စပါးတိုက်စစ်မှူး လူးကပ်မိုရာကို ဘာစီလိုနာက ကမ်းလှမ်းသော်လည်းပယ်ချခံရ

1.2K
ဘာစီလိုနာအသင်းဟာ စပါးတိုက်စစ်မှူး လူးကပ်မိုရာကို အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့သိရပါတယ်။
ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းမှာ အင်အားတောင့်တင်းစေဖို့အတွက် ဘရာဇီးသား လူးကပ်မိုရာကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
စပိန်သတင်းစာ မန်ဒို ဒီပို့တီဗိ ရဲ့ အဆိုအရ စပါးအသင်းဟာ မိုရာအတွက် ပေါင်၄၅သန်း တောင်းဆိုခဲ့တာကြောင့် ဘာစီလိုနာအသင်းဘက်ကပေးချေဖို့ အဆင်မပြေခဲ့တာလို့သိရပါတယ်။
မိုရာဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အေဂျက်ဇ်အသင်းကို ဟတ်ထရစ်သုံးဂိုး သွင်းခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်အောင်စွမ်းဆောင်နိုင်ခဲ့တာပါ။ အခုနှစ်ပရီးမီးယားလိဂ်မှာလည်း မန်စီးတီးနဲ့ ၂ဂိုး စီသရေကျခဲ့တဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
စပါးတိုက္စစ္မႉး လူးကပ္မိုရာကို ဘာစီလိုနာက ကမ္းလွမ္းေသာ္လည္းပယ္ခ်ခံရ DVB ဘာစီလိုနာအသင္းဟာ စပါးတိုက္စစ္မႉး လူးကပ္မိုရာကို အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရတယ္လို႔သိရပါတယ္။ ဘာစီလိုနာအသင္းဟာ တိုက္စစ္ပိုင္းမွာ အင္အားေတာင့္တင္းေစဖို႔အတြက္ ဘရာဇီးသား လူးကပ္မိုရာကို ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ စပိန္သတင္းစာ မန္ဒို ဒီပို႔တီဗိ ရဲ႕ အဆိုအရ စပါးအသင္းဟာ မိုရာအတြက္ ေပါင္၄၅သန္း ေတာင္းဆိုခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းဘက္ကေပးေခ်ဖို႔ အဆင္မေျပခဲ့တာလို႔သိရပါတယ္။ မိုရာဟာ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ေအဂ်က္ဇ္အသင္းကို ဟတ္ထရစ္သုံးဂိုး သြင္းခဲ့ၿပီး ဗိုလ္လုပြဲတက္ေရာက္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာပါ။ အခုႏွစ္ပရီးမီးယားလိဂ္မွာလည္း မန္စီးတီးနဲ႔ ၂ဂိုး စီသေရက်ခဲ့တဲ့ပြဲစဥ္မွာ တစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။