စာပေဘက်မှာ ထူးချွန်တာကြောင့် နိုဘယ်လ်ဆုရတဲ့ ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့ အငြင်းပွားရတာက ထုံးစံတခုလိုတောင် ဖြစ်နေပါတယ်။ အဲဒီတော့ ဒီနှစ်အတွက် နိုဘယ်လ်စာပေဆုရှင် တရုတ်စာရေးဆရာ မိုယန်ကလည်း ခြွင်းချက်မဟုတ်ပါဘူး။
ကွန်မြူနစ်ပါတီဝင်ဖြစ်တာရယ်၊ မီဒီယာလွတ်လပ်ခွင့်နဲ့ ဆင်ဆာဖြတ်တောက်မှု အယူအဆတွေနဲ့ ပတ်သက်လို့ လေးနက်မှုမရှိတဲ့ ၀ိုးတ၀ါး ဖြေဆိုချက်တွေကြောင့် သူ့ကို ၀ိုင်းဝေဖန်နေကြပါတယ်။
စာပေပါရမီရှင် တရုတ်စာရေးဆရာ မိုယန်တယောက် နိုဘယ်လ်ဆုလက်ခံဖို့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းကို ရောက်ခဲ့တုန်း၊ မီဒီယာနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သတင်းထောက် ရစ်ဝါဆမန်က အပြည့်အစုံပြောပြမှာပါ။