မြန်မာဝတ်စုံတွေဝတ်ဆင်အလှပြ Catwalk လျှောက်တဲ့ ရုပ်သံ ဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေနဲ့အတူ ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ကလေးတွေကို ကျောင်းကျောပိုးအိတ်တွေ မျှဝေပေးနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို တော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် စက်တင်ဘာလ ၄ ရက်နေ့မှာ မျှဝေထားခဲ့တာ ဖြစ်ပြီး ချစ်စရာကောင်းတဲ့ “School bags for my beautiful children of Myanmar” လို့ ရေးသားဖော်ပြထားခဲ့တာပါ။ အနီရောင်တီရှပ်အင်္ကျီတထည်နဲ့ မြန်မာပုဆိုးကို ဝတ်ဆင်ထားခဲ့ပြီး ကလေးငယ်တွေကို ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်နဲ့ ဆီးကြိုကာ ကျောပိုးအိတ်တွေပေးနေတဲ့ မြင်ကွင်းဟာ ကြည်နူးစရာ ကောင်းနေပြီး ပရိသတ်တွေကတော့ ချီးကျူးမှတ်ချက်တွေ ရေးသားနေကြတာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
ျမန္မာကေလးငယ္မ်ားကို ေက်ာပိုးအိတ္မ်ားမွ်ေဝခဲ့သည့္ ဖိလစ္ပိုင္ေဂးေမာ္ဒယ္ Sinon Loresca (႐ုပ္သံ) (ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ) DVB ဖိလစ္ပိုင္ႏိုင္ငံသား နာမည္ေက်ာ္ေဂးေမာ္ဒယ္ Sinon Loresca က ျမန္မာက ေလးငယ္ေတြကို ေက်ာပိုးအိတ္ေတြ မွ်ေဝေပးခဲ့တဲ့ ႐ုပ္သံဗြီဒီယိုဖိုင္ဟာ အြန္လိုင္းေပၚ မွာ ပ်ံ႕ႏွံ႔ေနၿပီး ခ်ီးက်ဴးမႈေတြ ရွိေနခဲ့ပါတယ္။ The King Of Catwalk လို႔ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ထင္ရွား တဲ့ Sinon Loresca ဟာ ၾသဂုတ္လ ၂၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ကို ေလေၾကာင္းနဲ႔ ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး Miss Earth Myanmar 2019 အလွမယ္ၿပိဳင္ပြဲမွာ ဒိုင္အျဖစ္ ပါဝင္သြားဖို႔ ျမန္မာႏိုင္ငံကို ေရာက္ရွိလာခဲ့တာပါ။ အသက္ ၃၁ အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ Sinon Loresca ဟာ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာ ၿမိဳ႕ဇာတိျဖစ္ၿပီး ႀကံ့ခိုင္တဲ့ ႂကြက္သားအေျမႇာင္းေျမႇာင္းနဲ႔ ခႏၶာကိုယ္နဲ႔ ေဒါက္ျမင့္ဖိနပ္ကို ကြၽမ္းကြၽမ္းက်င္က်င္ စီးကာ အလွျပ Catwalk ေလွ်ာက္ႏိုင္သူအျဖစ္ ထင္ရွားသူ ျဖစ္ပါ တယ္။ သူ႔ကိုယ္သူလည္း ေဂးတေယာက္အျဖစ္ ခံယူထားၿပီး ေမာ္ဒယ္ေလာကမွာပါ ထူး ျခားတဲ့ Catwalk ေလွ်ာက္ဟန္နဲ႔ ေအာင္ျမင္လာခဲ့တာပါ။ ခုခရီးစဥ္မတိုင္ခင္ကတည္းက သူဟာ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွတဆင့္ ျမန္မာ ႏိုင္ငံကို လာေရာက္မယ့္ အေၾကာင္း၊ စိတ္လႈပ္ရွားေနတဲ့အေၾကာင္း တင္ထားခဲ့ တာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူဟာ ျမန္မာျပည္တြင္းမွာ အေပၚပိုင္း ဗလာက်င္း ခႏၶာကိုယ္၊ ပုသိမ္ထီးတလက္နဲ႔အတူ ျမန္မာဝတ္စုံေတြဝတ္ဆင္အလွျပ Catwalk ေလွ်ာက္တဲ့ ႐ုပ္သံ ဗြီဒီယိုဖိုင္ေတြ၊ ဓာတ္ပုံေတြနဲ႔အတူ ပရိသတ္ေတြကို ဖမ္းစားထားႏိုင္ခဲ့ပါတယ္။ ကေလးေတြကို ေက်ာင္းေက်ာပိုးအိတ္ေတြ မွ်ေဝေပးေနတဲ့ ႐ုပ္သံဗြီဒီယိုဖိုင္ကို ေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္ေပၚမွတဆင့္ စက္တင္ဘာလ ၄ ရက္ေန႔မွာ မွ်ေဝထားခဲ့တာ ျဖစ္ၿပီး ခ်စ္စရာေကာင္းတဲ့ “School bags for my beautiful children of Myanmar” လို႔ ေရးသားေဖာ္ျပထားခဲ့တာပါ။ အနီေရာင္တီရွပ္အက်ႌတထည္နဲ႔ ျမန္မာပုဆိုးကို ဝတ္ဆင္ထားခဲ့ၿပီး ကေလးငယ္ေတြကို ရင္းရင္းႏွီးႏွီးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ဆီးႀကိဳကာ ေက်ာပိုးအိတ္ေတြေပးေနတဲ့ ျမင္ကြင္းဟာ ၾကည္ႏူးစရာ ေကာင္းေနၿပီး ပရိသတ္ေတြကေတာ့ ခ်ီးက်ဴးမွတ္ခ်က္ေတြ ေရးသားေနၾကတာကို ေတြ႕ရပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၈ သိန္းေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024