မာလီနိုင်ငံတွင် သုံးထပ်အဆောက်အဦပြိုကျ၊ လူ ၁၅ ယောက် သေဆုံး

မာလီနိုင်ငံရဲ့ မြို့တော် ဘာမာကိုမှာ သုံးထပ်တိုက် အဆောက်အဦတလုံး ပြိုကျလို့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင်အပြီးမှာ လူ ၁၅ ယောက် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ မာလီ လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။ လူတွေ စပြီး နေနေတဲ့ ဆောက်လုပ်ဆဲ လူနေအဆောက်အဦဟာ တနင်္ဂနွေ အစောပိုင်းမှာ ပြိုကျခဲ့တာပါ။ မီးသတ်သမားတွေက အပျက်အစီးတွေအောက်က လူတွေကို တနေကုန် ဆွဲထုတ် ကယ်ဆယ်ခဲ့ပါတယ်။ လူ ၂၆ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ လုံခြုံရေးဝန်ကြီးဌာန ပြောခွင့်ရက ရိုက်တာ သတင်းဌာနကို တယ်လီဖုန်းနဲ့ အတည်ပြု ပြောဆိုပါတယ်။ ရှင်သန် ကျန်ရစ်သူ အများစုက ဒဏ်ရာတွေ ရထားတယ်လို့ နိုင်ငံပိုင် ရေဒီယို ORTM က အစီရင်ခံပါတယ်။  ဆောက်လုပ်ရေး စံချိန်စံညွှန်းတွေကို လေးစားမှု ကင်းမဲ့တာက ပြိုကျရတဲ့ အကြောင်းရင်း ဖြစ်ပုံရတယ်လို့ အစိုးရက ပြောပါတယ်။ ဒီအဆောက်အဦကို ဆက်မဆောက်ဖို့ ပိုင်ရှင်ကို အကြိမ်အတော်များများ ကြိုးစား တားမြစ်ခဲ့တယ်လို့ လုပ်ငန်းခွင်နားက အိမ်နီးချင်း တယောက်က ပြောပါတယ်။ ပြိုကျရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီလို့ အစိုးရက တွစ်တာ လူမှုကွန်ရက်ကနေ ရေးပါတယ်။ ကမ္ဘာ့အမြန်ဆုံး တိုးတက်နေတဲ့ မြို့တွေထဲက တမြို့ဖြစ်တဲ့ ဘာမာကိုမှာ ပြိုကျတဲ့ အဆောက်အဦ အများစုဟာ ဆောက်လုပ်ခွင့် မရှိဘဲ တည်ဆောက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဓာတ်ပုံ- Reuters ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မာလီႏိုင္ငံတြင္ သုံးထပ္အေဆာက္အဦၿပိဳက်၊ လူ ၁၅ ေယာက္ ေသဆုံး မာလီႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ဘာမာကိုမွာ သုံးထပ္တိုက္ အေဆာက္အဦတလုံး ၿပိဳက်လို႔ ရွာေဖြ ကယ္ဆယ္ေရး လုပ္ေဆာင္အၿပီးမွာ လူ ၁၅ ေယာက္ ေသဆုံးေၾကာင္း အတည္ျပဳႏိုင္ခဲ့တယ္လို႔ မာလီ လုံၿခဳံေရးဝန္ႀကီးဌာနက စက္တင္ဘာ ၂ ရက္မွာ ေျပာပါတယ္။ လူေတြ စၿပီး ေနေနတဲ့ ေဆာက္လုပ္ဆဲ လူေနအေဆာက္အဦဟာ တနဂၤေႏြ အေစာပိုင္းမွာ ၿပိဳက်ခဲ့တာပါ။ မီးသတ္သမားေတြက အပ်က္အစီးေတြေအာက္က လူေတြကို တေနကုန္ ဆြဲထုတ္ ကယ္ဆယ္ခဲ့ပါတယ္။ လူ ၂၆ ေယာက္ကို အသက္ရွင္လ်က္ ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ လုံၿခဳံေရးဝန္ႀကီးဌာန ေျပာခြင့္ရက ႐ိုက္တာ သတင္းဌာနကို တယ္လီဖုန္းနဲ႔ အတည္ျပဳ ေျပာဆိုပါတယ္။ ရွင္သန္ က်န္ရစ္သူ အမ်ားစုက ဒဏ္ရာေတြ ရထားတယ္လို႔ ႏိုင္ငံပိုင္ ေရဒီယို ORTM က အစီရင္ခံပါတယ္။  ေဆာက္လုပ္ေရး စံခ်ိန္စံၫႊန္းေတြကို ေလးစားမႈ ကင္းမဲ့တာက ၿပိဳက်ရတဲ့ အေၾကာင္းရင္း ျဖစ္ပုံရတယ္လို႔ အစိုးရက ေျပာပါတယ္။ ဒီအေဆာက္အဦကို ဆက္မေဆာက္ဖို႔ ပိုင္ရွင္ကို အႀကိမ္အေတာ္မ်ားမ်ား ႀကိဳးစား တားျမစ္ခဲ့တယ္လို႔ လုပ္ငန္းခြင္နားက အိမ္နီးခ်င္း တေယာက္က ေျပာပါတယ္။ ၿပိဳက်ရတဲ့ အေၾကာင္းရင္းကို အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနၿပီလို႔ အစိုးရက တြစ္တာ လူမႈကြန္ရက္ကေန ေရးပါတယ္။ ကမာၻ႔အျမန္ဆုံး တိုးတက္ေနတဲ့ ၿမိဳ႕ေတြထဲက တၿမိဳ႕ျဖစ္တဲ့ ဘာမာကိုမွာ ၿပိဳက်တဲ့ အေဆာက္အဦ အမ်ားစုဟာ ေဆာက္လုပ္ခြင့္ မရွိဘဲ တည္ေဆာက္ခဲ့ၾကတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ ဓာတ္ပုံ- Reuters

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up