Live
Home
ဆောင်းပါး
ကြက်စွပ်ပြုတ်အပြင် တုပ်ကွေး သက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ
DVB
·
September 4, 2019
နေမကောင်းဖြစ်နေပြီဆိုရင် တုပ်ကွေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပုံမှန်အတိုင်းတော့မစားနိုင်တော့ပါဘူး။ သောက်ရတဲ့ဆေးတွေကြောင့်ရယ်၊ နေလို့မကောင်းတာရယ်ကြောင့် ခံတွင်းလည်းပျက်နေနိုင်တယ်။ အစာကြေလွယ်တာတွေပဲ စားရမှာဖြစ်လို့ မစားချင်တာလည်း ဖြစ်ရင်ဖြစ်မယ်။ တုပ်ကွေးဖြစ်ရင် ကြက်စွပ်ပြုတ်က အကောင်းဆုံးလို့ ပြောကြတယ်နော်။ ဒါပေမယ့် ခံတွင်းပျက်ရတဲ့အထဲ ဒါချည်းပဲ စားနေလို့မှမဖြစ်တာလေ။ ဝေဒနာအမြန်သက်သာပြီး နာလန်ထလာစေဖို့ ကြက်စွပ်ပြုတ်လိုပဲ အကျိုးကျေးဇူးကောင်းတဲ့ အစားအသောက်လေးတွေရှိပါသေးတယ်နော်။ ဘာတွေလဲဆိုတော့ –

အရိုးစွပ်ပြုတ်

ကြက်စွပ်ပြုတ်လိုပဲ ငါးခေါင်းဟင်းချို သို့မဟုတ် တခြားအရိုးပြုတ်ရည်တွေကလည်း နေမကောင်းချိန်မှာ အာဟာရဓာတ်တွေပေးနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်တွေပါ။ ရေဓာတ်ဖြည့်ပေးမယ့်အပြင် အာဟာရဓာတ်မျိုးစုံကို အရည်ထဲမှာ တပါတည်းပေးနိုင်တော့ နည်းနည်းပဲသောက်နိုင်ရုံနဲ့ အားဖြစ်စေပါတယ်။

အရသာရှိတဲ့အပြင် ကယ်လိုရီတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါမယ်၊ ပူပူလေးသောက်ရင် ချွဲသလိပ်တွေပျော်ဖို့ပါ အထောက်အကူပေးနိုင်ပါတယ်။

အုန်းစိမ်းရည်

ရေဓာတ်ပြည့်ဝနေဖို့က နေမကောင်းတဲ့အချိန်မှာ အရေးကြီးဆုံးအချက်ပါ။ ကိုယ်ပူနေမယ်၊ ချွေးတွေတအားထွက်ထားမယ်၊ အန်ထားမယ်၊ ဝမ်းလျှောထားမယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တင်းဖို့လိုပါတယ်။ ဒီလိုအချိန်မှာ အုန်းစိမ်းရည်ကလည်း အစွမ်းထက်တဲ့ ဆေးတစ်ခွက်ပါပဲ။ ချိုချိုလေးနဲ့ ရင်ထဲအေးစေတဲ့ အုန်းစိမ်းရည်မှာ ဂလူးကို့စ်နဲ့ ဓာတ်ဆားဓာတ်တွေပါဝင်ပါတယ်။

ရေနွေးကြမ်းပူပူ

ရေနွေးပူပူလေးသောက်တာကတော့ အအေးမိ၊တုပ်ကွေး ဖျားနာတာတွေအတွက် သမားရိုးကျ နည်းလမ်းတစ်ခုပါ။ ကြက်စွပ်ပြုတ်လောက်အာဟာရမပါရင်တောင် ချွဲသလိပ်တွေရှင်းသွားစေဖို့၊ လည်ချောင်းရှင်းဖို့၊ နှာခေါင်းပိတ်သက်သာစေဖို့၊ ချွေးထွက်ပြီးအဖျားကျဖို့ အထောက်အကူပေးတယ်ဆိုတော့ သူ့အစွမ်းလည်းမသေးပါဘူး။ လည်ချောင်းအပူလောင်လောက်တဲ့အထိတော့ အပူမပြင်းစေနဲ့ပေါ့နော်။

