A d v e r t i s e m e n t With Us

နေမာနှင့် ပေါ့ဘာတို့အကြောင်း  ရီးရဲလ်အသင်းသားများ အဝတ်လဲခန်းတွင်ပြော  

နေမာနဲ့ ပေါ့ဘာတို့ ရောက်ရှိလာနိုင်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး အဝတ်လဲခန်းထဲမှာ ပြောကြားခဲ့တယ်လို့ ရီးရဲလ်နောက်ခံလူ ကာဗာဟယ်က ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာနဲ့ မန်ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာတို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကစားသမားတွေကတော့ အသင်းရဲ့ အဝတ်လဲခန်းထဲမှာ နေမာနဲ့ ပေါ့ဘာတို့ကိုအကြောင်းနဲ့ ပတ်သက်ပြီး အချင်းချင်းကြားမှာ မေးမြန်းစုံစမ်းမှုတွေ ရှိခဲ့ကြတယ်လို့ ကာဗာဟယ်က ပြောပါတယ်။ သတင်းတွေ အမျိုးမျိုးထွက်နေတာကြောင့် ဘရာဇီး ကစားသမားတွေကို နေမာ တကယ် ပြောင်းရွှေ့လာမလား မေးမြန်းခဲ့ပေမယ့် သူတို့လည်း သိရှိခြင်းမရှိဘူးလို့ ကာဗာဟယ်က ပြောပါတယ်။  နေမာဟာ ထိပ်တန်းစာရင်းဝင် ကစားသမားဖြစ်လို့ အသင်းတိုင်းက ကြိုဆိုမယ့် ကစားသမားဖြစ်ပြီး ပေါ့ဘာဟာလည်း အဲဒီလို ကစားသမားဖြစ်ကြောင်း အဆုံးသတ်မှာတော့ ဘယ်သူမှ ရောက်မလာခဲ့ကြကြောင်း ကာဗာဟယ်က ဆိုပါတယ်။ ဒါပေမဲ့လည်း အသင်းကို ပြောင်းရွှေ့လာခြင်းမရှိတဲ့ ကစားသမားတွေအကြောင်းကို စဉ်းစားနေဖို့ မလိုကြောင်းလည်း ကာဗာဟယ်က ဆိုခဲ့ပါတယ်။ Photo : dailymail ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေနမာႏွင့္ ေပါ့ဘာတို႔အေၾကာင္း  ရီးရဲလ္အသင္းသားမ်ား အဝတ္လဲခန္းတြင္ေျပာ   ေနမာနဲ႔ ေပါ့ဘာတို႔ ေရာက္ရွိလာႏိုင္မယ့္ အေျခအေနနဲ႔ ပတ္သက္ၿပီး အဝတ္လဲခန္းထဲမွာ ေျပာၾကားခဲ့တယ္လို႔ ရီးရဲလ္ေနာက္ခံလူ ကာဗာဟယ္က ေျပာပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ အခုႏွစ္ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ပီအက္စ္ဂ်ီ တိုက္စစ္မႉး ေနမာနဲ႔ မန္ယူႏိုက္တက္ ကြင္းလယ္လူ ေပါ့ဘာတို႔ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အဆင္မေျပျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ ကစားသမားေတြကေတာ့ အသင္းရဲ႕ အဝတ္လဲခန္းထဲမွာ ေနမာနဲ႔ ေပါ့ဘာတို႔ကိုအေၾကာင္းနဲ႔ ပတ္သက္ၿပီး အခ်င္းခ်င္းၾကားမွာ ေမးျမန္းစုံစမ္းမႈေတြ ရွိခဲ့ၾကတယ္လို႔ ကာဗာဟယ္က ေျပာပါတယ္။ သတင္းေတြ အမ်ိဳးမ်ိဳးထြက္ေနတာေၾကာင့္ ဘရာဇီး ကစားသမားေတြကို ေနမာ တကယ္ ေျပာင္းေ႐ႊ႕လာမလား ေမးျမန္းခဲ့ေပမယ့္ သူတို႔လည္း သိရွိျခင္းမရွိဘူးလို႔ ကာဗာဟယ္က ေျပာပါတယ္။ ေနမာဟာ ထိပ္တန္းစာရင္းဝင္ ကစားသမားျဖစ္လို႔ အသင္းတိုင္းက ႀကိဳဆိုမယ့္ ကစားသမားျဖစ္ၿပီး ေပါ့ဘာဟာလည္း အဲဒီလို ကစားသမားျဖစ္ေၾကာင္း အဆုံးသတ္မွာေတာ့ ဘယ္သူမွ ေရာက္မလာခဲ့ၾကေၾကာင္း ကာဗာဟယ္က ဆိုပါတယ္။ ဒါေပမဲ့လည္း အသင္းကို ေျပာင္းေ႐ႊ႕လာျခင္းမရွိတဲ့ ကစားသမားေတြအေၾကာင္းကို စဥ္းစားေနဖို႔ မလိုေၾကာင္းလည္း ကာဗာဟယ္က ဆိုခဲ့ပါတယ္။ Photo : dailymail

A d v e r t i s e m e n t With Us

More News
Up