Home
မြန်မာသတင်း
ဘဏ်များနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများအပေါ် စိတ်မပူရန် လွှတ်တော် ကော်မတီပြော  
နေဖြိုးဝင်း
·
September 4, 2019
ဘဏ်တွေနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ပြည်သူတွေ စိတ်မပူဖို့ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။  လတ်တလော သတင်းတွေဖြစ်ပေါ်နေတဲ့ ဘဏ်ချေးငွေပြန်မဆပ်တဲ့အပေါ် အရေးယူမယ့်ကိစ္စ၊  နိုင်ငံခြားချေး ငွေစီမံခန့်ခွဲရေးဥပဒေကိစ္စနဲ့ ပြည်တွင်းရွှေစျေး အတက်အကျဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ သိလိုတဲ့အတွက် ဗဟိုဘဏ်တာဝန်ရှိသူတွေကို မနေ့က သွားရောက်တွေ့ဆုံ မေးမြန်းတာမှာ အခုလို ဖြေကြားလိုက်တာလို့ ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။ "ပုဂ္ဂလိကဘဏ်တွေရဲ့ချေးငွေနဲ့ပတ်သက်ပြီး ချေးငွေပြန်မဆပ်တဲ့သူတွေကို သူတို့ဘက်က နေ ချေးထားတဲ့သူတွေကို အရေးယူမယ်လို့ ဖြစ်နေတဲ့ကိစ္စမှာ ဒီဟာကို ဗဟိုဘဏ်က ဘယ်လိုဆောင်ရွက်လည်း မေးတဲ့အခါမှာ အကုန်လုံးခြုံပြီး ပြောရင်တော့ စိတ်ပူစရာမရှိပါဘူး၊ ဒါတွေက အပြင်ဘက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေဖြစ်ပါတယ်။ အဲတော့ ပြည်သူလူထု တွေရဲ့ ကြားထဲမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအပေါ်မှာ ထင်ယောင်ထင်မှားဖြစ်နေတဲ့ကိစ္စပဲဖြစ်တယ်။ အဲတော့ ဗဟိုဘဏ်ဘက်ကလည်း ဒါကိုထိန်းကျောင်းတည့်မတ်နေတယ်။ အဲကြောင့်မို့လို့ ပြည်သူလူထုတွေ အပြင်မှာဖြစ်နေတဲ့ သတင်းတွေအရ၊ နောက်တခါ ပြည်သူလူထုတွေ စိုးရိမ်ပူပန်မှုတွေ၊ နောက် ပြည်သူလူထုတွေကြားနေရတာတွေဟာ မဖြစ်နိုင်ပါဘူး။ အဲတော့ ဗဟိုဘဏ်အနေနဲ့ အများကြီးထိန်းကျောင်းနေပြီး ပြည်သူလူထုတွေ စိတ်ချမ်းချမ်းသာသာနဲ့ နေ ပါ၊ သူတို့ဘက်နေပြီးတော့ ပြောစရာရှိရင် ကြေညာစရာရှိရင် အသိပေးစရာရှိရင် ဗဟိုဘဏ်ကနေ ကြပ်ကြပ်မတ်မတ်နဲ့ ဆောင်ရွက်ပါမယ်လို့ ပြောတယ်"  အခု ကော်မတီနဲ့ ဗဟိုဘဏ်တို့ တွေ့ဆုံတာမှာ လက်ရှိ နုတ်ထွက်စာတင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဒုဥက္ကဋ္ဌ ဦးစိုးသိန်းအပါအဝင် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တွေနဲ့ တာဝန်ရှိသူတွေ ပါဝင်တယ်လို့ ပြောပါတယ်။  ဗဟိုဘဏ်အနေနဲ့ လက်ရှိဘဏ်လုပ်ငန်းတွေနဲ့ လုပ်ငန်းရှင်တွေကြား ညှိနှိုင်းဆောင်ရွက်သွား မှာဖြစ်သလို ဘဏ်တွေရဲ့ နောက်ဆုံးအားထားရာ(Lender of Last Resort) အဖြစ် ဘဏ်တွေရဲ့ လိုအပ်ချက်ရှိခဲ့ပါက ပြည့်ဝစွာ ကူညီထောက်ပံ့ သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့ ဘဏ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မရှိကြဖို့ ထုတ်ပြန်ထားပါတယ်။
