Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ
DVB
·
September 5, 2019
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင် ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ် ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်‌ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရုံတင် ဝင်ငွေ စံချိန်ချိုးခဲ့တဲ့ နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကား IT ရဲ့ နောက်ဆက်တွဲရုပ်ရှင် ကားတကားဖြစ်တဲ့ IT Chapter Two ! Supernatural Horror အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကို  နာမည်ကြီး Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးကနေ တင်ဆက်လိုက်တာဖြစ်ပြီး အ ရင် IT ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ အာဂျင်တီးနားရုပ်ရှင်ဒါရိုက်တာ Andy Muschietti ကပဲ  ထပ်မံပြီးတော့ ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ အမေရိကန် နာမည်ကြီးစာရေးဆရာ စတီဖင်ကင်းရဲ့ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ IT ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပထမရုပ်ရှင်ကား IT ထဲမှာတော့ Derry မြို့ငယ်လေးကို ရောက်ရှိလာခဲ့တဲ့ ခြောက်ခြားစရာ သွင်ပြင်နဲ့ မိစ္ဆာကောင်ကြီး Pennywise နဲ့ လူငယ်လေးတစုက ရင် ဆိုင်ခဲ့ကြရတာကို ရှုစားခဲ့ကြရတာဖြစ်ပါတယ်။ နောက်ဆက်တွဲရုပ်ရှင် Chapter Two ထဲမှာတော့ အချိန် ၂၇ နှစ်ကြာပြီးနောက်မှာ အဲဒီမြို့ကလေးကို Pennywise ပြန်ရောက် လာသလို သူ့ကို လက်စရှင်းဖို့ အရွယ်ရောက်ခဲ့ပြီဖြစ်တဲ့ Losers' Club က လူငယ်လေး တွေကလည်း မြို့လေးကို ပြန်ရောက်လာကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။  ဘယ် လို သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီး ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသား James McAvoy ပါဝင်လာခဲ့ပြီး သူနဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Jessica Chastain၊ Bill Hader၊ Isaiah Mustafa နဲ့ Jay Ryan တို့ကလည်း အတွဲ ညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ပြ ကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ် တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါ တယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၃၅ သန်းအကုန်အကျခံရိုက်ကူးခဲ့တဲ့ ပထမဆုံး IT ရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ ဝင်ငွေအမေ ရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိခဲ့ပြီး စံချိန်တင်နိုင်ခဲ့တာမို့ ခုနောက်ဆက်တွဲရုပ်ရှင် ကရော စံချိန်ချိုးနိုင်ပါ့မလားဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာတော့ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၃ သန်းကျော် ရှိနေခဲ့ပါ တယ်။ ကြာမြင့်ချိန် မိနစ် ၁၇၀ ရှိတဲ့ ဒီကားကိုတော့ လာမယ့် စက်တင်ဘာလ ၆ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိဝုဒ် ဒရာမာ ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် Ms. Purple ! ဒီရုပ်ရှင်ကားကိုတော့ Electric Panda Entertainment ၊ MACRO ၊ Plan Zero Productions ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေက ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Justin Chon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ မိသားစုဒရာမာ ရုပ်ရှင်ကားတကားအနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲ မှာတော့ မိဘနဲ့ သားသမီး၊ မောင်နှမတွေကြားက ချစ်ခြင်းမေတ္တာတွေကိုပါ အတိုင်း သားပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားခဲ့တာပါ။ Kasie နဲ့ Carey တို့မောင်နှမဟာ L.A က Koreatown မှာ နေထိုင်ကြပြီး မိခင်ဖြစ်သူက စွန့်ပစ်ထားခံခဲ့ရသူတွေ ဖြစ် ကြပါတယ်။ ဆိုးဝါးကြမ်းတမ်းတဲ့ လောကဓံတွေကြားမှာ မတူညီတဲ့ အခက်အခဲတွေနဲ့ ရှင်သန်နေကြရင်း ဖခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာ မောင်နှမတွေ ပြန်ဆုံမိကြတဲ့ အကြောင်းတွေကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Tiffany Chu ၊ Teddy Lee ၊ Octavio Pizano နဲ့ James Kang စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြ တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance International Film Festival မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိ ထားခဲ့ပါတယ်။ နာမည်ကြီးရုပ်ရှင် Review Website တခုဖြစ်တဲ့ Rotten Tomatoes မှာတော့ 100 % Rating ရရှိထားပါတယ်။ ကြာမြင့်ချိန် ၈၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ကြမ်းကြမ်းရမ်းရမ်းပစ် ခတ်တိုက်ခိုက်မှုတွေနဲ့ ဟောလိဝုဒ် Action Crime Drama အမျိုးအစား ရုပ်ရှင်ပရိ သတ်အကြိုက် Killerman ! ဒီရုပ်ရှင်ကားကတော့ Street Thief, Cash Only စတဲ့ ရုပ်ရှင်ကားတွေနဲ့ နာမည် ကြီးတဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Malik Bader က သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Blue Fox Entertainment ကနေ တင် ဆက်လိုက်တာ ဖြစ်ပါတယ်။ နယူးယောက်မြို့က Money Launderer တယောက်ဖြစ်တဲ့ Moe Diamond ဟာ မတော်တဆမှုတခုဖြစ်ခဲ့ပြီး နိုးထလာချိန်မှာတော့ သူ့ဆီမှာ သန်းနဲ့ချီတဲ့ တရားမဝင် ဒေါ်လာတွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ရှိနေခဲ့ပြီး  မှတ်ဉာဏ်တွေပါ ပျောက်ဆုံးနေခဲ့ပါ တယ်။ အဲဒီအချိန်မှာပဲ သူ့ကို ဖြိုခွင်းဖို့အတွက် မသိတဲ့ သူစိမ်းရဲတစုက လိုက်လာခဲ့ ချိန်မှာတော့ အခြေအနေဟာ ပိုပြီး ရှုပ်ထွေးလာခဲ့ပါတယ်။ ဒါဘာကြောင့်ဖြစ်ရတာလဲ။ ဒါဟာ ရဲတွေရဲ့ အကွက်ချ လုပ်ကြံမှုလား၊ အဖြစ်မှန်ကို သိရဖို့ မြို့အနှံ့လိုက်ပြီး ရှာ ဖွေချိန်မှာတော့ ဘယ်လိုအခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတွေကို  ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Liam Hemsworth က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Emory Cohen ၊ Diane Guerrero ၊ Zlatko Buric ၊ Suraj Sharma နဲ့ Nickola Shreli စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယိုမြင်ကွင်း တွေ၊ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘ အုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ် ထားပါတယ်။ The Hunger Games ရုပ်ရှင် Series တွေနဲ့ နာမည်ကြီးတဲ့ သရုပ်ဆောင်မင်း သား Liam Hemsworth ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဒီကားဟာ ရုံမတင်ခင် ကတည်းက ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာပါ။ ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာ အချစ်ဒရာမာရုပ်ရှင်ကားတကားဖြစတဲ့ ခရေ ! ဒီကားကိုတော့ နဂါးမင်း ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မြား စစ်သည်ရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်ပဲ ပုံဖော် ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ အချစ်ဒရာမာဇာတ်လမ်းတပုဒ်အနေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ ငယ်သူငယ်ချင်း ၂ ယောက်ရဲ့ သံယောဇဉ်နှောင်ကြိုးတွေကြား သူတို့တွေ အသက် တွေ ကြီးလာကြချိန်မှာ ရင်ဆိုင်ကြရမယ့် အပြောင်းအလဲတွေ၊ အချိုးအကွေ့ အလှည့် အပြောင်းတွေနဲ့အတူ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ပရိသတ်ကြိုက် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြ တဲ့ မြင့်မြတ်၊ ဆန်းထွဋ်နဲ့ ဝတ်မှုန်ရွှေရည်တို့က ခေါင်းဆောင် ပါဝင်ထားကြပြီး သူတို့နဲ့ အတူ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ခရေရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က ရန် ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို တချိန်ကတော့ ဟိန်းဝေယံ၊ မိုးဟေကိုတို့နဲ့ ခရေပုံပြင်အမည်နဲ့ ဗွီဒီယိုအနေနဲ့ ရိုက်ကူးခဲ့ဖူးတာမို့ ခုရုပ်ရှင်အနေနဲ့ ပုံဖော်ဖန်တီးမှုမှာရော ဘယ်လိုအ ပြောင်းအလဲတွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ် ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ အိန္ဒိယ ရုပ်ရှင် ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် Saaho ! Action Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Sujeeth က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး UV Creations နဲ့ T-Series ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ Baahubali ရုပ်ရှင် ကားတွေနဲ့ ပရိသတ်အားပေးလက်ခံခဲ့တဲ့ သရုပ်ဆောင်မင်းသား Prabhas က ခေါင်း ဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသမီး Shraddha Kapoor ကလည်း အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ မင်းသား Prabhas ကို ရဲအရာရှိတဦးအနေနဲ့ ရှုစားကြရမှာဖြစ်ပြီး ဖခင်ဖြစ်သူ သိပ္ပံပညာရှင်တီထွင်ခဲ့တဲ့ နည်းပညာကို အသုံးချပြီး မူးယစ်မှောင်ခိုဂိုဏ်းတဂိုဏ်းကို နှိမ်နင်းတဲ့ အကြောင်းတွေ ကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ရာထူးအာဏာ ပါဝါကြီးတဲ့ ပုဂ္ဂိုလ်တွေကြား ထင်မှတ်မ ထားတဲ့ လှည့်ကွက်တွေနဲ့ ဉာဏ်ရည်ပါဝါ ပြိုင်ဆိုင်မှုတွေကိုပါ ပညာသားပါပါ ရိုက်ကူး ထားတာမို့ ဘယ်သူက မုဆိုး၊ ဘယ်သူက သားကောင်ဆိုတာ မသိနိုင်ပဲ အပစ်အခတ် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ရင်တမမနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ NR