ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၂) ရဲစခန်းအနောက်ဘက်မှာ စက်တင်ဘာ ၃ ရက် ယမန်နေ့ညက အမည်မသိ သေနတ်သမားက ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်သွားပါတယ်။
အဆိုပါ ရဲစခန်းဟာ လားရှိုးမြို့ ရပ်ကွက် ၁၂ ရပ်ကွက် ခိုလောင်းအုပ်စုထဲမှာရှိပြီး အမည်မသိ သေနတ်သမားက ၂ ချက်ပစ်ခတ်သွားတာကြောင့် ရဲတပ်ဖွဲ့က ပြန်ပြီးလိုက်လံပစ်ခတ်ခဲ့တယ်လို့ လားရှိုး ဒေသခံ စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီနားနေတဲ့လူတွေ ပြန်ပြောပြတာကတော့ မနေ့ည ၇ နာရီခွဲလောက်မှာ ဆိုင်ကယ်စီးတဲ့ လူ ၂ ယောက်က ရဲစခန်းအနောက်ဘက်လမ်းကနေ ပစ်ခတ်သွားတယ်။ သေနတ်သံ ၂ ချက် ကြားပြီး ရဲတွေကပြန်ပြီးတော့ ပစ်လိုက်တဲ့အသံ လေးငါးချက်ကြားတယ်လို့ ပြောတယ်။ အပျက်အစီးတော့ မရှိပါဘူး။ ဒါပေမယ့် အသံကကျယ်တော့ ကြောက်ကြတာပေါ့။ ပဲ့တင်သံ ထပ်တော့ ကိုယ်နဲ့နီးနီးလေးလို့ဘဲ ထင်တာ။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး လားရှိုးအမှတ် (၂) ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
လားရှိုးမြို့စွန် သိန္နီသွားလမ်းပေါ်မှာ ပြီးခဲ့တဲ့လက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ မြန်မာ့ တပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွါးပြီး ဓာတ်ဆီဆိုင်တဆိုင် လက်နက်ကြီးကျည်ထိမှန်မီးလောင်ခဲ့ သလို ကုန်းဆာအုပ်စုထဲမှာလည်း လက်နက်ကြီးကျရောက်ပြီး ရွာသား ၁ ဦးသေဆုံးခဲ့ပါတယ်။
လားရႈိးရဲစခန္းကို အမည္မသိေသနတ္သမား ပစ္ခတ္သြား နန္းျမနဒီ ရွမ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕ အမွတ္ (၂) ရဲစခန္းအေနာက္ဘက္မွာ စက္တင္ဘာ ၃ ရက္ ယမန္ေန႔ညက အမည္မသိ ေသနတ္သမားက ဆိုင္ကယ္နဲ႔ လာေရာက္ပစ္ခတ္သြားပါတယ္။
အဆိုပါ ရဲစခန္းဟာ လားရႈိးၿမိဳ႕ ရပ္ကြက္ ၁၂ ရပ္ကြက္ ခိုေလာင္းအုပ္စုထဲမွာရွိၿပီး အမည္မသိ ေသနတ္သမားက ၂ ခ်က္ပစ္ခတ္သြားတာေၾကာင့္ ရဲတပ္ဖြဲ႕က ျပန္ၿပီးလိုက္လံပစ္ခတ္ခဲ့တယ္လို႔ လားရႈိး ေဒသခံ စိုင္းဟန္က ဒီဗြီဘီကို ေျပာပါတယ္။ “အဲဒီနားေနတဲ့လူေတြ ျပန္ေျပာျပတာကေတာ့ မေန႔ည ၇ နာရီခြဲေလာက္မွာ ဆိုင္ကယ္စီးတဲ့ လူ ၂ ေယာက္က ရဲစခန္းအေနာက္ဘက္လမ္းကေန ပစ္ခတ္သြားတယ္။ ေသနတ္သံ ၂ ခ်က္ ၾကားၿပီး ရဲေတြကျပန္ၿပီးေတာ့ ပစ္လိုက္တဲ့အသံ ေလးငါးခ်က္ၾကားတယ္လို႔ ေျပာတယ္။ အပ်က္အစီးေတာ့ မရွိပါဘူး။ ဒါေပမယ့္ အသံကက်ယ္ေတာ့ ေၾကာက္ၾကတာေပါ့။ ပဲ့တင္သံ ထပ္ေတာ့ ကိုယ္နဲ႔နီးနီးေလးလို႔ဘဲ ထင္တာ။” ဒီကိစၥနဲ႔ ပတ္သက္ၿပီး လားရႈိးအမွတ္ (၂) ရဲစခန္းကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ မရေသးပါဘူး။ လားရႈိးၿမိဳ႕စြန္ သိႏၷီသြားလမ္းေပၚမွာ ၿပီးခဲ့တဲ့လက ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕နဲ႔ ျမန္မာ့ တပ္မေတာ္တို႔ ပစ္ခတ္မႈျဖစ္ပြါးၿပီး ဓာတ္ဆီဆိုင္တဆိုင္ လက္နက္ႀကီးက်ည္ထိမွန္မီးေလာင္ခဲ့ သလို ကုန္းဆာအုပ္စုထဲမွာလည္း လက္နက္ႀကီးက်ေရာက္ၿပီး ႐ြာသား ၁ ဦးေသဆုံးခဲ့ပါတယ္။