ဘဏ္မ်ားႏွင့္ပတ္သက္၍ ထြက္ေပၚေနသည့္ သတင္းမ်ားအေပၚ စိတ္မပူရန္ လႊတ္ေတာ္ ေကာ္မတီေျပာ ေနၿဖိဳးဝင္း ဘဏ္ေတြနဲ႔ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ သတင္းေတြအေပၚ ျပည္သူေတြ စိတ္မပူဖို႔ ျပည္သူ႔လႊတ္ေတာ္ ဘဏ္မ်ားႏွင့္ ေငြေၾကးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ ဥကၠ႒က ေျပာပါတယ္။ လတ္တေလာ သတင္းေတြျဖစ္ေပၚေနတဲ့ ဘဏ္ေခ်းေငြျပန္မဆပ္တဲ့အေပၚ အေရးယူမယ့္ကိစၥ၊ ႏိုင္ငံျခားေခ်း ေငြစီမံခန႔္ခြဲေရးဥပေဒကိစၥနဲ႔ ျပည္တြင္းေ႐ႊေစ်း အတက္အက်ျဖစ္ေပၚေနတဲ့ ကိစၥေတြနဲ႔ပတ္သက္လို႔ သိလိုတဲ့အတြက္ ဗဟိုဘဏ္တာဝန္ရွိသူေတြကို မေန႔က သြားေရာက္ေတြ႕ဆုံ ေမးျမန္းတာမွာ အခုလို ေျဖၾကားလိုက္တာလို႔ ေကာ္မတီဥကၠ႒ ေဒၚခင္စန္းလႈိင္က ေျပာပါတယ္။ "ပုဂၢလိကဘဏ္ေတြရဲ႕ေခ်းေငြနဲ႔ပတ္သက္ၿပီး ေခ်းေငြျပန္မဆပ္တဲ့သူေတြကို သူတို႔ဘက္က ေန ေခ်းထားတဲ့သူေတြကို အေရးယူမယ္လို႔ ျဖစ္ေနတဲ့ကိစၥမွာ ဒီဟာကို ဗဟိုဘဏ္က ဘယ္လိုေဆာင္႐ြက္လည္း ေမးတဲ့အခါမွာ အကုန္လုံးၿခဳံၿပီး ေျပာရင္ေတာ့ စိတ္ပူစရာမရွိပါဘူး၊ ဒါေတြက အျပင္ဘက္မွာ ထြက္ေပၚေနတဲ့ သတင္းေတြျဖစ္ပါတယ္။ အဲေတာ့ ျပည္သူလူထု ေတြရဲ႕ ၾကားထဲမွာ ထြက္ေပၚလာတဲ့ သတင္းေတြအေပၚမွာ ထင္ေယာင္ထင္မွားျဖစ္ေနတဲ့ကိစၥပဲျဖစ္တယ္။ အဲေတာ့ ဗဟိုဘဏ္ဘက္ကလည္း ဒါကိုထိန္းေက်ာင္းတည့္မတ္ေနတယ္။ အဲေၾကာင့္မို႔လို႔ ျပည္သူလူထုေတြ အျပင္မွာျဖစ္ေနတဲ့ သတင္းေတြအရ၊ ေနာက္တခါ ျပည္သူလူထုေတြ စိုးရိမ္ပူပန္မႈေတြ၊ ေနာက္ ျပည္သူလူထုေတြၾကားေနရတာေတြဟာ မျဖစ္ႏိုင္ပါဘူး။ အဲေတာ့ ဗဟိုဘဏ္အေနနဲ႔ အမ်ားႀကီးထိန္းေက်ာင္းေနၿပီး ျပည္သူလူထုေတြ စိတ္ခ်မ္းခ်မ္းသာသာနဲ႔ ေန ပါ၊ သူတို႔ဘက္ေနၿပီးေတာ့ ေျပာစရာရွိရင္ ေၾကညာစရာရွိရင္ အသိေပးစရာရွိရင္ ဗဟိုဘဏ္ကေန ၾကပ္ၾကပ္မတ္မတ္နဲ႔ ေဆာင္႐ြက္ပါမယ္လို႔ ေျပာတယ္" အခု ေကာ္မတီနဲ႔ ဗဟိုဘဏ္တို႔ ေတြ႕ဆုံတာမွာ လက္ရွိ ႏုတ္ထြက္စာတင္ထားတယ္လို႔ သတင္းေတြထြက္ေပၚေနတဲ့ ဒုဥကၠ႒ ဦးစိုးသိန္းအပါအဝင္ ဗဟိုဘဏ္ ဥကၠ႒၊ ဒုဥကၠ႒ ေတြနဲ႔ တာဝန္ရွိသူေတြ ပါဝင္တယ္လို႔ ေျပာပါတယ္။ ဗဟိုဘဏ္အေနနဲ႔ လက္ရွိဘဏ္လုပ္ငန္းေတြနဲ႔ လုပ္ငန္းရွင္ေတြၾကား ညႇိႏႈိင္းေဆာင္႐ြက္သြား မွာျဖစ္သလို ဘဏ္ေတြရဲ႕ ေနာက္ဆုံးအားထားရာ(Lender of Last Resort) အျဖစ္ ဘဏ္ေတြရဲ႕ လိုအပ္ခ်က္ရွိခဲ့ပါက ျပည့္ဝစြာ ကူညီေထာက္ပံ့ သြားမွာျဖစ္တဲ့အတြက္ ျပည္သူေတြ အေနနဲ႔ ဘဏ္လုပ္ငန္းေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈ မရွိၾကဖို႔ ထုတ္ျပန္ထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024