ကဘူးလ်မြို့တွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ၁၆ ဦးသေ၊ ၁၀၀ ကျော်ဒဏ်ရာရ

အာဖဂန်နစ္စတန်ကနေ အမေရိကန် တပ်ဖွဲ့ဝင် ထောင်ချီ ရုပ်သိမ်းရေး သဘောတူညီချက် မူကြမ်းရပြီးနောက်   စက်တင်ဘာ ၂ ရက်ဥ မြို့တော် ကဘူးလ်မှာ ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၁၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၁၉ ယောက် ဒဏ်ရာရတယ်လို့  တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ နိုင်ငံတကာ အဖွဲ့အစည်း ဝန်ထမ်းတွေ အသုံးပြုရာ Green Village လို့ ခေါ်တဲ့ ခြံဝင်းအနီး ဖြစ်ပွားခဲ့ပြီး တာလီဘန်အဖွဲ့က သူတို့လက်ချက်လို့ ပြောခဲ့ပါတယ်။     တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီတိုက်ခိုက်မှုဟာ နိုင်ငံခြားတပ်ဖွဲ့တွေကို ပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။ သူက ကားဗုံးခွဲသူဟာ အသေခံဗုံးခွဲပြီးတဲ့နောက်မှာ တိုက်ခိုက်သူတွေကို အဲဒီခြံဝင်းကို ဝင်စီးနင်းခဲ့တယ်လို့ ပြောပါတယ်။ ကားဗုံးခွဲမှု ဖြစ်ပြီးနောက်  ဒုတိယမြောက် ပေါက်ကွဲမှု အငယ်စားအဖြစ်  ခြံဝင်းအတွင်းရှိ မီးစက်တွေလည်း ပေါက်ကွဲခဲ့ပါတယ်။ ဒေသခံတဦးက ဒီပေါက်ကွဲမှုမှာ သူ့ရဲ့မိတ်ဆွေနဲ့ ဆွေမျိုးသားချင်း အများအပြား သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ ပဉ္စမအကြိမ် တိုက်ခိုက်ခံရတာ ဖြစ်ပြီး အဲဒီစခန်းကို လူနေရပ်ကွက်နဲ့ ဝေးရာ ပြောင်းရွှေ့ပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တယ်လို့လည်း တာဘီဘန်အဖွဲ့က ပြောပါတယ်။ ဓာတ်ပုံ- ရိုက်တာ ~~~~~~~~~~~~~~~~~ Zawgyi_version ကဘူးလ္ၿမိဳ႕တြင္ ကားဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ ၁၆ ဦးေသ၊ ၁၀၀ ေက်ာ္ဒဏ္ရာရ အာဖဂန္နစၥတန္ကေန အေမရိကန္ တပ္ဖြဲ႕ဝင္ ေထာင္ခ်ီ ႐ုပ္သိမ္းေရး သေဘာတူညီခ်က္ မူၾကမ္းရၿပီးေနာက္   စက္တင္ဘာ ၂ ရက္က ၿမိဳ႕ေတာ္ ကဘူးလ္မွာ ကားဗုံးခြဲ တိုက္ခိုက္မႈေၾကာင့္ ၁၆ ေယာက္ထက္မနည္း ေသဆုံးၿပီး ၁၁၉ ေယာက္ ဒဏ္ရာရတယ္လို႔  တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီတိုက္ခိုက္မႈဟာ ႏိုင္ငံတကာ အဖြဲ႕အစည္း ဝန္ထမ္းေတြ အသုံးျပဳရာ Green Village လို႔ ေခၚတဲ့ ၿခံဝင္းအနီး ျဖစ္ပြားခဲ့ၿပီး တာလီဘန္အဖြဲ႕က သူတို႔လက္ခ်က္လို႔ ေျပာခဲ့ပါတယ္။ တာလီဘန္အဖြဲ႕ ေျပာခြင့္ရပုဂၢိဳလ္က ဒီတိုက္ခိုက္မႈဟာ ႏိုင္ငံျခားတပ္ဖြဲ႕ေတြကို ပစ္မွတ္ထားတယ္လို႔ ဆိုပါတယ္။ သူက ကားဗုံးခြဲသူဟာ အေသခံဗုံးခြဲၿပီးတဲ့ေနာက္မွာ တိုက္ခိုက္သူေတြကို အဲဒီၿခံဝင္းကို ဝင္စီးနင္းခဲ့တယ္လို႔ ေျပာပါတယ္။ ကားဗုံးခြဲမႈ ျဖစ္ၿပီးေနာက္  ဒုတိယေျမာက္ ေပါက္ကြဲမႈ အငယ္စားအျဖစ္  ၿခံဝင္းအတြင္းရွိ မီးစက္ေတြလည္း ေပါက္ကြဲခဲ့ပါတယ္။ ေဒသခံတဦးက ဒီေပါက္ကြဲမႈမွာ သူ႔ရဲ႕မိတ္ေဆြနဲ႔ ေဆြမ်ိဳးသားခ်င္း အမ်ားအျပား ေသဆုံး ဒဏ္ရာရခဲ့တယ္လို႔ ေျပာပါတယ္။ ဒါဟာ ပၪၥမအႀကိမ္ တိုက္ခိုက္ခံရတာ ျဖစ္ၿပီး အဲဒီစခန္းကို လူေနရပ္ကြက္နဲ႔ ေဝးရာ ေျပာင္းေ႐ႊ႕ေပးဖို႔ တာဝန္ရွိသူေတြကို ေတာင္းဆိုခဲ့တယ္လို႔လည္း တာဘီဘန္အဖြဲ႕က ေျပာပါတယ္။ ဓာတ္ပုံ- ႐ိုက္တာ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up