Home
မြန်မာသတင်း
ထိုးစစ်ရပ်ပြီး ခုခံကာကွယ်စစ်ကိုသာ လုပ်ဆောင်မည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထုတ်ပြန်
နော်နိုရင်း
·
September 4, 2019
ပြည်တွင်းစစ်ပွဲများရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေဖော်ဆောင်နိုင်ဖို့ ထိုးစစ်တွေကို ပြုလုပ်တော့မှမဟုတ်ဘဲ ခုခံကာကွယ်တာကိုပဲ လုပ်ဆောင်သွားမယ်လို့ မြောက်ပိုင်းမဟာမိတ် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်  ၃ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (ကိုးကန့်)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အလ်အေ)နဲ့ ရက္ခိုင်တပ်မတော်(အေအေ)အဖွဲ့ စက်တင်ဘာလ၁ ရက်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တီအန်အလ်အေ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်က  “အဓိက ၃ ချက်ပါပဲ။ တခုကတော့ ပြည်တွင်းစစ်များအမြန်ရပ်စဲပြီးမှ တနိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးဖော်ဆောင်နိုင်ဖို့အတွက်ပေါ့နော်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးလိုတဲ့ ဆန္ဒအပြည့်အဝ ကျနော်တို့ မဟာမိတ်အဖွဲ့မှာရှိတယ်။ ပြီးတော့မြန်မာစစ်တပ်ရဲ့ထိုးစစ်ကိုကျနော်တို့က ခုခံကာကွယ်စစ်ပဲပြုလုပ်တော့မယ်။ ကျနော်တို့ကနေစပြီးမှ ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ဘဲနဲ့ပြု လုပ်ဖို့အကြောင်းပေါ့နော်။ နောက်တချက်ကတော့ ဩဂုတ် ၃၁ ရက်နေ့ ကျိုင်းတုံဆွေးနွေးပွဲထဲက တွေ့ဆုံမှုအတိုင်းပေါ့ bilateral ကိစ္စရပ်ကို ညှိနှိုင်းဆွေးနွေးပြီးမှအတည်ပြုဖို့အတွက်ကို ကျနော်တို့ကတိုက်တွန်းတာပေါ့နော်။ bilateral ကိစ္စညှိနှိုင်းမှုကနေတဆင့် မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်မီးကို အဆုံးသတ်သွားသည့်အထိ ကျနော်တို့က အမှန်တကယ်ဖော်ဆောင်သွားမှာဖြစ်တယ်။ ” ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) အပါအဝင် နေရာ၅ ခုကို ဩဂုတ် ၁၅ ရက်မှာ  ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းမှာ ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဩဂုတ် ၃၁ ရက်မှာတော့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့ပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေးအတွက် တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ နောက်ထပ်တွေ့ဖို့အတွက် စက်တင်ဘာလလယ်ကိုသတ်မှတ်ထားပြီး နေရာကိုတော့မညှိကြရသေးပါဘူး။
ထိုးစစ္ရပ္ၿပီး ခုခံကာကြယ္စစ္ကိုသာ လုပ္ေဆာင္မည္ဟု ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ထုတ္ျပန္ ေနာ္ႏိုရင္း ျပည္တြင္းစစ္ပြဲမ်ားရပ္စဲၿပီး ႏိုင္ငံေရးေဆြးေႏြးပြဲေတြေဖာ္ေဆာင္ႏိုင္ဖို႔ ထိုးစစ္ေတြကို ျပဳလုပ္ေတာ့မွမဟုတ္ဘဲ ခုခံကာကြယ္တာကိုပဲ လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ပိုင္းမဟာမိတ္ ညီေနာင္တိုင္းရင္းသား လက္နက္ကိုင္ ၃ ဖြဲ႕က ထုတ္ျပန္လိုက္ပါတယ္။ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္မဟာ မိတ္တပ္မေတာ္ (ကိုးကန႔္)၊ တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (တီအန္အလ္ေအ)နဲ႔ ရကၡိဳင္တပ္မေတာ္(ေအေအ)အဖြဲ႕ စက္တင္ဘာလ၁ ရက္က ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။ ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး တီအန္အလ္ေအ ေျပာခြင့္ရသူ ဗိုလ္မႉးမိုင္အိုက္ေက်ာ္က “အဓိက ၃ ခ်က္ပါပဲ။ တခုကေတာ့ ျပည္တြင္းစစ္မ်ားအျမန္ရပ္စဲၿပီးမွ တႏိုင္ငံလုံးအတိုင္းအတာ ႏိုင္ငံေရးေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ေပါ့ေနာ္။ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးလိုတဲ့ ဆႏၵအျပည့္အဝ က်ေနာ္တို႔ မဟာမိတ္အဖြဲ႕မွာရွိတယ္။ ၿပီးေတာ့ျမန္မာစစ္တပ္ရဲ႕ထိုးစစ္ကိုက်ေနာ္တို႔က ခုခံကာကြယ္စစ္ပဲျပဳလုပ္ေတာ့မယ္။ က်ေနာ္တို႔ကေနစၿပီးမွ ထိုးစစ္ဆင္တိုက္ခိုက္မႈမျပဳလုပ္ဘဲနဲ႔ျပဳ လုပ္ဖို႔အေၾကာင္းေပါ့ေနာ္။ ေနာက္တခ်က္ကေတာ့ ဩဂုတ္ ၃၁ ရက္ေန႔ က်ိဳင္းတုံေဆြးေႏြးပြဲထဲက ေတြ႕ဆုံမႈအတိုင္းေပါ့ bilateral ကိစၥရပ္ကို ညႇိႏႈိင္းေဆြးေႏြးၿပီးမွအတည္ျပဳဖို႔အတြက္ကို က်ေနာ္တို႔ကတိုက္တြန္းတာေပါ့ေနာ္။ bilateral ကိစၥညႇိႏႈိင္းမႈကေနတဆင့္ ျမန္မာျပည္မွာ ျဖစ္ပြားေနတဲ့လက္နက္ကိုင္ပဋိပကၡနဲ႔ ျပည္တြင္းစစ္မီးကို အဆုံးသတ္သြားသည့္အထိ က်ေနာ္တို႔က အမွန္တကယ္ေဖာ္ေဆာင္သြားမွာျဖစ္တယ္။ ” ျပင္ဦးလြင္ရွိ တပ္မေတာ္နည္းပညာတကၠသိုလ္ (DSTA) အပါအဝင္ ေနရာ၅ ခုကို ဩဂုတ္ ၁၅ ရက္မွာ ညီေနာင္မဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ ၃ ဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ ရွမ္းျပည္ေျမာက္ပိုင္းမွာ ရက္ဆက္တိုက္ပြဲေတြ ျဖစ္ပြားခဲ့ပါတယ္။ ဩဂုတ္ ၃၁ ရက္မွာေတာ့ ေျမာက္ပိုင္းမဟာမိတ္တပ္ေတြနဲ႔ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔ က်ိဳင္းတုံၿမိဳ႕မွာ ေတြ႕ဆုံခဲ့ၿပီး တိုက္ပြဲေတြ အျမန္ဆုံး ရပ္တန႔္ေရးအတြက္ တပ္မေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဆက္လက္ ေတြ႕ဆုံေဆြးေႏြးဖို႔ သေဘာတူခဲ့ၾကပါတယ္။ ေနာက္ထပ္ေတြ႕ဖို႔အတြက္ စက္တင္ဘာလလယ္ကိုသတ္မွတ္ထားၿပီး ေနရာကိုေတာ့မညႇိၾကရေသးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024