လက်ဖက်ခြောက်မှာ polyphenols တစ်မျိုးဖြစ်တဲ့ Tannins ဓာတ်တွေပါဝင်လို့ ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကိုသေစေတဲ့အာနိသင်တွေရှိပါတယ်။

ပျားရည်

ပျားရည်မှာ ဘက်တီးရီးယားတွေသေစေတဲ့အာနိသင်ရှိပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့် ပျားရည်ကို ရေနွေးကြမ်းလေးထဲထည့်သောက်ရင် လည်ချောင်းနာတာတောင်သက်သာစေပါတယ်တဲ့။ နွားနို့တစ်ခွက်ကို ပျားရည်ဇွန်းတစ်ဝက်ထည့်သောက်ရင်လည်း ချောင်းဆိုးသက်သာတယ်၊ ရေဓာတ်ပြည့်ဝစေတယ်၊ ရောဂါပိုးတွေသေစေနိုင်တဲ့ သောက်စရာတစ်ခုဖြစ်ပါတယ်။

ချင်းလက်ဖက်ရည်ကြမ်း

နေမကောင်းလို့ မအီမသာဖြစ်နေတာ၊ ခံတွင်းပျက်တာတွေအတွက် ချင်းရေနွေးကြမ်းကိုသောက်ပေးရင် သက်သာပါလိမ့်မယ်။ အသင့်သောက် အထုပ်လေးတွေလည်းရှိသလို ချင်းကိုပါးပါးလှီးပြီးရေနွေးကြမ်းထဲခတ်သောက်လို့ရပါတယ်။ ပူရှိန်းရှိန်းနဲ့ ချွေးလေးစို့လာစေပြီး နေလို့ကောင်းစေမှာပါ။

ငှက်ပျောသီး

ငှက်ပျောသီးက နေမကောင်းချိန်မှာစားလို့သင့်တဲ့အသီးထဲမှာပါဝင်ပါတယ်။ စားရတာလည်းလွယ်တယ်၊ ကယ်လိုရီနဲ့အာဟာရဓာတ်တွေလည်း အများကြီးပါပါတယ်။ သူ့မှာပါတဲ့ ပျော်ဝင်လွယ်အမျှင်ဓာတ်ကြောင့် အစာခြေစနစ်အတွက်လည်း ကောင်းကျိုးများပါတယ်။

ကွေကာအုတ်

ကွေကာအုတ်က အစာကြေလွယ်တယ်၊ နေမကောင်းဖြစ်ချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ကိုအားပေးပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးပါတယ်။ အကောင်းဆုံးကတော့ အသင့်သောက်အထုပ်တွေထက် အုတ်ဂျုံကွေကာအလွတ်ကို ကိုယ်တိုင်ဖျော်သောက်တာပါပဲ။

ဒီအစားအသောက်တွေက ရောဂါကိုသက်သာစေဖို့ အားဖြည့်ကူညီပေးမှာဖြစ်လို့ ဝေဒနာခံစားရတာလည်း သက်သာစေမှာပါ။

ရေးသားသူ Yun Sandi Nan Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version

