Home
မြန်မာသတင်း
အာဆီယံလူထုဖိုရမ်တွင် မြန်မာ့လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ကိစ္စ ဆွေးနွေးမည်
နော်နိုရင်း
·
September 4, 2019
၂၀၁၉ ခုနှစ် အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံ/လူထုဖိုရမ်(ACSC/APF)ကို လာမယ့်အပတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပဖို့ရှိရာမှာ မြန်မာနိုင်ငံက  အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလည်း ပါဝင်တက်ရောက်ဆွေးနွေးဖို့ရှိပါတယ်။ စက်တင်ဘာ ၁၀ ရက်ကနေ  ၁၂ ထိကျင်းပမယ့် ဒီညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာအကြောင်းအရာတွေ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ မြေယာနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အစရှိတဲ့ ခေါင်းစဉ် ၅ ခုလောက်ခွဲပြီး ပါဝင်ဆွေးနွေး သွားဖို့ရှိတယ်လို့ ညီမျှခြင်းမြန်မာ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။ “လူ့အခွင့်အရေးနဲ့ပတ်သက်လို့ကတော့ ကိုယ်တို့အဓိက တခုပြောတာရှိမယ်။ နောက်တခုကတော့ freedom of expression (လွတ်လပ်စွာထုတ်ဖော်ခွင့် )နဲ့လက်ရှိ law တွေ fail law နဲ့ freedom of expression အဲဒါကို ကိုယ်နဲ့ အသံအဖွဲ့က ပြောမယ်။ နောက်ပြီးလို့ရှိရင် လက်နက်ကိုင် ပဋိပက္ခအကြောင်းအရာ၊ လက်နက်ကိုင်ပဋိပက္ခကြောင့် အရပ်သားတွေသေဆုံးမှုတွေ ဖြစ်နေတဲ့ ကိစ္စတွေအဲဒါတွေကိုတော့ ကိုယ်က pennel ၂ ခုမှာပြောမယ်။ ” ဒါ့အပြင်အမျိုးသမီးဆိုင်ရာကိစ္စတွေ၊ ဌာနေတိုင်းရင်းအခွင့်အရေးကိစ္စတွေအပြင် ရခိုင်နဲ့ ရိုဟင်ဂျာ အရေးကိစ္စတွေကိုတော့ ထိုင်းနိုင်ငံဘက်က  တက်ရောက်မယ့်အဖွဲ့အစည်းတွေက ဆွေးနွေးမှာ ဖြစ်တယ်လို့သိရပါတယ်။ အာဆီယံ အရပ်ဘက် အဖွဲ့အစည်းများ ညီလာခံ တက်ရောက်ဖို့ အကြိုပြင်ဆင်တဲ့အနေနဲ့ မြန်မာနိုင်ငံအာဆီယံဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပူးပေါင်းပြီး ရန်ကုန်မြို့မှာ မနေ့က အကြိုပြင်ဆင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာတော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် တရားမျှတမှုကို လက်လှမ်းမှီခြင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကော်ပိုရိတ်ပါဝါ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ နေရာဒေသ ရွေ့ပြောင်းနေထိုင်ခြင်း၊ သင့်တင့် လျောက်ပတ်သော အလုပ်အကိုင်၊ ကျန်းမာရေးနှင့် လူမှုရေးအရ ကာကွယ်ပေးခြင်း (ဂုဏ်သိက္ခာရှိစွာ ရှင်သန်နေထိုင်ရေး)၊ ဂေဟစနစ်ရေရှည် တည်တံ့ခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ အသစ်သော ထွန်းသစ်စနည်းပညာနှင့် ဒီဂျစ်တယ် အခွင့်အရေးတို့ကို  တက်ရောက်လာတဲ့ အစုအဖွဲ့တွေက ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအကြိုဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်းက အရပ်ဘက်အဖွဲ့စည်းပေါင်း(၄၀)ကျော်၊ လူဦးရေ (၇၀)ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဓာတ်ပုံ- Aung Myo Min
