ဒိုရီယန် ဟာရီကိန်းမုန်တိုင်းကြောင့် ဘဟားမားကျွန်းစုတွင် လူ ၅ ဦးထက် မနည်းသေဆုံး

ဟာရီကိန်း ဒိုရီယန်ဝင်ရောက်တဲ့ ဘဟားမားကျွန်းစုမှာ လူ ၅ ယောက်ထက် မနည်း သေဆုံးတယ်လို့ ဝန်ကြီးချုပ် ဟူးဘတ် မင်နစ်က စက်တင်ဘာလ ၂ ရက်နေ့မှာ ကြေညာပါတယ်။
ဟာရီကိန်း ဒိုရီယန်ကြောင့် အိမ်အမိုး လန်ထွက်တာ၊ ဓာတ်တိုင်တွေ ပြိုလဲတာနဲ့ နေအိမ် ရေနစ်မြုပ်တာတွေ ဖြစ်ခဲ့ပါတယ်။
ဒိုရီယန်ကြောင့် နေအိမ် ၁၃၀၀၀ ပျက်စီးခဲ့တယ်လို့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ်က ပြောပါတယ်။
ဝန်ကြီးချုပ် မင်နစ်က ဘဟားမားမြောက်ပိုင်းဒေသတွေမှာ ဟာရီကိန်းဒဏ် ခံစားရပြီး အခုအခါ ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို အာရုံစိုက်နေတယ်လို့ သူက ပြောပါတယ်။
မုန်တိုင်းဗဟိုချက် ဖြတ်မသွားမချင်း အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ ဒေသခံတွေကို အမျိုးသား ဟာရီကိန်းစင်တာ (NHC) က သတိပေးထားပါတယ်။ မုန်တိုင်းဗဟိုချက်ဟာ လေတိုက်နှုန်း အားအပြင်းဆုံး ဖြစ်ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ အစောပိုင်းက ဒိုရီယန်ဟာ ဂရန်းဘဟားမားကျွန်းကို ၃၆ နာရီကြာ ဝင်ရောက်ပြီး စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းအထိ ဆက်ရှိနေမယ်လို့ (NHC) က သတင်းထုတ်ပြန်ပါတယ်။
ဓာတ်ပုံ- AP
~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဒိုရီယန္ ဟာရီကိန္းမုန္တိုင္းေၾကာင့္ ဘဟားမားကြၽန္းစုတြင္ လူ ၅ ဦးထက္ မနည္းေသဆုံး
ဟာရီကိန္း ဒိုရီယန္ဝင္ေရာက္တဲ့ ဘဟားမားကြၽန္းစုမွာ လူ ၅ ေယာက္ထက္ မနည္း ေသဆုံးတယ္လို႔ ဝန္ႀကီးခ်ဳပ္ ဟူးဘတ္ မင္နစ္က စက္တင္ဘာလ ၂ ရက္ေန႔မွာ ေၾကညာပါတယ္။
ဟာရီကိန္း ဒိုရီယန္ေၾကာင့္ အိမ္အမိုး လန္ထြက္တာ၊ ဓာတ္တိုင္ေတြ ၿပိဳလဲတာနဲ႔ ေနအိမ္ ေရနစ္ျမဳပ္တာေတြ ျဖစ္ခဲ့ပါတယ္။
ဒိုရီယန္ေၾကာင့္ ေနအိမ္ ၁၃၀၀၀ ပ်က္စီးခဲ့တယ္လို႔ ႏိုင္ငံတကာၾကက္ေျခနီနဲ႔ လျခမ္းနီ အဖြဲ႕ခ်ဳပ္က ေျပာပါတယ္။
ဝန္ႀကီးခ်ဳပ္ မင္နစ္က ဘဟားမားေျမာက္ပိုင္းေဒသေတြမွာ ဟာရီကိန္းဒဏ္ ခံစားရၿပီး အခုအခါ ရွာေဖြကယ္ဆယ္ေရးနဲ႔ ျပန္လည္ထူေထာင္ေရးေတြကို အာ႐ုံစိုက္ေနတယ္လို႔ သူက ေျပာပါတယ္။
မုန္တိုင္းဗဟိုခ်က္ ျဖတ္မသြားမခ်င္း အိမ္ထဲက အိမ္ျပင္မထြက္ၾကဖို႔ ေဒသခံေတြကို အမ်ိဳးသား ဟာရီကိန္းစင္တာ (NHC) က သတိေပးထားပါတယ္။ မုန္တိုင္းဗဟိုခ်က္ဟာ ေလတိုက္ႏႈန္း အားအျပင္းဆုံး ျဖစ္ပါတယ္။
စက္တင္ဘာလ ၂ ရက္ေန႔ အေစာပိုင္းက ဒိုရီယန္ဟာ ဂရန္းဘဟားမားကြၽန္းကို ၃၆ နာရီၾကာ ဝင္ေရာက္ၿပီး စက္တင္ဘာလ ၃ ရက္ေန႔ မနက္ပိုင္းအထိ ဆက္ရွိေနမယ္လို႔ (NHC) က သတင္းထုတ္ျပန္ပါတယ္။
ဓာတ္ပုံ- AP