ၾကက္စြပ္ျပဳတ္အျပင္ တုပ္ေကြး သက္သာေစတဲ့အစားအေသာက္ ဘာေတြရွိေသးလဲ

ေနမေကာင္းျဖစ္ေနျပီဆိုရင္ တုပ္ေကြးျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ ပံုမွန္အတိုင္းေတာ့မစားနိုင္ေတာ့ပါဘူး။ ေသာက္ရတဲ့ေဆးေတြေၾကာင့္ရယ္၊ ေနလို႔မေကာင္းတာရယ္ေၾကာင့္ ခံတြင္းလည္းပ်က္ေနနုိင္တယ္။ အစာေၾကလြယ္တာေတြပဲ စားရမွာျဖစ္လို႔ မစားခ်င္တာလည္း ျဖစ္ရင္ျဖစ္မယ္။ တုပ္ေကြးျဖစ္ရင္ ၾကက္စြပ္ျပဳတ္က အေကာင္းဆံုးလို႔ ေျပာၾကတယ္ေနာ္။ ဒါေပမယ့္ ခံတြင္းပ်က္ရတဲ့အထဲ ဒါခ်ည္းပဲ စားေနလို႔မွမျဖစ္တာေလ။ ေဝဒနာအျမန္သက္သာျပီး နာလန္ထလာေစဖို႔ ၾကက္စြပ္ျပဳတ္လိုပဲ အက်ိဳးေက်းဇူးေကာင္းတဲ့ အစားအေသာက္ေလးေတြရွိပါေသးတယ္ေနာ္။ ဘာေတြလဲဆိုေတာ့ –

အရိုးစြပ္ျပဳတ္

ၾကက္စြပ္ျပဳတ္လိုပဲ ငါးေခါင္းဟင္းခ်ိဳ သို႔မဟုတ္ တျခားအရိုးျပဳတ္ရည္ေတြကလည္း ေနမေကာင္းခ်ိန္မွာ အာဟာရဓာတ္ေတြေပးနုိင္တဲ့ အေကာင္းဆံုးအရင္းအျမစ္ေတြပါ။ ေရဓာတ္ျဖည့္ေပးမယ့္အျပင္ အာဟာရဓာတ္မ်ိဳးစံုကုိ အရည္ထဲမွာ တပါတည္းေပးနုိင္ေတာ့ နည္းနည္းပဲေသာက္နိုင္ရံုနဲ႔ အားျဖစ္ေစပါတယ္။ အရသာရွိတဲ့အျပင္ ကယ္လိုရီေတြ၊ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြပါမယ္၊ ပူပူေလးေသာက္ရင္ ခြ်ဲသလိပ္ေတြေပ်ာ္ဖို႔ပါ အေထာက္အကူေပးနုိင္ပါတယ္။

အုန္းစိမ္းရည္

ေရဓာတ္ျပည့္ဝေနဖို႔က ေနမေကာင္းတဲ့အခ်ိန္မွာ အေရးၾကီးဆံုးအခ်က္ပါ။ ကိုယ္ပူေနမယ္၊ ေခြ်းေတြတအားထြက္ထားမယ္၊ အန္ထားမယ္၊ ဝမ္းေလွ်ာထားမယ္ဆိုရင္ ဆံုးရံႈးသြားတဲ့ ေရဓာတ္ကို ျပန္ျဖည့္တင္းဖို႔လိုပါတယ္။ ဒီလိုအခ်ိန္မွာ အုန္းစိမ္းရည္ကလည္း အစြမ္းထက္တဲ့ ေဆးတစ္ခြက္ပါပဲ။ ခ်ိဳခ်ိဳေလးနဲ႔ ရင္ထဲေအးေစတဲ့ အုန္းစိမ္းရည္မွာ ဂလူးကို႔စ္နဲ႔ ဓာတ္ဆားဓာတ္ေတြပါဝင္ပါတယ္။

ေရေႏြးၾကမ္းပူပူ

ေရေႏြးပူပူေလးေသာက္တာကေတာ့ အေအးမိ၊တုပ္ေကြး ဖ်ားနာတာေတြအတြက္ သမားရိုးက် နည္းလမ္းတစ္ခုပါ။ ၾကက္စြပ္ျပဳတ္ေလာက္အာဟာရမပါရင္ေတာင္ ခြ်ဲသလိပ္ေတြရွင္းသြားေစဖို႔၊ လည္ေခ်ာင္းရွင္းဖို႔၊ ႏွာေခါင္းပိတ္သက္သာေစဖို႔၊ ေခြ်းထြက္ျပီးအဖ်ားက်ဖို႔ အေထာက္အကူေပးတယ္ဆိုေတာ့ သူ႔အစြမ္းလည္းမေသးပါဘူး။ လည္ေခ်ာင္းအပူေလာင္ေလာက္တဲ့အထိေတာ့ အပူမျပင္းေစနဲ႔ေပါ့ေနာ္။ လက္ဖက္ေျခာက္မွာ polyphenols တစ္မ်ိဳးျဖစ္တဲ့ Tannins ဓာတ္္ေတြပါဝင္လို႔ ဗိုင္းရပ္စ္နဲ႔ဘက္တီးရီးယားေတြ၊ မိႈပိုးေတြကိုေသေစတဲ့အာနိသင္ေတြရွိပါတယ္။

