ဂိုးသွင်းခွင့် ဖန်တီးနိုင်မှု မြင့်မားသည့်အသင်းအဖြစ် မန်ယူအသင်း ရပ်တည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းခွင့် ဖန်တီးနိုင်မှု မြင့်မားတဲ့ အသင်းတသင်း အဖြစ် ရပ်တည်နေပါတယ်။
အခုနှစ် ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ မန်ယူအသင်း ဂိုးရနိုင်မယ့် အပိုင် အခွင့်အရေးဖန်တီးနိုင်မှု စုစုပေါင်း ၇ ဒသမ ၄ ကြိမ်အထိရှိခဲ့ပြီး တတိယမြောက် အများဆုံး ရရှိခဲ့တဲ့အသင်း ဖြစ်ခဲ့ပါတယ်။
Opta သုတေသန ကုမ္ပဏီရဲ့ ထုတ်ပြန်မှုအရ ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၄ ပွဲအပြီးမှာ မန်စီးတီးအသင်းက ဂိုးရနိုင်မယ့် အခွင့်အရေး ၁၁ ဒသမ ၁၇ ကြိမ်အထိ ရခဲ့လို့ အများဆုံးအသင်း ဖြစ်ပြီး ၇ ဒသမ ၆၇ ကြိမ်ရခဲ့တဲ့ ဝက်စ်ဟမ်းအသင်းက ဒုတိယနေရာမှာ ရပ်တည်ပါတယ်။
မန်ယူရဲ့နောက်မှာ လစ်ဗာပူး၊ ဆောက်သမ်တန်၊ ဘုန်းမောက်အသင်းတို့က အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။ ဂိုးသွင်းခွင့် အနည်းဆုံး အသင်းတွေကတော့ နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့နဲ့ လက်စတာစီးတီးတို့ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ စုစုပေါင်း ၆၃ ကြိမ်အထိ ဂိုးကန်သွင်းခွင့် ရခဲ့ပေမယ့် ၁၈ ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပြီး ၁၉ ရာခိုင်နူန်းပဲ တိကျမှု ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မန်ယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တာကို ပေါ်လွင်ထင်ရှားစေခဲ့ပါတယ်။
မန်ယူအသင်းဟာ ခံစစ်ပိုင်းမှာတော့ လက်စတာအသင်းပြီးရင် အတောင့်တင်းဆုံး ဖြစ်နေပြီး ပြိုင်ဘက်တိုက်စစ်ကို အခွင့်အရေးပေးမှု ၃ ဒသမ ၂၅ ကြိမ်ပဲ ရှိခဲ့တယ်လို့ သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဂိုးသြင္းခြင့္ ဖန္တီးႏိုင္မႈ ျမင့္မားသည့္အသင္းအျဖစ္ မန္ယူအသင္း ရပ္တည္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္မွာ ဂိုးသြင္းခြင့္ ဖန္တီးႏိုင္မႈ ျမင့္မားတဲ့ အသင္းတသင္း အျဖစ္ ရပ္တည္ေနပါတယ္။
အခုႏွစ္ ပရီးမီးယားလိဂ္ ၄ ပြဲ ကစားအၿပီးမွာ မန္ယူအသင္း ဂိုးရႏိုင္မယ့္ အပိုင္ အခြင့္အေရးဖန္တီးႏိုင္မႈ စုစုေပါင္း ၇ ဒသမ ၄ ႀကိမ္အထိရွိခဲ့ၿပီး တတိယေျမာက္ အမ်ားဆုံး ရရွိခဲ့တဲ့အသင္း ျဖစ္ခဲ့ပါတယ္။
Opta သုေတသန ကုမၸဏီရဲ႕ ထုတ္ျပန္မႈအရ ပရီးမီးယားလိဂ္မွာ ပြဲစဥ္ ၄ ပြဲအၿပီးမွာ မန္စီးတီးအသင္းက ဂိုးရႏိုင္မယ့္ အခြင့္အေရး ၁၁ ဒသမ ၁၇ ႀကိမ္အထိ ရခဲ့လို႔ အမ်ားဆုံးအသင္း ျဖစ္ၿပီး ၇ ဒသမ ၆၇ ႀကိမ္ရခဲ့တဲ့ ဝက္စ္ဟမ္းအသင္းက ဒုတိယေနရာမွာ ရပ္တည္ပါတယ္။
မန္ယူရဲ႕ေနာက္မွာ လစ္ဗာပူး၊ ေဆာက္သမ္တန္၊ ဘုန္းေမာက္အသင္းတို႔က အစဥ္လိုက္ ရပ္တည္ခဲ့ပါတယ္။ ဂိုးသြင္းခြင့္ အနည္းဆုံး အသင္းေတြကေတာ့ နယူးကာဆယ္၊ ခရစၥတယ္ပဲေလ့နဲ႔ လက္စတာစီးတီးတို႔ ျဖစ္ပါတယ္။
မန္ယူအသင္းဟာ စုစုေပါင္း ၆၃ ႀကိမ္အထိ ဂိုးကန္သြင္းခြင့္ ရခဲ့ေပမယ့္ ၁၈ ႀကိမ္ပဲ ဂိုးေပါက္တည့္ခဲ့ၿပီး ၁၉ ရာခိုင္ႏူန္းပဲ တိက်မႈ ရွိခဲ့တာ ျဖစ္ပါတယ္။
ဒါေၾကာင့္ မန္ယူႏိုက္တက္အသင္းအေနနဲ႔ တိုက္စစ္ပိုင္းမွာ အားနည္းခ်က္ေတြ ရွိခဲ့တာကို ေပၚလြင္ထင္ရွားေစခဲ့ပါတယ္။
မန္ယူအသင္းဟာ ခံစစ္ပိုင္းမွာေတာ့ လက္စတာအသင္းၿပီးရင္ အေတာင့္တင္းဆုံး ျဖစ္ေနၿပီး ၿပိဳင္ဘက္တိုက္စစ္ကို အခြင့္အေရးေပးမႈ ၃ ဒသမ ၂၅ ႀကိမ္ပဲ ရွိခဲ့တယ္လို႔ သိရပါတယ္။