Home
အနုပညာ
အင်းစိန်ထောင်ဖြစ်ရပ်မှန် နိုင်ငံရေးရုပ်ရှင် “ရှစ်စက္ကန့်ငြိမ်”အတွက် သရုပ်ဆောင်သစ်များ ခေါ်ယူ
DVB
·
September 4, 2019
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းဖြစ်ရပ်မှန်ရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးမယ့် ရှစ်စက္ကန့်ငြိမ်အမည်ရ အင်းစိန်ထောင်ဖြစ်ရပ်မှန်ရုပ်ရှင်ကားမှာ ပါဝင်မယ့် သရုပ်ဆောင်သစ်တွေကို ခေါ်ယူနေပါတယ်။ We Movie Production ကနေ တင်ဆက်မယ့် ဒီရုပ်ရှင်ကားကိုတော့ အခုနှစ်ထဲမှာ ရိုက်ကူးသွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူတွေအနေနဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ ထက်နောက် မကျပဲ လျှောက်ထားရမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။   ခေါ်ယူသွားမယ့် သရုပ်ဆောင်တွေကတော့ အမျိုးသား-အသက် ၂၀ ကနေ ၂၅ နှစ်ကြား၊ အရပ် ၅ ပေ ၅ လက်မခန့်၊ အသားလတ်လတ် ၃ ဦး၊ အရပ် ၅ ပေ ၈ လက်မခန့်၊ အသားညိုညို ၃ ဦး၊ အသက် ၃၀ ကနေ ၃၅ နှစ်ကြား၊ အရပ် ၅ ပေ ၅ လက်မခန့်၊ အသားဖြူဖြူ ၂ ဦး၊ အရပ် ၅ ပေ ၃ လက်မခန့်၊ အသားလတ်လတ် ၃ ဦး၊ အသက် ၄၅ နှစ်ခန့်၊ အရပ် ၅ ပေ ၆ လက်မခန့်၊ အသားလတ်လတ် ၃ ဦး၊ အသက် ၅၀ နှစ်ခန့်၊ အရပ် ၅ ပေ ၈ လက်မခန့်၊ အသားလတ်လတ် ၂ ဦး၊ အမျိုးသမီး-အသက်၂၅ နှစ်ခန့်၊ အရပ် ၅ ပေ ၅ လက်မခန့်၊ အသားလတ်လတ် ၁ ဦး၊ အသက် ၂၀ မှ ၂၃ နှစ် ကြား၊ အရပ် ၅ ပေ ၂ လက်မခန့်၊ အသားညိုညို ၂ ဦး၊ အသက် ၂၀ ခန့်၊ အရပ် ၅ ပေခန့်၊ အသားညိုညို ၂ ဦး ဖြစ်ပါတယ်။ သရုပ်ဆောင်သစ်ခေါ်ယူမှုအတွက် ဖေ့စ်ဘွတ်ခ်မှတဆင့် လျှောက်ထားမှုကို လက်ခံမှာ မဟုတ်ဘဲ အသေးစိတ် သိရှိလိုသူတွေအနေနဲ့ Home of Media & Entertainment၊ အမှတ် ၄၆ (မြေညီထပ်)၊ ၁၆၅ လမ်း(လမ်းရှည်)၊ တာမွေကြီး(ခ)ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း -၀၁ ၅၄၀၀ ၄၅၊ အီးမေးလ်[email protected] သို့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။
Live
About DVB
The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.
Follow Us
© Democratic Voice of Burma 2024