Live
Home
မြန်မာသတင်း
ရာသီတုပ်ကွေး H1N1 ဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း လျော့ကျသွား
ပိုင်စိုး
·
September 3, 2019
မြန်မာနိုင်ငံတဝန်း ရာသီတုပ်ကွေး H1N1 ဖြစ်ပွားတာနဲ့ သေဆုံးနှုန်းဟာ အခုတော့ လျော့ကျသွားပြီလို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေအရသိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက နေ့စဉ် ကူးစက်၊ သေဆုံးသူဦးရေ မြင့်တက်နေပြီး တရက်ကို ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ယောက်ဝန်းကျင်တွေ့နေပြီး တရက်မှာ ၃၊ ၄ ယောက်သေဆုံးနေခဲ့တာပါ။ စက်တင်ဘာ ၂ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ ၆၄၈ ယောက်ရှိပြီး သေဆုံးသူကတော့ ၁၀၈ ယောက်ရှိပြီဖြစ်ပါတယ်။ သြဂုတ် ၃၀ ရက်က ဓာတ်ခွဲအတည်ပြုလူနာ ၆၄၄ ယောက်ရှိနဲ့ သေဆုံးသူကတော့ ၁၀၆ ယောက် ရှိခဲ့တာကြောင့် ၃ ရက်အတွင်း အတည်ပြုလူနာ ၄ ယောက်နဲ့ သေဆုံးသူ ၂ ယောက်ပဲ တိုးလာခဲ့ပါတယ်။ သြဂုတ် ၂၆ ရက်က အတည်ပြုလူနာ ၅၉၃ ယောက်၊ သေဆုံးသူ ၁၀၅ ယောက်၊ သြဂုတ် ၁၉ ရက်က အတည်ပြုလူနာ ၅၅၂ ယောက်နဲ့ သေဆုံးသူ ၉၉ ယောက် ရှိနေပြီး ဆေးရုံရောက်လူနာတွေကို ဓာတ်ခွဲစမ်းသပ်ပြီး အတည်ပြုပေးတာဖြစ်လို့ လူနာတိုးလာတာကို တွေ့ရပေမယ့် သေဆုံးတဲ့နှုန်း ကတော့ နည်းသွားခဲ့ပါတယ်။ သြဂုတ် ၂ ရက်နေ့က အတည်ပြုလူနာ ၄၄၉ ယောက်ရှိခဲ့လို့ တလအတွင်း ၁၉၉ ယောက်တိုးလာပြီး သေဆုံးသူကတော့ ၂၃ ယောက်ရှိပါတယ်။ အခုတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းကလွဲရင် တနိုင်ငံလုံးမှာ လူနာတွေ့ခဲ့တာဖြစ်ပြီး နေပြည်တော်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းမြောက်နဲ့ အရှေ့ပိုင်းတို့မှာတော့ သေဆုံးလူနာ မရှိပါဘူး။ ရန်ကုန်မှာ ၆၈ ယောက်သေဆုံးခဲ့လို့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းမှာ ၁၃ ယောက်၊ ပဲခူးတိုင်းမှာ ၁၀ ယောက်နဲ့ အများဆုံးသေဆုံးခဲ့ပါတယ်။ ရာသီတုပ်ကွေး H1N1 ဟာ သက်ကြီးရွယ်အို၊ ၅ နှစ်အောက်ကလေးတွေနဲ့ နာတာရှည်ရောဂါ ရှိသူတွေမှာ ရောဂါပိုးကူးစက်ရင် ပိုမိုပြင်းထန်နိုင်လို့ ဂရုပြုသင့်ပါတယ်။ ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။ တုပ်ကွေးရောဂါ မဖြစ်စေဖိုနဲ့ ကူးစက်တာကိုကာကွယ်ဖို့ လက်ဆေးတာ၊ နှာချေ၊ ချောင်းဆိုးရင်ပါးစပ်နဲ့ နှာခေါင်းကိုအုပ်ပြီးဆိုးတာ၊ လူထူထပ်တဲ့နေရာ အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့နဲ့ ဖျားနာပြီး အသက်ရှူကြပ်ရင် ချက်ချင်း ဆေးရုံဆေးခန်းပြသဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အကြံပြုထုတ်ပြန်ထားပါတယ်။
