Home
မြန်မာသတင်း
ပြန်မလာချင်သည့် နေရပ်စွန့်ခွာသူများ အဖွဲ့ ၃ ဖွဲ့ကွဲနေဟုဆို  
DVB
·
September 3, 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးသွားတဲ့သူတွေ အဖွဲ့ ၃ ဖွဲ့ကွဲနေဟု မောင်တောခရိုင် ဒုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ၂၀၁၇ သြဂုတ်လ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးသွားကြသူတွေ ပြန်လည်ဝင်ရောက်လာရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံသဘောတူညီချက်တွေကြောင့် မြန်မာဘက်က ၃ ကြိမ်တိုင်တိုင် ပြန်လည်လက်ခံရေး အစီအစဉ်တွေကို အဆင်သင့်ပြုလုပ်ထားခဲ့ပေမယ့် နေရပ်စွန့်ခွာသူတွေ တဦးတယောက်မှ ပြန်လည်ဝင်ရောက်လာတာ မရှိသေးပါဘူး။ ပြန်လည်ဝင်ရောက်မှုမရှိတဲ့အပေါ် မောင်တောခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထူးက “ဟိုဘက်ကိုရောက်နေတဲ့ သူတွေမှာလည်း အုပ်စု ၃ ခု ကွဲနေတယ်လို့သိရတယ်။ ပြန်မလာချင်ဘဲ တတိယနိုင်ငံတခုခုကို သွားလိုတဲ့အုပ်စု၊ နောက်အုပ်စုကတော့ အာဆာအဖွဲ့ရဲ့ စည်းရုံးတာကိုခံရပြီး ပြစ်မှုကျူးလွန်ထားခဲ့တာတွေရှိတယ်။ ဒီလူတွေကလည်း ပြန်လာရင် ဥပဒေအအရေးယူခံရမှာ ကြောက်ပြီးပြန်မလာရဲတာရှိတယ်။ နောက်အုပ်စုတခုကတော့ ဒီဘက်မှာ သူတို့ရဲ့ ဆွေမျိုးတွေကျန်ခဲ့တယ်။ လယ်ယာမြေတွေ ကျန်ခဲ့တယ်။ ပုစွန်ကန်တွေ ကျန်ခဲ့တယ်။ အဲဒီလူတွေကတော့ ပြန်လာချင်ကြပေမယ့် သူတို့ကို လည်း တခြားလွှမ်းမိုးမှုတွေက ရှိနေတယ်။ သူတို့ကျတော ဒီကိုပြန်လာချင်တယ်။ အဲ့ဒီမှာ အဆင်မပြေဘူး။ ဒါပေမယ့် ကျနော်တို့ကို စောင့်ကြည့်နေတဲ့သူတွေရှိတယ် ဆိုပြီး ကျနော်တို့ကို ဆက်သွယ်လာတာတွေရှိတယ်။ အယောက် ၈၀ လောက်ရှိတယ်။ သူတို့က လာချင်ပေမယ့် တရားဝင်လမ်းကလည်း မလာနိုင်ဘူး။ သူတို့ဖာသာ လာမယ်ဆိုရင်လည်း စောင့်ကြည့်နေသူတွေ ရှိတယ်။ အန္တရာယ်ကျရောက်မှာကို စိုးရိမ်နေကြတယ်။ ဒါပေမယ့် သူတို့နည်းလမ်းနဲ့ ပြန်လာတဲ့သူတွေလည်း ရှိပါတယ်"ကပြောပါတယ်။ ရွှေစားကျေးရွာအုပ်စု ကပ်ပ္ပကောင်းကျေးမှ ဦးကျော်သာ (ခေါ်) ဇာဘောအာလောင်ကတော့ "ကျနော့်အမြင်ကတော့ သူတို့ရဲ့ရပိုင်ခွင့်တွေ လိုအပ်ချက်တွေ အပြည့်အဝမရလို့ မြန်မာအစိုးရနဲ့ ဘင်္ဂလားအစိုးရနဲ့ သဘောတူချက်တွေရှိပေမယ့်လည်း ပြန်မလာကြတာလို့ ထင်ပါတယ်။ အဓိကကတော့ နိုင်ငံသားအခွင့်အရေးရချင်ကြတယ်။ အားလုံးက နိုင်ငံသားဖြစ်ချင်ကြတယ်။ နိုင်ငံသားဖြစ်ခွင့် ရရှိရေးက လျှောက်ထားမှ ရရှိမှာကို နားမလည်ကြဘူး"လို့ ပြောပါတယ်။ ၂၀၁၇ သြဂုတ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် က်ဘင်္ဂလားဒေ့ရှိနိုင်ငံသို့  လူတွေ သိန်းနဲ့ချီ နေရပ်စွန့်ခွာသွားပြီး UEHRD အစီအစဉ်အရ မြန်မာဘက်က  ပြန်လည်လက်ခံရေးအတွက် ၂၀၁၈ ဇန်နဝါရီလ ၂၃ ရက်မှာ ပထမတကြိမ် ၂၀၁၈ နိုဝင်ဘာလ ၁၅ ရက်မှာ ဒုတိယအကြိမ် ပြန်လည်လက်ခံဖို့ အဆင်သင့်ပြင်ဆင်ထားခဲ့ကြပေမယ့် ပြန်လည်ဝင်ရောက်လာတာ မရှိပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ကလည်း တတိယအကြိမ်ပြန်လည်လက်ခံရေး အစီအစဉ်အရ ပထမ အသုတ်အဖြစ် ဒုက္ခသည် ၃၄၅ဝ ဦးကို ပြန်လည်လက်ခံဖို့ စီစဉ်ထားခဲ့ပေမယ့် တယောက်မှ ပြန်လာတာ မရှိခဲ့ပါဘူး။ ကောင်းကောင်း
ျပန္မလာခ်င္သည့္ ေနရပ္စြန႔္ခြာသူမ်ား အဖြဲ႕ ၃ ဖြဲ႕ကြဲေနဟုဆို ေကာင္းေကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ေနရပ္စြန႔္ခြာထြက္ေျပးသြားတဲ့သူေတြ အဖြဲ႕ ၃ ဖြဲ႕ကြဲေနဟု ေမာင္ေတာခ႐ိုင္ ဒုအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ၂၀၁၇ ၾသဂုတ္လ အၾကမ္းဖက္ျဖစ္စဥ္ေတြေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ေနရပ္စြန႔္ခြာ ထြက္ေျပးသြားၾကသူေတြ ျပန္လည္ဝင္ေရာက္လာေရးအတြက္ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ ႏိုင္ငံသေဘာတူညီခ်က္ေတြေၾကာင့္ ျမန္မာဘက္က ၃ ႀကိမ္တိုင္တိုင္ ျပန္လည္လက္ခံေရး အစီအစဥ္ေတြကို အဆင္သင့္ျပဳလုပ္ထားခဲ့ေပမယ့္ ေနရပ္စြန႔္ခြာသူေတြ တဦးတေယာက္မွ ျပန္လည္ဝင္ေရာက္လာတာ မရွိေသးပါဘူး။ ျပန္လည္ဝင္ေရာက္မႈမရွိတဲ့အေပၚ ေမာင္ေတာခ႐ိုင္ ဒုအေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးရဲထူးက “ဟိုဘက္ကိုေရာက္ေနတဲ့ သူေတြမွာလည္း အုပ္စု ၃ ခု ကြဲေနတယ္လို႔သိရတယ္။ ျပန္မလာခ်င္ဘဲ တတိယႏိုင္ငံတခုခုကို သြားလိုတဲ့အုပ္စု၊ ေနာက္အုပ္စုကေတာ့ အာဆာအဖြဲ႕ရဲ႕ စည္း႐ုံးတာကိုခံရၿပီး ျပစ္မႈက်ဴးလြန္ထားခဲ့တာေတြရွိတယ္။ ဒီလူေတြကလည္း ျပန္လာရင္ ဥပေဒအအေရးယူခံရမွာ ေၾကာက္ၿပီးျပန္မလာရဲတာရွိတယ္။ ေနာက္အုပ္စုတခုကေတာ့ ဒီဘက္မွာ သူတို႔ရဲ႕ ေဆြမ်ိဳးေတြက်န္ခဲ့တယ္။ လယ္ယာေျမေတြ က်န္ခဲ့တယ္။ ပုစြန္ကန္ေတြ က်န္ခဲ့တယ္။ အဲဒီလူေတြကေတာ့ ျပန္လာခ်င္ၾကေပမယ့္ သူတို႔ကို လည္း တျခားလႊမ္းမိုးမႈေတြက ရွိေနတယ္။ သူတို႔က်ေတာ ဒီကိုျပန္လာခ်င္တယ္။ အဲ့ဒီမွာ အဆင္မေျပဘူး။ ဒါေပမယ့္ က်ေနာ္တို႔ကို ေစာင့္ၾကည့္ေနတဲ့သူေတြရွိတယ္ ဆိုၿပီး က်ေနာ္တို႔ကို ဆက္သြယ္လာတာေတြရွိတယ္။ အေယာက္ ၈၀ ေလာက္ရွိတယ္။ သူတို႔က လာခ်င္ေပမယ့္ တရားဝင္လမ္းကလည္း မလာႏိုင္ဘူး။ သူတို႔ဖာသာ လာမယ္ဆိုရင္လည္း ေစာင့္ၾကည့္ေနသူေတြ ရွိတယ္။ အႏၲရာယ္က်ေရာက္မွာကို စိုးရိမ္ေနၾကတယ္။ ဒါေပမယ့္ သူတို႔နည္းလမ္းနဲ႔ ျပန္လာတဲ့သူေတြလည္း ရွိပါတယ္"ကေျပာပါတယ္။ ေ႐ႊစားေက်း႐ြာအုပ္စု ကပ္ပၸေကာင္းေက်းမွ ဦးေက်ာ္သာ (ေခၚ) ဇာေဘာအာေလာင္ကေတာ့ "က်ေနာ့္အျမင္ကေတာ့ သူတို႔ရဲ႕ရပိုင္ခြင့္ေတြ လိုအပ္ခ်က္ေတြ အျပည့္အဝမရလို႔ ျမန္မာအစိုးရနဲ႔ ဘဂၤလားအစိုးရနဲ႔ သေဘာတူခ်က္ေတြရွိေပမယ့္လည္း ျပန္မလာၾကတာလို႔ ထင္ပါတယ္။ အဓိကကေတာ့ ႏိုင္ငံသားအခြင့္အေရးရခ်င္ၾကတယ္။ အားလုံးက ႏိုင္ငံသားျဖစ္ခ်င္ၾကတယ္။ ႏိုင္ငံသားျဖစ္ခြင့္ ရရွိေရးက ေလွ်ာက္ထားမွ ရရွိမွာကို နားမလည္ၾကဘူး"လို႔ ေျပာပါတယ္။ ၂၀၁၇ ၾသဂုတ္ အၾကမ္းဖက္ျဖစ္စဥ္ေၾကာင့္ က္ဘဂၤလားေဒ့ရွိႏိုင္ငံသို႔ လူေတြ သိန္းနဲ႔ခ်ီ ေနရပ္စြန႔္ခြာသြားၿပီး UEHRD အစီအစဥ္အရ ျမန္မာဘက္က ျပန္လည္လက္ခံေရးအတြက္ ၂၀၁၈ ဇန္နဝါရီလ ၂၃ ရက္မွာ ပထမတႀကိမ္ ၂၀၁၈ ႏိုဝင္ဘာလ ၁၅ ရက္မွာ ဒုတိယအႀကိမ္ ျပန္လည္လက္ခံဖို႔ အဆင္သင့္ျပင္ဆင္ထားခဲ့ၾကေပမယ့္ ျပန္လည္ဝင္ေရာက္လာတာ မရွိပါဘူး။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၂၂ ရက္ေန႔ကလည္း တတိယအႀကိမ္ျပန္လည္လက္ခံေရး အစီအစဥ္အရ ပထမ အသုတ္အျဖစ္ ဒုကၡသည္ ၃၄၅ဝ ဦးကို ျပန္လည္လက္ခံဖို႔ စီစဥ္ထားခဲ့ေပမယ့္ တေယာက္မွ ျပန္လာတာ မရွိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024