အာဆီယံလူထုဖိုရမ္တြင္ ျမန္မာ့လူ႔အခြင့္အေရးႏွင့္ လြတ္လပ္စြာထုတ္ေဖာ္ခြင့္ကိစၥ ေဆြးေႏြးမည္ ေနာ္ႏိုရင္း ၂၀၁၉ ခုႏွစ္ အာဆီယံအရပ္ဘက္အဖြဲ႕အစည္းမ်ားညီလာခံ/လူထုဖိုရမ္(ACSC/APF)ကို လာမယ့္အပတ္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပဖို႔ရွိရာမွာ ျမန္မာႏိုင္ငံက အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြလည္း ပါဝင္တက္ေရာက္ေဆြးေႏြးဖို႔ရွိပါတယ္။ စက္တင္ဘာ ၁၀ ရက္ကေန ၁၂ ထိက်င္းပမယ့္ ဒီညီလာခံမွာ ျမန္မာႏိုင္ငံအေနနဲ႔ လူ႔အခြင့္အေရးဆိုင္ရာအေၾကာင္းအရာေတြ၊ လြတ္လပ္စြာထုတ္ေဖာ္ခြင့္၊ ေျမယာနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈဆိုင္ရာ အစရွိတဲ့ ေခါင္းစဥ္ ၅ ခုေလာက္ခြဲၿပီး ပါဝင္ေဆြးေႏြး သြားဖို႔ရွိတယ္လို႔ ညီမွ်ျခင္းျမန္မာ အမႈေဆာင္ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။ “လူ႔အခြင့္အေရးနဲ႔ပတ္သက္လို႔ကေတာ့ ကိုယ္တို႔အဓိက တခုေျပာတာရွိမယ္။ ေနာက္တခုကေတာ့ freedom of expression (လြတ္လပ္စြာထုတ္ေဖာ္ခြင့္ )နဲ႔လက္ရွိ law ေတြ fail law နဲ႔ freedom of expression အဲဒါကို ကိုယ္နဲ႔ အသံအဖြဲ႕က ေျပာမယ္။ ေနာက္ၿပီးလို႔ရွိရင္ လက္နက္ကိုင္ ပဋိပကၡအေၾကာင္းအရာ၊ လက္နက္ကိုင္ပဋိပကၡေၾကာင့္ အရပ္သားေတြေသဆုံးမႈေတြ ျဖစ္ေနတဲ့ ကိစၥေတြအဲဒါေတြကိုေတာ့ ကိုယ္က pennel ၂ ခုမွာေျပာမယ္။ ” ဒါ့အျပင္အမ်ိဳးသမီးဆိုင္ရာကိစၥေတြ၊ ဌာေနတိုင္းရင္းအခြင့္အေရးကိစၥေတြအျပင္ ရခိုင္နဲ႔ ႐ိုဟင္ဂ်ာ အေရးကိစၥေတြကိုေတာ့ ထိုင္းႏိုင္ငံဘက္က တက္ေရာက္မယ့္အဖြဲ႕အစည္းေတြက ေဆြးေႏြးမွာ ျဖစ္တယ္လို႔သိရပါတယ္။ အာဆီယံ အရပ္ဘက္ အဖြဲ႕အစည္းမ်ား ညီလာခံ တက္ေရာက္ဖို႔ အႀကိဳျပင္ဆင္တဲ့အေနနဲ႔ ျမန္မာႏိုင္ငံအာဆီယံဆိုင္ရာ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြက ပူးေပါင္းၿပီး ရန္ကုန္ၿမိဳ႕မွာ မေန႔က အႀကိဳျပင္ဆင္တဲ့ အလုပ္႐ုံေဆြးေႏြးပြဲက်င္းပခဲ့ပါတယ္။ ဒီအလုပ္႐ုံေဆြးေႏြးပြဲမွာေတာ့ လူ႔အခြင့္အေရး၊ ဒီမိုကေရစီႏွင့္ တရားမွ်တမႈကို လက္လွမ္းမွီျခင္း၊ ကုန္သြယ္မႈ၊ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ေကာ္ပိုရိတ္ပါဝါ၊ ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရး၊ ေနရာေဒသ ေ႐ြ႕ေျပာင္းေနထိုင္ျခင္း၊ သင့္တင့္ ေလ်ာက္ပတ္ေသာ အလုပ္အကိုင္၊ က်န္းမာေရးႏွင့္ လူမႈေရးအရ ကာကြယ္ေပးျခင္း (ဂုဏ္သိကၡာရွိစြာ ရွင္သန္ေနထိုင္ေရး)၊ ေဂဟစနစ္ေရရွည္ တည္တံ့ျခင္း၊ ဆန္းသစ္တီထြင္ျခင္း၊ အသစ္ေသာ ထြန္းသစ္စနည္းပညာႏွင့္ ဒီဂ်စ္တယ္ အခြင့္အေရးတို႔ကို တက္ေရာက္လာတဲ့ အစုအဖြဲ႕ေတြက ေဆြးေႏြးခဲ့ၾကပါတယ္။အဲဒီအႀကိဳေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံအတြင္းက အရပ္ဘက္အဖြဲ႕စည္းေပါင္း(၄၀)ေက်ာ္၊ လူဦးေရ (၇၀)ခန႔္ တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။ ဓာတ္ပုံ- Aung Myo Min
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024