ရာသီတုပ္ေကြး H1N1 ျဖစ္ပြားႏႈန္းႏွင့္ ေသဆုံးႏႈန္း ေလ်ာ့က်သြား ပိုင္စိုး ျမန္မာႏိုင္ငံတဝန္း ရာသီတုပ္ေကြး H1N1 ျဖစ္ပြားတာနဲ႔ ေသဆုံးႏႈန္းဟာ အခုေတာ့ ေလ်ာ့က်သြားၿပီလို႔ ျပည္သူ႔ က်န္းမာေရး ဦးစီးဌာနက ထုတ္ျပန္တဲ့အခ်က္အလက္ေတြအရသိရပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြက ေန႔စဥ္ ကူးစက္၊ ေသဆုံးသူဦးေရ ျမင့္တက္ေနၿပီး တရက္ကို ဓာတ္ခြဲအတည္ျပဳလူနာ ၁၀ ေယာက္ဝန္းက်င္ေတြ႕ေနၿပီး တရက္မွာ ၃၊ ၄ ေယာက္ေသဆုံးေနခဲ့တာပါ။ စက္တင္ဘာ ၂ ရက္ေန႔အထိ ဓာတ္ခြဲအတည္ျပဳလူနာ ၆၄၈ ေယာက္ရွိၿပီး ေသဆုံးသူကေတာ့ ၁၀၈ ေယာက္ရွိၿပီျဖစ္ပါတယ္။ ၾသဂုတ္ ၃၀ ရက္က ဓာတ္ခြဲအတည္ျပဳလူနာ ၆၄၄ ေယာက္ရွိနဲ႔ ေသဆုံးသူကေတာ့ ၁၀၆ ေယာက္ ရွိခဲ့တာေၾကာင့္ ၃ ရက္အတြင္း အတည္ျပဳလူနာ ၄ ေယာက္နဲ႔ ေသဆုံးသူ ၂ ေယာက္ပဲ တိုးလာခဲ့ပါတယ္။ ၾသဂုတ္ ၂၆ ရက္က အတည္ျပဳလူနာ ၅၉၃ ေယာက္၊ ေသဆုံးသူ ၁၀၅ ေယာက္၊ ၾသဂုတ္ ၁၉ ရက္က အတည္ျပဳလူနာ ၅၅၂ ေယာက္နဲ႔ ေသဆုံးသူ ၉၉ ေယာက္ ရွိေနၿပီး ေဆး႐ုံေရာက္လူနာေတြကို ဓာတ္ခြဲစမ္းသပ္ၿပီး အတည္ျပဳေပးတာျဖစ္လို႔ လူနာတိုးလာတာကို ေတြ႕ရေပမယ့္ ေသဆုံးတဲ့ႏႈန္း ကေတာ့ နည္းသြားခဲ့ပါတယ္။ ၾသဂုတ္ ၂ ရက္ေန႔က အတည္ျပဳလူနာ ၄၄၉ ေယာက္ရွိခဲ့လို႔ တလအတြင္း ၁၉၉ ေယာက္တိုးလာၿပီး ေသဆုံးသူကေတာ့ ၂၃ ေယာက္ရွိပါတယ္။ အခုေတာ့ ရွမ္းျပည္နယ္အေရွ႕ပိုင္းကလြဲရင္ တႏိုင္ငံလုံးမွာ လူနာေတြ႕ခဲ့တာျဖစ္ၿပီး ေနျပည္ေတာ္၊ ကယား၊ ကရင္၊ ခ်င္း၊ ရွမ္းေျမာက္နဲ႔ အေရွ႕ပိုင္းတို႔မွာေတာ့ ေသဆုံးလူနာ မရွိပါဘူး။ ရန္ကုန္မွာ ၆၈ ေယာက္ေသဆုံးခဲ့လို႔ အမ်ားဆုံးျဖစ္ၿပီး ဧရာဝတီတိုင္းမွာ ၁၃ ေယာက္၊ ပဲခူးတိုင္းမွာ ၁၀ ေယာက္နဲ႔ အမ်ားဆုံးေသဆုံးခဲ့ပါတယ္။ ရာသီတုပ္ေကြး H1N1 ဟာ သက္ႀကီး႐ြယ္အို၊ ၅ ႏွစ္ေအာက္ကေလးေတြနဲ႔ နာတာရွည္ေရာဂါ ရွိသူေတြမွာ ေရာဂါပိုးကူးစက္ရင္ ပိုမိုျပင္းထန္ႏိုင္လို႔ ဂ႐ုျပဳသင့္ပါတယ္။ ရာသီတုပ္ေကြးေရာဂါ လကၡဏာေတြကေတာ့ ဖ်ားတာ၊ ေခ်ာင္းဆိုးတာ၊ လည္ေခ်ာင္းနာ ႏွာရည္ယိုတာနဲ႔ ကိုယ္လက္နာက်င္ကိုက္ခဲၿပီး ေခါင္းကိုက္တာ၊ ခ်မ္းတုန္ဖ်ားတာနဲ႔ ကိုယ္လက္ မအီမသာေတြ ျဖစ္ေလ့ရွိပါတယ္။ ၿပီးေတာ့ ေအာ့အန္တာ၊ ဝမ္းေလွ်ာတာေတြလည္း ျဖစ္တတ္ၿပီး ေရာဂါဝင္ေရာက္ခ်ိန္ကေန ေရာဂါလကၡဏာ ျပမယ့္အခ်ိန္က ၁ ရက္ကေန ၅ ရက္အတြင္း ျဖစ္ပါတယ္။ တုပ္ေကြးေရာဂါ မျဖစ္ေစဖိုနဲ႔ ကူးစက္တာကိုကာကြယ္ဖို႔ လက္ေဆးတာ၊ ႏွာေခ်၊ ေခ်ာင္းဆိုးရင္ပါးစပ္နဲ႔ ႏွာေခါင္းကိုအုပ္ၿပီးဆိုးတာ၊ လူထူထပ္တဲ့ေနရာ အတတ္ႏိုင္ဆုံး ေရွာင္ၾကဥ္ဖို႔နဲ႔ ဖ်ားနာၿပီး အသက္ရွဴၾကပ္ရင္ ခ်က္ခ်င္း ေဆး႐ုံေဆးခန္းျပသဖို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက အႀကံျပဳထုတ္ျပန္ထားပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024