အဆင့်သတ်မှတ်ထားတာဖြစ်ပြီး IMDb မှာ Rating 6 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာတော့ လတ်တလောအ ချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၇၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အိန္ဒိယနိုင်ငံမှာ သြဂုတ်လ ၃၀ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသနေပြီး နာမည်ကြီးနေခဲ့တာမို့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
႐ုပ္ရွင္ဝါသနာအိုးတို႔အတြက္ ဘယ္႐ုံမွာ ဘာကားေတြျပေနသလဲ DVB အပတ္စဥ္ပုံမွန္တင္ဆက္ေနက်ျဖစ္တဲ့ Movie Crazy အစီအစဥ္ကေန ျမန္မာႏိုင္ ငံနဲ႔ ႏိုင္ငံတကာမွာ ႐ုံတင္ျပသေတာ့မယ့္၊ ႐ုံတင္ျပသေနဆဲျဖစ္တဲ့ ေကာင္းႏိုးရာရာ ႐ုပ္ ရွင္ဇာတ္ကားေတြ အေၾကာင္းကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။ မူဗီခေရဇီေတြကို ပထမဆုံး မိတ္ဆက္‌ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ႐ုံတင္ ဝင္ေငြ စံခ်ိန္ခ်ိဳးခဲ့တဲ့ နာမည္ႀကီး ေဟာလိဝုဒ္႐ုပ္ရွင္ကား IT ရဲ႕ ေနာက္ဆက္တြဲ႐ုပ္ရွင္ ကားတကားျဖစ္တဲ့ IT Chapter Two ! Supernatural Horror အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကို  နာမည္ႀကီး Warner Bros. ႐ုပ္ရွင္ထုတ္လုပ္ေရးကေန တင္ဆက္လိုက္တာျဖစ္ၿပီး အ ရင္ IT ႐ုပ္ရွင္ကားကို ႐ိုက္ကူးခဲ့တဲ့ အာဂ်င္တီးနား႐ုပ္ရွင္ဒါ႐ိုက္တာ Andy Muschietti ကပဲ  ထပ္မံၿပီးေတာ့ ပုံေဖာ္႐ိုက္ကူးေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားဟာ အေမရိကန္ နာမည္ႀကီးစာေရးဆရာ စတီဖင္ကင္းရဲ႕ ၁၉၈၆ ခုႏွစ္က ထြက္ရွိခဲ့တဲ့ IT ဝတၳဳကို အေျခခံၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ပထမ႐ုပ္ရွင္ကား IT ထဲမွာေတာ့ Derry ၿမိဳ႕ငယ္ေလးကို ေရာက္ရွိလာခဲ့တဲ့ ေျခာက္ျခားစရာ သြင္ျပင္နဲ႔ မိစာၦေကာင္ႀကီး Pennywise နဲ႔ လူငယ္ေလးတစုက ရင္ ဆိုင္ခဲ့ၾကရတာကို ရႈစားခဲ့ၾကရတာျဖစ္ပါတယ္။ ေနာက္ဆက္တြဲ႐ုပ္ရွင္ Chapter Two ထဲမွာေတာ့ အခ်ိန္ ၂၇ ႏွစ္ၾကာၿပီးေနာက္မွာ အဲဒီၿမိဳ႕ကေလးကို Pennywise ျပန္ေရာက္ လာသလို သူ႔ကို လက္စရွင္းဖို႔ အ႐ြယ္ေရာက္ခဲ့ၿပီျဖစ္တဲ့ Losers' Club က လူငယ္ေလး ေတြကလည္း ၿမိဳ႕ေလးကို ျပန္ေရာက္လာၾကတဲ့အခါ ဘာေတြဆက္ျဖစ္လာမလဲ။  ဘယ္ လို ေသြးပ်က္ထိတ္လန႔္စရာေကာင္းတဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ဖန္တီး ထားမလဲဆိုတာကိုေတာ့ မၾကာခင္မွာပဲ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ နာမည္ႀကီး ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသား James McAvoy ပါဝင္လာခဲ့ၿပီး သူနဲ႔အတူ တျခားသ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ Jessica Chastain၊ Bill Hader၊ Isaiah Mustafa နဲ႔ Jay Ryan တို႔ကလည္း အတြဲ ညီညီ ပါဝင္ထားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ ေသြးပ်က္ထိတ္လန႔္စရာ ျမင္ကြင္းေတြ၊ ျပ ကြင္းျပကြက္ေတြနဲ႔ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါ တယ္။ ဘတ္ဂ်တ္ အေမရိကန္ေဒၚလာ ၃၅ သန္းအကုန္အက်ခံ႐ိုက္ကူးခဲ့တဲ့ ပထမဆုံး IT ႐ုပ္ရွင္ကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာ ႐ုံတင္ျပသခဲ့ၿပီး Box