ရွေးကောက်ပွဲ မကျင်းပလိုဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

1.9K
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရွေးကောက်ပွဲ မကျင်းပလိုဘူးလို့ ပြောလိုက်ပြီး ဘရက်ဆစ်ကိစ္စအချိန်ဆွဲရေး မဲမပေးကြဖို့ ပါလီမန်အမတ်တွေကို စက်တင်ဘာ ၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်ပါလီမန် အမတ်တွေက ဘရက်ဆစ် သက်တမ်းထပ်တိုးရေး စက်တင်ဘာ ၃ ရက်နေ့မှာ ဆွေးနွေးပြီး ဥပဒေပြဋ္ဌာန်းဖို့ စီစဉ်ထားပါတယ်။ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်အနေနဲ့ ဒီရည်ရွက်ချက်မှာ စည်းလုံးကြောင်း အီးယူကို ပြသတဲ့အနေနဲ့ ပါလီမန် အမတ်အားလုံးဟာ ဂျရယ်မီကိုဘင်ရဲ့ အဆိုပြုချက်ကို ဆန့်ကျင်မဲပေးသင့်တယ်လို့ ဆိုပါတယ်။
သူ့အနေနဲ့ အီးယူကို အချိန်ထပ်ပေးဖို့ တောင်းဆိုမှာ မဟုတ်ကြောင်း အားလုံးကို သိစေလိုတယ်လို့ ဂျွန်ဆင်က ပြောပါတယ်။
ဗြိတိန်အနေနဲ့ ဘယ်နည်းနဲ့မဆို အောက်တိုဘာ ၃၁ ရက်မှာ အီးယူကနေ နုတ်ထွက်မယ်လို့ ဂျွန်ဆင်ကဆိုပြီး ကတိကဝတ်တွေကို ရုပ်သိမ်းမယ့် ဒါမှမဟုတ် ဆန္ဒခံယူပွဲကို ပယ်ဖျက်မယ့် ဘယ်လို ကြိုးပမ်းချက်ကိုမဆို လက်ခံမှာ မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ပါလီမန်ကို ခေတ္တဆိုင်းငံ့ဖို့ ဝန်ကြီးချုပ်ဂျွန်ဆင် ကြိုးပမ်းပြီးနောက် အီးယူကနေ သဘောတူညီချက်မရဘဲ နုတ်ထွက်မှာကို ဆန့်ကျင်သူတွေက ဂျွန်ဆင် ဆုံးဖြတ်ချက်ကို ရုံးတော်မှာ ပယ်ဖျက်ဖို့ ကြိုးပမ်းနေပါတယ်။
အဲဒီအတွက် စက်တင်ဘာ ၃ ရက် ၊ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကြားနာမယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ- Mirror
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေ႐ြးေကာက္ပြဲ မက်င္းပလိုဟု ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေျပာ
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က ေ႐ြးေကာက္ပြဲ မက်င္းပလိုဘူးလို႔ ေျပာလိုက္ၿပီး ဘရက္ဆစ္ကိစၥအခ်ိန္ဆြဲေရး မဲမေပးၾကဖို႔ ပါလီမန္အမတ္ေတြကို စက္တင္ဘာ ၂ ရက္ေန႔မွာ တိုက္တြန္းလိုက္ပါတယ္။
ၿဗိတိန္ပါလီမန္ အမတ္ေတြက ဘရက္ဆစ္ သက္တမ္းထပ္တိုးေရး စက္တင္ဘာ ၃ ရက္ေန႔မွာ ေဆြးေႏြးၿပီး ဥပေဒျပ႒ာန္းဖို႔ စီစဥ္ထားပါတယ္။ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က ၿဗိတိန္အေနနဲ႔ ဒီရည္႐ြက္ခ်က္မွာ စည္းလုံးေၾကာင္း အီးယူကို ျပသတဲ့အေနနဲ႔ ပါလီမန္ အမတ္အားလုံးဟာ ဂ်ရယ္မီကိုဘင္ရဲ႕ အဆိုျပဳခ်က္ကို ဆန႔္က်င္မဲေပးသင့္တယ္လို႔ ဆိုပါတယ္။
သူ႔အေနနဲ႔ အီးယူကို အခ်ိန္ထပ္ေပးဖို႔ ေတာင္းဆိုမွာ မဟုတ္ေၾကာင္း အားလုံးကို သိေစလိုတယ္လို႔ ဂြၽန္ဆင္က ေျပာပါတယ္။
ၿဗိတိန္အေနနဲ႔ ဘယ္နည္းနဲ႔မဆို ေအာက္တိုဘာ ၃၁ ရက္မွာ အီးယူကေန ႏုတ္ထြက္မယ္လို႔ ဂြၽန္ဆင္ကဆိုၿပီး ကတိကဝတ္ေတြကို ႐ုပ္သိမ္းမယ့္ ဒါမွမဟုတ္ ဆႏၵခံယူပြဲကို ပယ္ဖ်က္မယ့္ ဘယ္လို ႀကိဳးပမ္းခ်က္ကိုမဆို လက္ခံမွာ မဟုတ္ဘူးလို႔ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္က ပါလီမန္ကို ေခတၱဆိုင္းငံ့ဖို႔ ဝန္ႀကီးခ်ဳပ္ဂြၽန္ဆင္ ႀကိဳးပမ္းၿပီးေနာက္ အီးယူကေန သေဘာတူညီခ်က္မရဘဲ ႏုတ္ထြက္မွာကို ဆန႔္က်င္သူေတြက ဂြၽန္ဆင္ ဆုံးျဖတ္ခ်က္ကို ႐ုံးေတာ္မွာ ပယ္ဖ်က္ဖို႔ ႀကိဳးပမ္းေနပါတယ္။
အဲဒီအတြက္ စက္တင္ဘာ ၃ ရက္ ၊ ၅ ရက္နဲ႔ ၆ ရက္ေန႔မွာ ၾကားနာမယ္လို႔ ႐ိုက္တာ သတင္းမွာ ေဖာ္ျပထားပါတယ္။
ဓာတ္ပုံ- Mirror