Home
ရုပ်သံ
Eternal Gosh အဖွဲ့၏ မိုးမခအိပ်မက် ခရမ်းပြာသီချင်း (ရုပ်သံ) 
DVB
·
September 4, 2019
  ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ FG Live Lounge မှာ ဖျော်ဖြေခဲ့တဲ့ လူငယ်ကြိုက် တေးသံရှင် Eternal Gosh အဖွဲ့ရဲ့ မိုးမခအိပ်မက်ခရမ်းပြာသီချင်းဟာ လတ်တလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။ “ညစ်ပတ်ပြီးတော့ စုတ်ပြတ်သွားတဲ့ ငါ့ခြေထောက်များ… ဖော့ဖိနပ်ပြတ်လို့ သွားလို့ အိတ်ကပ်ထဲကို လက်နှိုက်ရှာကြည့်… သီချင်းကပေးတဲ့ အပေါစားမနက်စာ ခြောက် ကပ်ကပ်က… ပို အရေးကြီး” အပတ်စဉ် စနေနေ့တိုင်း နာမည်ကြီး တေးသံရှင်တွေနဲ့ FG Live Loungue အမည်နဲ့ ကျင်းပနေတဲ့ ဒီဖျော်ဖြေပွဲမှာတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အားပေးမှုတွေ ရရှိထားတဲ့ တေးဂီတအဖွဲ့ Idiots နဲ့အတူ Eternal Gosh အဖွဲ့က သီဆိုဖျော်ဖြေခဲ့တာပါ။ “သြော် အလုပ်ကထွက်ပြီ စိတ်ပျက်လွန်းတာ… အစိုးရဝန်ထမ်း… ပုဂ္ဂလိက သူဋ္ဌေးကြီး ဖြစ်ဖို့တော့ ငါအဝေးကြီးမျှော်မှန်း… အမေဖြစ်စေချင်တာဝေးပြီ… မာနေတဲ့ ခေါင်းသည်… ငါမိုက်သည်… ငါအိမ်ကို လွမ်းနေတုန်း… သတင်းတွေမေးနေတုန်း… အဆင်ပြေရဲ့လား… မျှော်လင့်ခြင်းနဲ့ထမင်းသိုးများ… စီးကရက်တွေပဲ ပိုသောက်မိတယ် … လမ်းဘေးမှာလည်း အချိန်တွေကုန်နေဆဲ… အိမ်ယာမဲ့သောဘဝ… ဘယ်မိတ်ဆွေမှ အဖက်မလုပ်ချင်ကြ… တစ်ကိုယ်ရည်မှောင်သောည” Eternal Gosh ကတော့ သိပ်မကြာခင်ကမှ ရေပန်းစားလူသိများလာခဲ့တာဖြစ်ပြီး သူတို့သီဆိုထားခဲ့ကြတဲ့ လက်ခုပ်၊ ငါအံ့သြစတဲ့ သီချင်းတွေဟာ ပရိသတ်အားပေး လက်ခံမှု ရရှိထားတဲ့ သီချင်းတွေဖြစ်ပြီး သိပ်မကြာခင်ကမှ ထုတ်လွှင့်ခဲ့ပြီး နာမည်ကြီးခဲ့ တဲ့ ငွေစက္ကူ ၇ ရွက်ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်သီချင်းဟာလည်း ပရိသတ် အားပေးမှုရှိခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ မိုးမခအိပ်မက်ခရမ်းပြာလို့ လှလှပပ အမည်ပေးထားတဲ့ ဒီသီချင်းနဲ့အတူ ပရိ သတ်တွေနဲ့ ရင်းရင်းနှီးနှီးတိုက်ရိုက်ဖျော်ဖြေခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ FG Live Lounge ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ မျှဝေထားခဲ့တာဖြစ်ပြီး ၄ရက်အတွင်းမှာ ဝင်ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ တသန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ထိမိတဲ့ စာသားတွေနဲ့အတူ အားမာန်ပါပါ သီဆိုဖျော်ဖြေလေ့ရှိတဲ့ Eternal Gosh အဖွဲ့ရဲ့ အဆိုရှင် ဟန်နေတာကလည်း ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