ပ်ားရည္

ပ်ားရည္မွာ ဘက္တီးရီးယားေတြေသေစတဲ့အာနိသင္ရွိပါတယ္။ ကိုယ္ခံအားစနစ္ကိုလည္း ေကာင္းေစတယ္လို႔ သုေတသနေတြ႔ရွိခ်က္ေတြရွိပါတယ္။ ဒါ့ေၾကာင့္ ပ်ားရည္ကို ေရေနြးၾကမ္းေလးထဲထည့္ေသာက္ရင္ လည္ေခ်ာင္းနာတာေတာင္သက္သာေစပါတယ္တဲ့။ ႏြားႏို႔တစ္ခြက္ကို ပ်ားရည္ဇြန္းတစ္ဝက္ထည့္ေသာက္ရင္လည္း ေခ်ာင္းဆိုးသက္သာတယ္၊ ေရဓာတ္ျပည့္ဝေစတယ္၊ ေရာဂါပိုးေတြေသေစနုိင္တဲ့ ေသာက္စရာတစ္ခုျဖစ္ပါတယ္။

ခ်င္းလက္ဖက္ရည္ၾကမ္း

ေနမေကာင္းလို႔ မအီမသာျဖစ္ေနတာ၊ ခံတြင္းပ်က္တာေတြအတြက္ ခ်င္းေရေႏြးၾကမ္းကိုေသာက္ေပးရင္ သက္သာပါလိမ့္မယ္။ အသင့္ေသာက္ အထုပ္ေလးေတြလည္းရွိသလို ခ်င္းကိုပါးပါးလွီးျပီးေရေႏြးၾကမ္းထဲခတ္ေသာက္လို႔ရပါတယ္။ ပူရွိန္းရွိန္းနဲ႔ ေခြ်းေလးစို႔လာေစျပီး ေနလို႔ေကာင္းေစမွာပါ။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးက ေနမေကာင္းခ်ိန္မွာစားလို႔သင့္တဲ့အသီးထဲမွာပါဝင္ပါတယ္။ စားရတာလည္းလြယ္တယ္၊ ကယ္လိုရီနဲ႔အာဟာရဓာတ္ေတြလည္း အမ်ားၾကီးပါပါတယ္။ သူ႔မွာပါတဲ့ ေပ်ာ္ဝင္လြယ္အမွ်င္ဓာတ္ေၾကာင့္ အစာေျခစနစ္အတြက္လည္း ေကာင္းက်ိဳးမ်ားပါတယ္။

ေကြကာအုတ္

ေကြကာအုတ္က အစာေၾကလြယ္တယ္၊ ေနမေကာင္းျဖစ္ခ်ိန္မွာ လိုအပ္ေနတဲ့ ကယ္လိုရီ၊ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြကို ျဖည့္တင္းေပးနုိင္တယ္။ ကိုယ္ခံအားစနစ္ကိုအားေပးျပီး ေသြးတြင္းသၾကားဓာတ္ကိုလည္း ထိန္းေပးပါတယ္။ အေကာင္းဆံုးကေတာ့ အသင့္ေသာက္အထုပ္ေတြထက္ အုတ္ဂ်ံဳေကြကာအလြတ္ကို ကိုယ္တိုင္ေဖ်ာ္ေသာက္တာပါပဲ။
ဒီအစားအေသာက္ေတြက ေရာဂါကိုသက္သာေစဖို႔ အားျဖည့္ကူညီေပးမွာျဖစ္လို႔ ေဝဒနာခံစားရတာလညး္ သက္သာေစမွာပါ။ ေရးသားသူ Yun Sandi Nan Mon ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024