ကွတ်ခိုင်တွင် လူ ၅ ဦးသေဆုံးခဲ့ရသည့်ပစ်ခတ်မှု ရန်သူ့လက်ချက်ဟု တပ်မတော်ထုတ်ပြန်
DVB
·
September 3, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ကလေးငယ်အပါအဝင် လူ ၅ ယောက်သေဆုံး၊ ၃ ယောက်ဒဏ်ရာရခဲ့တဲ့ ဗုံးသီးဟာ ရန်သူ ပစ်ခတ်တာကြောင့် ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
လူမှုကွန်ရက်တွေပေါ်မှာ ပထမပိုင်းတင်လာခဲ့တဲ့ ဗုံးသီးဒလက်ပိုင်း ဓာတ်ပုံ အထောက်အထားဟာ အမှတ်အသား စာတခုမှ မပါပေမယ့် နောက်ပိုင်းတင်တဲ့ ဓာတ်ပုံတွေ မှာတော့ တပ်မတော်က ထုတ်လုပ်တဲ့ ဗုံးသီးပုံသဏ္ဍာန် အမှတ်အသားစာတွေပါတဲ့ ပုံတွေကိုတင်ပြီး သတင်းမှား ကောလာဟလတွေ ရေးသားဖော်ပြနေတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဖြစ်စဉ်ကို စိစစ်ရာမှာ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ပူးပေါင်းတပ်ဖွဲ့တွေဟာ ကွတ်ခိုင်မြို့တွင်းနဲ့ နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ကို ကွတ်ခိုင်မြို့ရဲ့ အရှေ့မြောက်ဘက် မန်ထန်ရွာ ကချင် ချပ်စ်ကျောင်း အနီးနေရာနဲ့ မြို့ရဲ့ အနောက်တောင်ဘက် ပန်ဆေးရွာနားကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အရပ်သားတွေသေဆုံးခဲ့တဲ့ မော်ဟစ်စုစည်းရွာရဲ့ ကွတ်ခိုင်မြို့ရဲ့ မြောက်ဘက် ပေ ၃၀၀၀ လောက်မှာ ရှိပြီး ပန်ဆေးရွာနားကပစ်တဲ့ မန်ထန်ရွာကပစ်တဲ့ ကျည်လမ်းကြောင်းတို့ပေါ်မှာ ကျရောက်နေတာကို လက်နက်နဲ့ ခဲယမ်း ကျွမ်းကျင်ပညာရှင်တွေက စစ်ဆေးတွေ့ရှိပြီး အသေးစိတ်စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။
တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဗုံးသီးမှာ အမှတ်အသားတွေပါတာဟာ သတင်းမှား ဖြစ်တယ်လို့ဆိုပေမယ့် အဲဒီနေ့က အဲဒီပတ်ဝန်းကျင်မှာ ဗုံးသီး ၄ လုံးကျခဲ့တာပါ။
အိမ်တွေနားမှာကျပြီး လူတွေကို ထိမှန်ခဲ့တဲ့ လက်နက်ကြီးကျည်တလုံးမှာတော့ ဘာအမှတ်အသားမှ မပါဘဲ နောက်တလုံးကတော့ အမှတ်အသား ဂဏန်းတွေပါတယ်လို့ ဒေသခံတွေက သတင်းဌာနတွေကို ပြောဆိုထားပါတယ်။ ပြီးတော့ လက်နက်ကြီးကျည်တွေဟာ လွယ်အုပ်တောင် ဘက်က လာတာလို့လည်း သူတို့က ပြောထားပါတယ်။
တပ်တော်ထုတ်ပြန်ချက်မှာ အမှတ်အသားပါတဲ့ဗုံးသီးက လုပ်ကြံထားတာလို့ဆိုပေမယ့် သေဆုံး ဒဏ်ရာရသူတွေကို လာရောက်ကူညီခဲ့တဲ့ ဒေသခံတွေက အမှတ်အသားပါတာကိုရော၊ မပါတာကိုရော အတူတူ ကောက်ယူပြသခဲ့ပါတယ်။
အဲဒီနေ့ ပစ်ခတ်တာကြောင့် မိသားစု ၂ စုက လသားအရွယ် ကလေးအပါအဝင် ကလေး ၃ ယောက်၊ လူကြီး ၂ ယောက် သေပြီး ၃ ယောက်ဒဏ်ရာရခဲ့တာပါ။