Office မွာ ဝင္ေငြအေမ ရိကန္ေဒၚလာ သန္း ၇၀၀ ေက်ာ္ရရွိခဲ့ၿပီး စံခ်ိန္တင္ႏိုင္ခဲ့တာမို႔ ခုေနာက္ဆက္တြဲ႐ုပ္ရွင္ ကေရာ စံခ်ိန္ခ်ိဳးႏိုင္ပါ့မလားဆိုတာကို ပရိသတ္ေတြက စိတ္ဝင္စားေနၾကပါတယ္။ ဒီ႐ုပ္ရွင္ကား Trailer ဟာ ယူက်ဳဘ္ေပၚမွာေတာ့ လတ္တေလာအခ်ိန္ထိ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂၃ သန္းေက်ာ္ ရွိေနခဲ့ပါ တယ္။ ၾကာျမင့္ခ်ိန္ မိနစ္ ၁၇၀ ရွိတဲ့ ဒီကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၆ ရက္ ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ထပ္ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ေဟာလိဝုဒ္ ဒရာမာ ႐ုပ္ရွင္ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကမယ့္ Ms. Purple ! ဒီ႐ုပ္ရွင္ကားကိုေတာ့ Electric Panda Entertainment ၊ MACRO ၊ Plan Zero Productions ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီေတြက ပူးေပါင္းတင္ဆက္လိုက္တာျဖစ္ၿပီး ဒါ႐ိုက္တာ Justin Chon က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ မိသားစုဒရာမာ ႐ုပ္ရွင္ကားတကားအေနနဲ႔ ဖန္တီးပုံေဖာ္ထားတဲ့ ဒီ႐ုပ္ရွင္ကားထဲ မွာေတာ့ မိဘနဲ႔ သားသမီး၊ ေမာင္ႏွမေတြၾကားက ခ်စ္ျခင္းေမတၱာေတြကိုပါ အတိုင္း သားေပၚလြင္ေအာင္ ႐ိုက္ကူးတင္ဆက္ထားခဲ့တာပါ။ Kasie နဲ႔ Carey တို႔ေမာင္ႏွမဟာ L.A က Koreatown မွာ ေနထိုင္ၾကၿပီး မိခင္ျဖစ္သူက စြန႔္ပစ္ထားခံခဲ့ရသူေတြ ျဖစ္ ၾကပါတယ္။ ဆိုးဝါးၾကမ္းတမ္းတဲ့ ေလာကဓံေတြၾကားမွာ မတူညီတဲ့ အခက္အခဲေတြနဲ႔ ရွင္သန္ေနၾကရင္း ဖခင္ျဖစ္သူရဲ႕ ေနာက္ဆုံးအခ်ိန္မွာ ေမာင္ႏွမေတြ ျပန္ဆုံမိၾကတဲ့ အေၾကာင္းေတြကို ဒီကားထဲမွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ Tiffany Chu ၊ Teddy Lee ၊ Octavio Pizano နဲ႔ James Kang စတဲ့ သ႐ုပ္ေဆာင္ေတြ ပါဝင္ထားၾက တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားကို နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Sundance International Film Festival မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလက ကနဦးျပသခဲ့ၿပီး ခ်ီးက်ဴးမႈေတြလည္း ရရွိ ထားခဲ့ပါတယ္။ နာမည္ႀကီး႐ုပ္ရွင္ Review Website တခုျဖစ္တဲ့ Rotten Tomatoes မွာေတာ့ 100 % Rating ရရွိထားပါတယ္။ ၾကာျမင့္ခ်ိန္ ၈၇ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၆ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ထပ္ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ၾကမ္းၾကမ္းရမ္းရမ္းပစ္ ခတ္တိုက္ခိုက္မႈေတြနဲ႔ ေဟာလိဝုဒ္ Action Crime Drama အမ်ိဳးအစား ႐ုပ္ရွင္ပရိ သတ္အႀကိဳက္ Killerman ! ဒီ႐ုပ္ရွင္ကားကေတာ့ Street Thief, Cash Only စတဲ့ ႐ုပ္ရွင္ကားေတြနဲ႔ နာမည္ ႀကီးတဲ့ ေဟာလိဝုဒ္႐ုပ္ရွင္ဒါ႐ိုက္တာ Malik Bader က သူကိုယ္တိုင္ ဇာတ္ၫႊန္းခြဲၿပီး ကိုယ္တိုင္ပဲ ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ၿပီး Blue Fox Entertainment ကေန တင္ ဆက္လိုက္တာ ျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕က Money Launderer တေယာက္ျဖစ္တဲ့ Moe Diamond ဟာ မေတာ္တဆမႈတခုျဖစ္ခဲ့ၿပီး