ဟေတီတွင် အတိုက်အခံ ထောက်ခံသူများ လွှတ်တော်အတွင်း ဝင်ရောက်ဖျက်ဆီး

ဟေတီနိုင်ငံ မြို့တော် ပို့စ်အော်စပရင်မှာ စက်တင်ဘာ ၃ ရက်နေ့က  အတိုက်အခံ ထောက်ခံသူတွေ လွှတ်တော်အတွင်း ဝင်ရောက် ဖျက်ဆီးခဲ့တယ်ပါတယ်။ လမ်းမတွေပေါ် ကားတာယာတွေ မီးရှို့ထားသလို အတိုက်အခံအမတ်တွေနဲ့ ထောက်ခံသူတွေက လွှတ်တော်အဆောက်အဦအတွင်းက စားပွဲခုံတွေကို မှောက်လှန်ပြီး ပစ္စည်းတွေကိုလည်း  ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဟေတီနိုင်ငံအတွင်း လချီ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီးနောက် အခုလို ဖြစ်ရပ် ပေါ်ပေါက်လာတာပါ။  လွှတ်တော်အမတ် တဦးက သူတို့ဟာ အစိုးရဝန်ကြီးဌာနတွေရဲ့ မူမမှန်တာတွေကို အချိုးကျကျ တုံ့ပြန်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ အောက်လွှတ်တော်  ဥက္ကဋ္ဌရဲ့ လွှတ်တော် အစည်းဝေးကျင်းပလိုတဲ့ ပုံစံကို သဘောမတူ ဘူးလို့လည်း သူက ပြောပါတယ်။  နောက်လွှတ်တော် အမတ်တဦးကတော့ ဒါဟာ နိုင်ငံတခုရဲ့ ပုံရိပ်ကိစ္စ ဖြစ်ပြီး ဒီလုပ်ရပ်ဟာ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု  ဖြစ်တယ်လို့ ပြောပါတယ်။   ၁၈၀၄ ခုနှစ်က ကျေးကျွန်ဟောင်းတွေနဲ့ ပထမဆုံး တည်ထောင်ခဲ့တဲ့  ဟေတီနိုင်ငံဟာ အမေရိကနိုင်ငံတွေထဲမှာ အဆင်းရဲဆုံးဖြစ်ပါတယ်။ ဟေတီနိုင်ငံမှာ ကာလရှည် နိုင်ငံရေး မငြိမ်သက်မှုတွေ၊ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုနဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့်  နိုင်ငံ စီးပွားရေး တိုးတက်မှု ရပ်တန့်ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- Miami Herald ~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေဟတီတြင္ အတိုက္အခံ ေထာက္ခံသူမ်ား လႊတ္ေတာ္အတြင္း ဝင္ေရာက္ဖ်က္ဆီး ေဟတီႏိုင္ငံ ၿမိဳ႕ေတာ္ ပို႔စ္ေအာ္စပရင္မွာ စက္တင္ဘာ ၃ ရက္ေန႔က  အတိုက္အခံ ေထာက္ခံသူေတြ လႊတ္ေတာ္အတြင္း ဝင္ေရာက္ ဖ်က္ဆီးခဲ့တယ္ပါတယ္။ လမ္းမေတြေပၚ ကားတာယာေတြ မီးရႈိ႕ထားသလို အတိုက္အခံအမတ္ေတြနဲ႔ ေထာက္ခံသူေတြက လႊတ္ေတာ္အေဆာက္အဦအတြင္းက စားပြဲခုံေတြကို ေမွာက္လွန္ၿပီး ပစၥည္းေတြကိုလည္း  ဖ်က္ဆီးပစ္ခဲ့ပါတယ္။ ေဟတီႏိုင္ငံအတြင္း လခ်ီ ဆႏၵျပပြဲေတြ ျဖစ္ခဲ့ၿပီးေနာက္ အခုလို ျဖစ္ရပ္ ေပၚေပါက္လာတာပါ။  လႊတ္ေတာ္အမတ္ တဦးက သူတို႔ဟာ အစိုးရဝန္ႀကီးဌာနေတြရဲ႕ မူမမွန္တာေတြကို အခ်ိဳးက်က် တုံ႔ျပန္လိုက္တာျဖစ္တယ္လို႔ ေျပာပါတယ္။ ေအာက္လႊတ္ေတာ္  ဥကၠ႒ရဲ႕ လႊတ္ေတာ္ အစည္းေဝးက်င္းပလိုတဲ့ ပုံစံကို သေဘာမတူ ဘူးလို႔လည္း သူက ေျပာပါတယ္။  ေနာက္လႊတ္ေတာ္ အမတ္တဦးကေတာ့ ဒါဟာ ႏိုင္ငံတခုရဲ႕ ပုံရိပ္ကိစၥ ျဖစ္ၿပီး ဒီလုပ္ရပ္ဟာ ျပည္သူပိုင္ပစၥည္း ဖ်က္ဆီးမႈ  ျဖစ္တယ္လို႔ ေျပာပါတယ္။ ၁၈၀၄ ခုႏွစ္က ေက်းကြၽန္ေဟာင္းေတြနဲ႔ ပထမဆုံး တည္ေထာင္ခဲ့တဲ့  ေဟတီႏိုင္ငံဟာ အေမရိကႏိုင္ငံေတြထဲမွာ အဆင္းရဲဆုံးျဖစ္ပါတယ္။ ေဟတီႏိုင္ငံမွာ ကာလရွည္ ႏိုင္ငံေရး မၿငိမ္သက္မႈေတြ၊ ႏိုင္ငံျခား ဝင္ေရာက္စြက္ဖက္မႈနဲ႔ စီမံခန႔္ခြဲမႈ အလြဲေတြေၾကာင့္  ႏိုင္ငံ စီးပြားေရး တိုးတက္မႈ ရပ္တန႔္ခဲ့ရတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။ ဓာတ္ပုံ- Miami Herald

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up