ဟောလိဝုဒ် မိသားစုဒရာမာ ရုပ်ရှင်ပရိသတ်အကြိုက် – Ms. Purple ရုပ်ရှင်(နမူနာ)

1.6K
ဟောလိဝုဒ် ဒရာမာ ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် Ms. Purple ရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ Electric Panda Entertainment ၊ MACRO ၊ Plan Zero Productions ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေက ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပြီး ဒါရိုက်တာ Justin Chon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
မိသားစုဒရာမာ ရုပ်ရှင်ကားတကားအနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မိဘနဲ့ သားသမီး၊ မောင်နှမတွေကြားက ချစ်ခြင်းမေတ္တာတွေကိုပါ အတိုင်းသား ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားခဲ့တာပါ။ Kasie နဲ့ Carey တို့မောင်နှမဟာ L.A က Koreatown မှာ နေထိုင်ကြပြီး မိခင်ဖြစ်သူက စွန့်ပစ်ထားခံခဲ့ရသူတွေ ဖြစ်ကြပါတယ်။ ဆိုးဝါးကြမ်းတမ်းတဲ့ လောကဓံတွေကြားမှာ မတူညီတဲ့ အခက်အခဲတွေနဲ့ ရှင်သန်နေကြရင်း ဖခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်မှာ မောင်နှမတွေ ပြန်ဆုံမိကြတဲ့ အကြောင်းတွေကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Tiffany Chu ၊ Teddy Lee ၊ Octavio Pizano နဲ့ James Kang စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၈၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance International Film Festival မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိ ထားခဲ့ပါတယ်။
နာမည်ကြီးရုပ်ရှင် Review Website တခုဖြစ်တဲ့ Rotten Tomatoes မှာတော့ 100 % Rating ရရှိထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေဟာလိဝုဒ္ မိသားစုဒရာမာ ႐ုပ္ရွင္ပရိသတ္အႀကိဳက္ - Ms. Purple ႐ုပ္ရွင္(နမူနာ)
ေဟာလိဝုဒ္ ဒရာမာ ႐ုပ္ရွင္ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကမယ့္ Ms. Purple ႐ုပ္ရွင္ကို လာမယ့္ စက္တင္ဘာလ ၆ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။
ဒီ႐ုပ္ရွင္ကားကိုေတာ့ Electric Panda Entertainment ၊ MACRO ၊ Plan Zero Productions ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီေတြက ပူးေပါင္းတင္ဆက္လိုက္တာ ျဖစ္ၿပီး ဒါ႐ိုက္တာ Justin Chon က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။
မိသားစုဒရာမာ ႐ုပ္ရွင္ကားတကားအေနနဲ႔ ဖန္တီးပုံေဖာ္ထားတဲ့ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ မိဘနဲ႔ သားသမီး၊ ေမာင္ႏွမေတြၾကားက ခ်စ္ျခင္းေမတၱာေတြကိုပါ အတိုင္းသား ေပၚလြင္ေအာင္ ႐ိုက္ကူးတင္ဆက္ထားခဲ့တာပါ။ Kasie နဲ႔ Carey တို႔ေမာင္ႏွမဟာ L.A က Koreatown မွာ ေနထိုင္ၾကၿပီး မိခင္ျဖစ္သူက စြန႔္ပစ္ထားခံခဲ့ရသူေတြ ျဖစ္ၾကပါတယ္။ ဆိုးဝါးၾကမ္းတမ္းတဲ့ ေလာကဓံေတြၾကားမွာ မတူညီတဲ့ အခက္အခဲေတြနဲ႔ ရွင္သန္ေနၾကရင္း ဖခင္ျဖစ္သူရဲ႕ ေနာက္ဆုံးအခ်ိန္မွာ ေမာင္ႏွမေတြ ျပန္ဆုံမိၾကတဲ့ အေၾကာင္းေတြကို ဒီကားထဲမွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။
ဒီကားထဲမွာေတာ့ သ႐ုပ္ေဆာင္ မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ Tiffany Chu ၊ Teddy Lee ၊ Octavio Pizano နဲ႔ James Kang စတဲ့ သ႐ုပ္ေဆာင္ေတြ ပါဝင္ထားၾကတာ ျဖစ္ပါတယ္။
ၾကာျမင့္ခ်ိန္ ၈၇ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကို နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Sundance International Film Festival မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလက ကနဦးျပသခဲ့ၿပီး ခ်ီးက်ဴးမႈေတြလည္း ရရွိ ထားခဲ့ပါတယ္။
နာမည္ႀကီး႐ုပ္ရွင္ Review Website တခုျဖစ္တဲ့ Rotten Tomatoes မွာေတာ့ 100 % Rating ရရွိထားပါတယ္။