ႏိုးထလာခ်ိန္မွာေတာ့ သူ႔ဆီမွာ သန္းနဲ႔ခ်ီတဲ့ တရားမဝင္ ေဒၚလာေတြ၊ မူးယစ္ေဆးဝါးေတြနဲ႔အတူ ရွိေနခဲ့ၿပီး  မွတ္ဉာဏ္ေတြပါ ေပ်ာက္ဆုံးေနခဲ့ပါ တယ္။ အဲဒီအခ်ိန္မွာပဲ သူ႔ကို ၿဖိဳခြင္းဖို႔အတြက္ မသိတဲ့ သူစိမ္းရဲတစုက လိုက္လာခဲ့ ခ်ိန္မွာေတာ့ အေျခအေနဟာ ပိုၿပီး ရႈပ္ေထြးလာခဲ့ပါတယ္။ ဒါဘာေၾကာင့္ျဖစ္ရတာလဲ။ ဒါဟာ ရဲေတြရဲ႕ အကြက္ခ် လုပ္ႀကံမႈလား၊ အျဖစ္မွန္ကို သိရဖို႔ ၿမိဳ႕အႏွံ႔လိုက္ၿပီး ရွာ ေဖြခ်ိန္မွာေတာ့ ဘယ္လိုအခက္အခဲေတြ၊ အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ရမလဲဆိုတာေတြကို  ပရိသတ္ေတြက ဒီကားထဲမွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ နာမည္ႀကီး ေဟာလိဝုဒ္သ႐ုပ္ေဆာင္မင္းသား Liam Hemsworth က ေခါင္းေဆာင္ပါဝင္ထားၿပီး တျခားသ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ Emory Cohen ၊ Diane Guerrero ၊ Zlatko Buric ၊ Suraj Sharma နဲ႔ Nickola Shreli စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ တိုက္ခိုက္မႈေတြ၊ ေသြးထြက္သံယိုျမင္ကြင္း ေတြ၊ ဇာတ္ဝင္ခန္းျမင္ကြင္းေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘ အုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ ထားပါတယ္။ The Hunger Games ႐ုပ္ရွင္ Series ေတြနဲ႔ နာမည္ႀကီးတဲ့ သ႐ုပ္ေဆာင္မင္း သား Liam Hemsworth ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ ဒီကားဟာ ႐ုံမတင္ခင္ ကတည္းက ပရိသတ္ေတြၾကားမွာေတာ့ ေရပန္းစားေနခဲ့တာပါ။ ၾကာျမင့္ခ်ိန္ ၁၁၂ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ အေမရိကန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၃၀ ရက္ေန႔ကတည္းက ႐ုံတင္ျပသေနတာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ဒီတခါ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ျမန္မာ အခ်စ္ဒရာမာ႐ုပ္ရွင္ကားတကားျဖစတဲ့ ခေရ ! ဒီကားကိုေတာ့ နဂါးမင္း ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး ျမား စစ္သည္ရဲ႕ ဝတၳဳကို ဒါ႐ိုက္တာ ဝိုင္းက ကိုယ္တိုင္ဇာတ္ၫႊန္းခြဲၿပီး ကိုယ္တိုင္ပဲ ပုံေဖာ္ ႐ိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။ အခ်စ္ဒရာမာဇာတ္လမ္းတပုဒ္အေနနဲ႔ ပုံေဖာ္႐ိုက္ကူးထားတဲ့ ဒီကားထဲမွာေတာ့ ငယ္သူငယ္ခ်င္း ၂ ေယာက္ရဲ႕ သံေယာဇဥ္ေႏွာင္ႀကိဳးေတြၾကား သူတို႔ေတြ အသက္ ေတြ ႀကီးလာၾကခ်ိန္မွာ ရင္ဆိုင္ၾကရမယ့္ အေျပာင္းအလဲေတြ၊ အခ်ိဳးအေကြ႕ အလွည့္ အေျပာင္းေတြနဲ႔အတူ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ပရိသတ္ႀကိဳက္ သ႐ုပ္ေဆာင္ မင္းသားမင္းသမီးေတြ ျဖစ္ၾက တဲ့ ျမင့္ျမတ္၊ ဆန္းထြဋ္နဲ႔ ဝတ္မႈန္ေ႐ႊရည္တို႔က ေခါင္းေဆာင္ ပါဝင္ထားၾကၿပီး သူတို႔နဲ႔ အတူ တျခားသ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီး ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ခေရ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၁ ရက္ေန႔က ရန္ ကုန္ၿမိဳ႕၊ သမၼတ ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားကို တခ်ိန္ကေတာ့ ဟိန္းေဝယံ၊ မိုးေဟကိုတို႔နဲ႔ ခေရပုံျပင္အမည္နဲ႔ ဗြီဒီယိုအေနနဲ႔ ႐ိုက္ကူးခဲ့ဖူးတာမို႔ ခု႐ုပ္ရွင္အေနနဲ႔ ပုံေဖာ္ဖန္တီးမႈမွာေရာ ဘယ္လိုအ ေျပာင္းအလဲေတြနဲ႔ ႐ိုက္ကူးထားမလဲဆိုတာကိုေတာ့ မၾကာခင္မွာ ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၅ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ ပါတယ္။ မူဗီခေရဇီေတြကို ေနာက္ဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ အိႏၵိယ ႐ုပ္ရွင္ ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကမယ့္ Saaho ! Action Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ အိႏၵိယ႐ုပ္ရွင္ဒါ႐ိုက္တာ Sujeeth က ႐ိုက္ကူးပုံေဖာ္ေပးထားတာျဖစ္ၿပီး UV Creations နဲ႔ T-Series ႐ုပ္ရွင္ထုတ္လုပ္ေရးတို႔ ပူးေပါင္းတင္ဆက္လိုက္တာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ျမန္မာပရိသတ္ေတြ ရင္းႏွီးၾကၿပီးျဖစ္တဲ့ Baahubali ႐ုပ္ရွင္ ကားေတြနဲ႔ ပရိသတ္အားေပးလက္ခံခဲ့တဲ့ သ႐ုပ္ေဆာင္မင္းသား Prabhas က ေခါင္း ေဆာင္ပါဝင္ထားၿပီး သူနဲ႔အတူ သ႐ုပ္ေဆာင္မင္းသမီး Shraddha Kapoor ကလည္း အတြဲညီညီ ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ မင္းသား Prabhas ကို ရဲအရာရွိတဦးအေနနဲ႔ ရႈစားၾကရမွာျဖစ္ၿပီး ဖခင္ျဖစ္သူ သိပၸံပညာရွင္တီထြင္ခဲ့တဲ့ နည္းပညာကို အသုံးခ်ၿပီး မူးယစ္ေမွာင္ခိုဂိုဏ္းတဂိုဏ္းကို ႏွိမ္နင္းတဲ့ အေၾကာင္းေတြ ကို ရႈစားၾကရမွာ ျဖစ္ပါတယ္။ ရာထူးအာဏာ ပါဝါႀကီးတဲ့ ပုဂၢိဳလ္ေတြၾကား ထင္မွတ္မ ထားတဲ့ လွည့္ကြက္ေတြနဲ႔ ဉာဏ္ရည္ပါဝါ ၿပိဳင္ဆိုင္မႈေတြကိုပါ ပညာသားပါပါ ႐ိုက္ကူး ထားတာမို႔ ဘယ္သူက မုဆိုး၊ ဘယ္သူက သားေကာင္ဆိုတာ မသိႏိုင္ပဲ အပစ္အခတ္ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔အတူ ရင္တမမနဲ႔ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားကိုေတာ့ NR အဆင့္သတ္မွတ္ထားတာျဖစ္ၿပီး IMDb မွာ Rating 6 အထိ ရရွိထားတဲ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ယူက်ဳဘ္ေပၚမွာေတာ့ လတ္တေလာအ ခ်ိန္ထိ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ မိနစ္ ၁၇၀ ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ အိႏၵိယႏိုင္ငံမွာ ၾသဂုတ္လ ၃၀ ရက္ေန႔မွာ စတင္ၿပီး ႐ုံတင္ျပသေနၿပီး နာမည္ႀကီးေနခဲ့တာမို႔ ပရိသတ္ေတြအတြက္ တင္ဆက္ေပးလိုက္ပါတယ္။ Movie Crazy-DVB အစီအစဥ္ကို အပတ္စဥ္ ဗုဒၶဟူးေန႔ ညတိုင္း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီေတြမွာ DVB TV channel ကေန ပုံမွန္တင္ဆက္ေပးေနတာျဖစ္ၿပီး မ ၾကည့္ရႈလိုက္ရသူေတြအတြက္ ၾကာသပေတးေန႔မနက္ ၉.၁၅ နာရီ၊ ေန႔လည္ ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ ေသာၾကာေန႔ ေန႔လည္ ၂.၄၅ နာရီ၊ စေနေန႔ မနက္ ၁၁.၄၅ နာရီနဲ႔ တ နလၤာေန႔မနက္ ၉.၄၅ နာရီတို႔မွာ ျပန္လည္ ထုတ္လႊင့္ျပသေပးေနတာ ျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ Movie Crazy ေတြအတြက္ ႏိုင္ငံတကာနဲ႔ ျမန္မာ႐ုပ္ရွင္ကား ေတြ အေၾကာင္းကို ေကာင္းႏိုးရာရာ ေ႐ြးခ်ယ္တင္ဆက္ေပးေနတာျဖစ္ၿပီး Movie Crazy-DVB ဆိုတဲ့ Facebook စာမ်က္ႏွာကေနတဆင့္လည္း Like, Share နဲ႔ Comment ေတြေပးၿပီး ေတာ့ အားေပးႏိုင္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024