Eternal Gosh အဖြဲ႕၏ မိုးမခအိပ္မက္ ခရမ္းျပာသီခ်င္း (႐ုပ္သံ) (ေဖ့စ္ဘြတ္ခ္႐ြာ… ေဖ့စ္ဘြတ္ခ္ကမာၻ) DVB ၿပီးခဲ့တဲ့ ၾသဂုတ္လ ၃၁ ရက္ေန႔မွာ FG Live Lounge မွာ ေဖ်ာ္ေျဖခဲ့တဲ့ လူငယ္ႀကိဳက္ ေတးသံရွင္ Eternal Gosh အဖြဲ႕ရဲ႕ မိုးမခအိပ္မက္ခရမ္းျပာသီခ်င္းဟာ လတ္တေလာ အြန္လိုင္းေပၚမွာ နာမည္ႀကီးေနခဲ့ပါတယ္။ “ညစ္ပတ္ၿပီးေတာ့ စုတ္ျပတ္သြားတဲ့ ငါ့ေျခေထာက္မ်ား… ေဖာ့ဖိနပ္ျပတ္လို႔ သြားလို႔ အိတ္ကပ္ထဲကို လက္ႏႈိက္ရွာၾကည့္… သီခ်င္းကေပးတဲ့ အေပါစားမနက္စာ ေျခာက္ ကပ္ကပ္က… ပို အေရးႀကီး” အပတ္စဥ္ စေနေန႔တိုင္း နာမည္ႀကီး ေတးသံရွင္ေတြနဲ႔ FG Live Loungue အမည္နဲ႔ က်င္းပေနတဲ့ ဒီေဖ်ာ္ေျဖပြဲမွာေတာ့ လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး အားေပးမႈေတြ ရရွိထားတဲ့ ေတးဂီတအဖြဲ႕ Idiots နဲ႔အတူ Eternal Gosh အဖြဲ႕က သီဆိုေဖ်ာ္ေျဖခဲ့တာပါ။ “ေၾသာ္ အလုပ္ကထြက္ၿပီ စိတ္ပ်က္လြန္းတာ… အစိုးရဝန္ထမ္း… ပုဂၢလိက သူေ႒းႀကီး ျဖစ္ဖို႔ေတာ့ ငါအေဝးႀကီးေမွ်ာ္မွန္း… အေမျဖစ္ေစခ်င္တာေဝးၿပီ… မာေနတဲ့ ေခါင္းသည္… ငါမိုက္သည္… ငါအိမ္ကို လြမ္းေနတုန္း… သတင္းေတြေမးေနတုန္း… အဆင္ေျပရဲ႕လား… ေမွ်ာ္လင့္ျခင္းနဲ႔ထမင္းသိုးမ်ား… စီးကရက္ေတြပဲ ပိုေသာက္မိတယ္ … လမ္းေဘးမွာလည္း အခ်ိန္ေတြကုန္ေနဆဲ… အိမ္ယာမဲ့ေသာဘဝ… ဘယ္မိတ္ေဆြမွ အဖက္မလုပ္ခ်င္ၾက… တစ္ကိုယ္ရည္ေမွာင္ေသာည” Eternal Gosh ကေတာ့ သိပ္မၾကာခင္ကမွ ေရပန္းစားလူသိမ်ားလာခဲ့တာျဖစ္ၿပီး သူတို႔သီဆိုထားခဲ့ၾကတဲ့ လက္ခုပ္၊ ငါအံ့ၾသစတဲ့ သီခ်င္းေတြဟာ ပရိသတ္အားေပး လက္ခံမႈ ရရွိထားတဲ့ သီခ်င္းေတြျဖစ္ၿပီး သိပ္မၾကာခင္ကမွ ထုတ္လႊင့္ခဲ့ၿပီး နာမည္ႀကီးခဲ့ တဲ့ ေငြစကၠဴ ၇ ႐ြက္ဇာတ္လမ္းတြဲထဲမွာ ပါဝင္တဲ့ ဇာတ္ဝင္သီခ်င္းဟာလည္း ပရိသတ္ အားေပးမႈရွိခဲ့တဲ့ သီခ်င္းတပုဒ္ ျဖစ္ပါတယ္။ မိုးမခအိပ္မက္ခရမ္းျပာလို႔ လွလွပပ အမည္ေပးထားတဲ့ ဒီသီခ်င္းနဲ႔အတူ ပရိ သတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီးတိုက္႐ိုက္ေဖ်ာ္ေျဖခဲ့ၾကတဲ့ ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ FG Live Lounge ရဲ႕ တရားဝင္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚမွာ မွ်ေဝထားခဲ့တာျဖစ္ၿပီး ၄ရက္အတြင္းမွာ ဝင္ေရာက္ၾကည့္ရႈ ၾကတဲ့ အႀကိမ္ေရ တသန္းေက်ာ္ရွိေနခဲ့တာ ျဖစ္ပါတယ္။ ထိမိတဲ့ စာသားေတြနဲ႔အတူ အားမာန္ပါပါ သီဆိုေဖ်ာ္ေျဖေလ့ရွိတဲ့ Eternal Gosh အဖြဲ႕ရဲ႕ အဆိုရွင္ ဟန္ေနတာကလည္း ဒီသီခ်င္း႐ုပ္သံဗြီဒီယိုဖိုင္ကို သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာေပၚမွာ ျပန္လည္မွ်ေဝထားခဲ့တာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024