Home
အနုပညာ
နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင် - IT Chapter Two စက်တင်ဘာ ၆ ရက် ရုံတင်မည်(ရုပ်သံနမူနာ)
DVB
·
September 4, 2019
ရုံတင်ဝင်ငွေ စံချိန်ချိုးခဲ့တဲ့ နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကား IT ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားတကားဖြစ်တဲ့ IT Chapter Two ကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Supernatural Horror အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကို  နာမည်ကြီး Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးကနေ တင်ဆက်လိုက်တာဖြစ်ပြီး အရင် IT ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ အာဂျင်တီးနား ရုပ်ရှင်ဒါရိုက်တာ Andy Muschietti ကပဲ  ထပ်မံပြီးတော့ ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ အမေရိကန် နာမည်ကြီးစာရေးဆရာ စတီဖင်ကင်းရဲ့ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ IT ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပထမရုပ်ရှင်ကား IT ထဲမှာတော့ Derry မြို့ငယ်လေးကို ရောက်ရှိလာခဲ့တဲ့ ချောက်ချားစရာ သွင်ပြင်နဲ့ မိစ္ဆာကောင်ကြီး Pennywise နဲ့ လူငယ်လေးတစုက ရင်ဆိုင်ခဲ့ကြရတာကို ရှုစားခဲ့ကြရတာဖြစ်ပါတယ်။ နောက်ဆက်တွဲရုပ်ရှင် Chapter Two ထဲမှာတော့ အချိန် ၂၇ နှစ်ကြာပြီးနောက်မှာ အဲဒီမြို့ကလေးကို Pennywise ပြန်ရောက်လာသလို သူ့ကို လက်စရှင်းဖို့ အရွယ်ရောက်ခဲ့ပြီဖြစ်တဲ့ Losers' Club က လူငယ်လေးတွေကလည်း မြို့လေးကို ပြန်ရောက်လာကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။  ဘယ်လို သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသား James McAvoy ပါဝင်လာခဲ့ပြီး သူနဲ့အတူ တခြား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Jessica Chastain၊ Bill Hader၊ Isaiah Mustafa နဲ့ Jay Ryan တို့ကလည်း အတွဲညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ပြကွင်း ပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၃၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တဲ့ ပထမဆုံး IT ရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိခဲ့ပြီး စံချိန်တင်နိုင်ခဲ့တာမို့ ခုနောက်ဆက်တွဲရုပ်ရှင်ကရော စံချိန်ချိုးနိုင်ပါ့မလား ဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၇၀ ရှိတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာတော့ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၃ သန်းကျော် ရှိနေခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version နာမည္ႀကီး ေဟာလိဝုဒ္ ႐ုပ္ရွင္ - IT Chapter Two စက္တင္ဘာ ၆ ရက္ ႐ုံတင္မည္(႐ုပ္သံနမူနာ) ႐ုံတင္ဝင္ေငြ စံခ်ိန္ခ်ိဳးခဲ့တဲ့ နာမည္ႀကီး ေဟာလိဝုဒ္႐ုပ္ရွင္ကား IT ရဲ႕ ေနာက္ဆက္တြဲ ႐ုပ္ရွင္ကားတကားျဖစ္တဲ့ IT Chapter Two ကို လာမယ့္ စက္တင္ဘာလ ၆ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ Supernatural Horror အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကို  နာမည္ႀကီး Warner Bros. ႐ုပ္ရွင္ထုတ္လုပ္ေရးကေန တင္ဆက္လိုက္တာျဖစ္ၿပီး အရင္ IT ႐ုပ္ရွင္ကားကို ႐ိုက္ကူးခဲ့တဲ့ အာဂ်င္တီးနား ႐ုပ္ရွင္ဒါ႐ိုက္တာ Andy Muschietti ကပဲ  ထပ္မံၿပီးေတာ့ ပုံေဖာ္႐ိုက္ကူးေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားဟာ အေမရိကန္ နာမည္ႀကီးစာေရးဆရာ စတီဖင္ကင္းရဲ႕ ၁၉၈၆ ခုႏွစ္က ထြက္ရွိခဲ့တဲ့ IT ဝတၳဳကို အေျခခံၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ပထမ႐ုပ္ရွင္ကား IT ထဲမွာေတာ့ Derry ၿမိဳ႕ငယ္ေလးကို ေရာက္ရွိလာခဲ့တဲ့ ေခ်ာက္ခ်ားစရာ သြင္ျပင္နဲ႔ မိစာၦေကာင္ႀကီး Pennywise နဲ႔ လူငယ္ေလးတစုက ရင္ဆိုင္ခဲ့ၾကရတာကို ရႈစားခဲ့ၾကရတာျဖစ္ပါတယ္။ ေနာက္ဆက္တြဲ႐ုပ္ရွင္ Chapter Two ထဲမွာေတာ့ အခ်ိန္ ၂၇ ႏွစ္ၾကာၿပီးေနာက္မွာ အဲဒီၿမိဳ႕ကေလးကို Pennywise ျပန္ေရာက္လာသလို သူ႔ကို လက္စရွင္းဖို႔ အ႐ြယ္ေရာက္ခဲ့ၿပီျဖစ္တဲ့ Losers' Club က လူငယ္ေလးေတြကလည္း ၿမိဳ႕ေလးကို ျပန္ေရာက္လာၾကတဲ့အခါ ဘာေတြ ဆက္ျဖစ္လာမလဲ။  ဘယ္လို ေသြးပ်က္ထိတ္လန႔္စရာေကာင္းတဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ဖန္တီးထားမလဲ ဆိုတာကိုေတာ့ မၾကာခင္မွာပဲ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ နာမည္ႀကီး ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသား James McAvoy ပါဝင္လာခဲ့ၿပီး သူနဲ႔အတူ တျခား သ႐ုပ္ေဆာင္ မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ Jessica Chastain၊ Bill Hader၊ Isaiah Mustafa နဲ႔ Jay Ryan တို႔ကလည္း အတြဲညီညီ ပါဝင္ထားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ ေသြးပ်က္ထိတ္လန႔္စရာ ျမင္ကြင္းေတြ၊ ျပကြင္း ျပကြက္ေတြနဲ႔ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ ဘတ္ဂ်တ္ အေမရိကန္ေဒၚလာ ၃၅ သန္း အကုန္အက်ခံ ႐ိုက္ကူးခဲ့တဲ့ ပထမဆုံး IT ႐ုပ္ရွင္ကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္မွာ ႐ုံတင္ျပသခဲ့ၿပီး Box Office မွာ ဝင္ေငြ အေမရိကန္ေဒၚလာ သန္း ၇၀၀ ေက်ာ္ရရွိခဲ့ၿပီး စံခ်ိန္တင္ႏိုင္ခဲ့တာမို႔ ခုေနာက္ဆက္တြဲ႐ုပ္ရွင္ကေရာ စံခ်ိန္ခ်ိဳးႏိုင္ပါ့မလား ဆိုတာကို ပရိသတ္ေတြက စိတ္ဝင္စားေနၾကပါတယ္။ ၾကာျမင့္ခ်ိန္ မိနစ္ ၁၇၀ ရွိတဲ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ယူက်ဳဘ္ေပၚမွာေတာ့ လတ္တေလာအခ်ိန္ထိ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂၃ သန္းေက်ာ္ ရွိေနခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024