ကြတ္ခိုင္တြင္ လူ ၅ ဦးေသဆုံးခဲ့ရသည့္ပစ္ခတ္မႈ ရန္သူ႔လက္ခ်က္ဟု တပ္မေတာ္ထုတ္ျပန္ DVB ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕မွာ ကေလးငယ္အပါအဝင္ လူ ၅ ေယာက္ေသဆုံး၊ ၃ ေယာက္ဒဏ္ရာရခဲ့တဲ့ ဗုံးသီးဟာ ရန္သူ ပစ္ခတ္တာေၾကာင့္ ျဖစ္တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။ လူမႈကြန္ရက္ေတြေပၚမွာ ပထမပိုင္းတင္လာခဲ့တဲ့ ဗုံးသီးဒလက္ပိုင္း ဓာတ္ပုံ အေထာက္အထားဟာ အမွတ္အသား စာတခုမွ မပါေပမယ့္ ေနာက္ပိုင္းတင္တဲ့ ဓာတ္ပုံေတြ မွာေတာ့ တပ္မေတာ္က ထုတ္လုပ္တဲ့ ဗုံးသီးပုံသ႑ာန္ အမွတ္အသားစာေတြပါတဲ့ ပုံေတြကိုတင္ၿပီး သတင္းမွား ေကာလာဟလေတြ ေရးသားေဖာ္ျပေနတာေတြ႕ရတယ္လို႔လည္း ဆိုပါတယ္။ ျဖစ္စဥ္ကို စိစစ္ရာမွာ ကိုးကန႔္၊ တအာင္းနဲ႔ ရခိုင္ပူးေပါင္းတပ္ဖြဲ႕ေတြဟာ ကြတ္ခိုင္ၿမိဳ႕တြင္းနဲ႔ နယ္ေျမခံတပ္ရင္း ဌာနခ်ဳပ္တို႔ကို ကြတ္ခိုင္ၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ဘက္ မန္ထန္႐ြာ ကခ်င္ ခ်ပ္စ္ေက်ာင္း အနီးေနရာနဲ႔ ၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ ပန္ေဆး႐ြာနားကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာလို႔ ဆိုပါတယ္။ အရပ္သားေတြေသဆုံးခဲ့တဲ့ ေမာ္ဟစ္စုစည္း႐ြာရဲ႕ ကြတ္ခိုင္ၿမိဳ႕ရဲ႕ ေျမာက္ဘက္ ေပ ၃၀၀၀ ေလာက္မွာ ရွိၿပီး ပန္ေဆး႐ြာနားကပစ္တဲ့ မန္ထန္႐ြာကပစ္တဲ့ က်ည္လမ္းေၾကာင္းတို႔ေပၚမွာ က်ေရာက္ေနတာကို လက္နက္နဲ႔ ခဲယမ္း ကြၽမ္းက်င္ပညာရွင္ေတြက စစ္ေဆးေတြ႕ရွိၿပီး အေသးစိတ္စုံစမ္းေနတယ္လို႔လည္း ဆိုပါတယ္။ တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ဗုံးသီးမွာ အမွတ္အသားေတြပါတာဟာ သတင္းမွား ျဖစ္တယ္လို႔ဆိုေပမယ့္ အဲဒီေန႔က အဲဒီပတ္ဝန္းက်င္မွာ ဗုံးသီး ၄ လုံးက်ခဲ့တာပါ။ အိမ္ေတြနားမွာက်ၿပီး လူေတြကို ထိမွန္ခဲ့တဲ့ လက္နက္ႀကီးက်ည္တလုံးမွာေတာ့ ဘာအမွတ္အသားမွ မပါဘဲ ေနာက္တလုံးကေတာ့ အမွတ္အသား ဂဏန္းေတြပါတယ္လို႔ ေဒသခံေတြက သတင္းဌာနေတြကို ေျပာဆိုထားပါတယ္။ ၿပီးေတာ့ လက္နက္ႀကီးက်ည္ေတြဟာ လြယ္အုပ္ေတာင္ ဘက္က လာတာလို႔လည္း သူတို႔က ေျပာထားပါတယ္။ တပ္ေတာ္ထုတ္ျပန္ခ်က္မွာ အမွတ္အသားပါတဲ့ဗုံးသီးက လုပ္ႀကံထားတာလို႔ဆိုေပမယ့္ ေသဆုံး ဒဏ္ရာရသူေတြကို လာေရာက္ကူညီခဲ့တဲ့ ေဒသခံေတြက အမွတ္အသားပါတာကိုေရာ၊ မပါတာကိုေရာ အတူတူ ေကာက္ယူျပသခဲ့ပါတယ္။ အဲဒီေန႔ ပစ္ခတ္တာေၾကာင့္ မိသားစု ၂ စုက လသားအ႐ြယ္ ကေလးအပါအဝင္ ကေလး ၃ ေယာက္၊ လူႀကီး ၂ ေယာက္ ေသၿပီး ၃ ေယာက္ဒဏ္ရာရခဲ့တာပါ။