Home
ဆောင်းပါး
သတ်ပုံမှားတဲ့ စစ်
DVB
·
September 3, 2019
တနေ့ တမျိုး မရိုးရအောင်ကို ပြောစရာတွေက အများသား။ ဘယ်ဟာပြောရင် ကောင်းမလဲဆိုပြီး ဦးစားပေး ရွေးပြန်တော့လည်း အားလုံးက ဦးစားပေးစရာတွေ ဖြစ်နေပြန်ရော။ နောက်ဆုံးတော့ ကိုရှင်ကြီးကိစ္စ အသာထားပြီး “တိုက်”နဲ့ “စစ်” အကြောင်းပဲ ပြောရတော့မယ်။ တိုက်နဲ့ စစ် ဆိုတာက ဒီလို။ ဟိုတနေ့က လွှတ်တော်မှာ ကိုယ်စားလှယ်တယောက်က စစ်ဘေးရှောင် ပြည်သူများ ဆိုတဲ့ စကားလုံးပါလာတော့ စစ်တပ်ကိုယ်စားလှယ်က “စစ်ပွဲဆိုတာ နိုင်ငံချင်း တိုက်မှ သုံးစွဲရတဲ့စကား ဖြစ်ပြီး ပြည်တွင်းမှာ ဖြစ်နေတာကိုတော့ ‘တိုက်ပွဲ’ ဆိုတဲ့ စကားလုံးကိုပဲ သုံးစွဲရပါမယ်”လို့ ကန့်ကွက်ပြောဆိုသတဲ့။ ဒီတော့ ဥက္ကဋ္ဌကလည်း “တိုက်ပွဲ” လို့ သုံးဖို့ အဆုံးအဖြတ် ပေးရပေသကိုး။ အတော်စိတ်ဝင်စားဖို့ ကောင်းလာတယ်။ မြန်မာပြည်မှာ စာလုံးပေါင်း သတ်ပုံတွေ၊  အဓိပ္ပာယ် ဖွင့်ဆိုချက်တွေနဲ့ ပတ်သက်ရင် အာဏာပိုင်သူတွေ ထင်ရာ လုပ်ခဲ့တဲ့ မှတ်တမ်းတွေကလည်း အခိုင်အမာ ရှိပေတာပ။ ဒီအကြောင်းကိုလည်း ကျနော် ရေးဖူးရဲ့။ ဒါပေမဲ့ ထပ်ပြောဦးမှ ပြည့်စုံပေမပေါ့။ မြန်မာရေးထုံးတွေမှာ ပညာရှိတွေရဲ့ ရေးထုံးနဲ့ ပညာရှိတို့ရဲ့ အနက်ဖွင့်ဆိုချက်ကိုက ကျော်ပြီး အာဏာပိုင်ရဲ့ အမိန့်နဲ့ ဖွင့်ဆိုရတာ ရေးထုံး သတ်ညွှန်း လုပ်လိုက်ရတာ တွေရှိတယ်။ တချို့စကားလုံးတွေဆို မိဖုရားအကြိုက်တောင် လိုက်လို့ ရေးကြ၊ ပြောကြရတာတွေတောင် ရှိသတဲ့။ နန်းမတော်မယ်နု ဆိုရင် သူ့ခေတ်မှာ အသီးအရွက်တွေ နုတယ်လို့တောင် မပြောကြရဘူးတဲ့။ နု ဆိုတဲ့ သူ့နာမည် ပါနေလို့ “ရွက်နု” ကို “ရွက်ထွဋ်” လို့ ခေါ်ရဆိုပဲ။ သူ့လိုပဲ စုဖုရားလက်ထက်မှာလည်း ဒီလိုပဲပေါ့။ သူကတော့ “ဖ”ဦး ထုပ် မုန်းတီးရေးသမားပေကိုး။ ဒီတော့ “ဖင်” နဲ့ “ဖာ” ကလွဲရင် အားလုံးကို “ဘ” ဘကုန်းနဲ့ ပေါင်းကြရမယ်လို့ အမိန့်တော်မြတ် ထုတ်ခဲ့ဖူးသတဲ့။ ဖိုးလှိုင်လည်း ဘိုးလှိုင် ဖြစ်သွားရတာ ဒီပယောဂမှ ကင်းပါလေစ။ ဟော… ဗိုလ်နေဝင်း လက်ထက်ရောက်တော့ ဆနွင်းကို နနွင်းပြောင်းရပြန်ရော။ လူတော်လူကောင်းကနေ လူကောင်းလူတော်တွေ ဖြစ်လိုဖြစ်ပေါ့။ ပြီးတော့ ရှိသေးတယ်။ “တစ်နေ့တစ်၌ တစ်တီတူး တစ်ကောင်၏ တစ်တောင်နီးပါးရှိသော အရပ်တွင် တစ်တောက်ငှက် တစ်ကောင်အား ”စသဖြင့် “တစ်”နဲ့“ တ” ပြဿနာကလည်း အခုထိ ရှိနေဆဲပါ။ အခုတော့ စစ်နဲ့ တိုက်ပေါ့။ သေသေချာချာ ဆန်းစစ်ကြည့်ရင် စစ်သား ကိုယ်စားလှယ်ပ ပြောတာ မမှားပေဘူး။ စာရှုသူသာ “မြန်မာစာအဖွဲ့ ဦးစီးဌာန”ကို ယုံကြည်မယ် ဆိုရင်ပေါ့။ မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်တဲ့“ မြန်မာအဘိဓာန်မှာ ဖော်ပြထားတာက “စစ်၊ န- တိုင်းပြည်အချင်းချင်း လက်နက်အားကိုးဖြင့် တိုက်ခိုက်ခြင်း။ ပဋိပက္ခဖြစ်ခြင်း” လို့ စာ-၁၀၇ မှာ ဖွင့်ဆိုထားပေတာကိုး။ “စစ်တိုက်”ကိုတော့ သီးခြားမဖွင့်ဆိုဘဲ “စစ်ပွဲ” ကိုတော့ “စစ်အင်္ဂါ အပြည့်အစုံ ခင်းကျင်း၍ တိုက်သော စစ်”လို့ ဖွင့်ပါတယ်။ စစ်ပွဲနဲ့ စစ်နဲ့လည်း ဖွင့်ဆိုချက်ချင်း မတူပါဘူး။ “စစ်တိုက်”ဆိုတာကို သီးခြားမဖွင်ခဲ့ပေမယ့် “စစ်ထိုး”ကို ဖွင့်ရာမှာတော့ “ထိုးစစ်ဆင်သည်၊ စစ်တိုက်သည်။”လို့ ဆိုထားပြန်ပါတယ်။ “တိုက်”ကို ကြည့်ပြန်တော့ နာမ်အနေနဲ့ဆိုရင် အုတ်တိုက်ပေါ့။ ကြိယာအနေနဲ့ဆို အနက် ၁၀ မျိုးလောက် ရှိတယ်။ အရှိန်အဟုန်နဲ့ ထိခတ်တာတို့၊ လက်နက်အားကိုးဖြင့် ပစ္စည်းလုယူတာ (ဓားပြတိုက်)တို့ပေါ့။ ဒီအဓိပ္ပာယ်နဲ့ယူရင်တော့ နှစ်ဖက်စလုံးအတွက် မကောင်းပေဘူးပေါ့။ ဒီတော့ နောက်တမျိုး “တိုက်ပွဲ”ကို ကြည့်ရင် “စစ်ရေးအရ တဖက်နှင့်တဖက် ယှဉ်ပြိုင် တိုက်ခိုက်မှု”လို့ ဖွင့်ဆိုတယ်။ “စစ်ပွဲ”နဲ့ “တိုက်ပွဲ” နှစ်ခုလုံး ဖွင့်ဆိုချက်ကတော့ သိပ်မကွာလှပေဘူး။ စစ်အင်္ဂါ အပြည့်အစုံ ခင်းကျင်းတိုက်တာနဲ့ တဖက်နဲ့တဖက် ယှဉ်ပြိုင်တိုက်ကြတာပဲ။ မေးစရာတခု ပေါ်လာတယ်။ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ စစ်ပွဲမှာ လေကြောင်းတို့ လက်နက်ကြီး၊ ငယ်တို့၊ စတဲ့ စစ်အင်္ဂါခင်းကျင်း မတိုက်ခဲ့ဘူးလားလို့ပေါ့။ ပညာရှိတွေ ငြင်းခုံနိုင်ဖို့ ရည်ရွယ်တာပါ။ လွှတ်တော်တွင်း ပညာရှိတို့ကတော့ “စစ်ပွဲနဲ့ တိုက်ပွဲ” ငြင်းခုံ ကန့်ကွက်လို့ လွှတ်တော်ဥက္ကဋ္ဌကြီးက “တိုက်ပွဲ” လို့ အဆုံးအဖြတ် ပြုပေးလိုက်ပါပြီ။ လွှတ်တော်မှာ ပြီးသွားပေမယ့် ကျနော်ကတော့ မပြီးနိုင်ဘဲ ဆက်လို့ အတွေးပွားနေမိပါတယ်။ အတွေးပွားရင်း ငယ်စဉ်က ကြားခဲ့ဖူးတဲ့ ပုံပြင်လေးတခုကို ပြန်လည်စားမြုံ့ပြန်နေမိတယ်။ ပုံပြင်လေးက… ‘ဟိုတခါတုန်းက အညာဘက်က ရွာသိမ်ရွာငယ်လေး တခုမှာ ဘုန်တော်ကြီးတပါး ရှိသတဲ့။ သူ့အရင်က ကျောင်းထိုင်ဆရာတော်ကြီးက စာတတ်ပေတတ်နဲ့ အကျင့်သီလကလည်း ကောင်းတော့ ဆွမ်း ကွမ်း အလျှံပယ်ပေါ့။ ရပ်ရွာအပေါ်မှာ ဩဇာလည်း ကြီးပေါ့။ အဲဒီဆရာတော်ကြီး ပျံလွန်တော်မူသွားတော့ လက်ရှိ ဘုန်းတော်ကြီးကိုပဲ ကျောင်းထိုင် ခန့်ရတာပေါ့။ စာမတတ်ပေမယ့် အသင့်အတင့်တော့ အကျင့်လေးရှိဟန်ပါပဲ။ တရက်တော့ သူ့ကျောင်းကို ဝတ်ဖြူစင်ကြယ် ဝတ်ထားတဲ့ ဖိုးသူတော်တယောက် လာရောက် တည်းခိုခွင့်တောင်းတော့ အာဂန္တုအဖြစ် လက်ခံရတယ်။ ရွာထဲကိုလည်း အာဂန္တုရှိလို့ ဆွမ်း ကွမ်း လက်ဖက်အတွက် ဖိတ်ကြားပြီး ဧည့်ခံရသပေါ့။ အရုဏ်ဆွမ်းဘုဉ်းပေးပြီးတော့ အာဂန္တုဖိုးသူတော်ကလည်း ပြန်ရတော့မယ်။ ကိုယ်တော်ကလည်း မျက်နှာမကောင်းဘူး။ အာဂန္တုဖိုးသူတော်ကလည်း မျက်နှာမကောင်းဘူး။ ဒါပေမဲ့ ဟန်ကိုယ့်ဖို့ ဆိုတဲ့ စကားအတိုင်း ဟန်ထည်နေကြရတာပေါ့လေ။ ဒီမှာပြောဖို့ တခု ကျန်သွားတာက သူတို့ခေတ် သူတို့ကာလ သူတို့ဒေသ သူတို့နယ်မှာ အာဂန္တုတပါးလာရင် ဆွမ်း အလကားစားပြီး ပြန်လို့မရဘူး။ ဘုန်းကြီးဖြစ်ဖြစ်၊ ဖိုးသူတော်ဖြစ်ဖြစ် ဆွမ်းဖိုးကျေအောင် ပညာစမ်းကြရတယ်။ အဲဒီမှာ ခက်နေတာက ဘုန်းကြီးရော ဖိုးသူတော်ကရော စာမတတ်ကြဘူးလေ။ ဘုန်းကြီးကလည်း ဘာမေးရမှန်း မသိသလို ဖိုးသူတော်ကလည်း မေးလို့ မဖြေနိုင်ရင် သိက္ခာကျမှာ ကြောက်နေတာ။ ဖိုးသူတော်ကလည်း ပြန်ချိန်တန်ပြီ။ ဖိုးသူတော် ထပြန်တော့ ဘုန်းကြီးကလည်း တောင်ဝှေးလေး ကိုင်ပြီး ကျောင်းပေါက်ဝ လိုက်ပို့ရင်း ကျောင်းအဝနား ရောက်တော့ “ကဲ ဖိုးသူတော်ရေ ထုံးစံအတိုင်း ပညာစမ်း မေးမြန်ရဦးမယ်”ဆိုတော့ ဖိုးသူတော်ကလည်း မေးပါပေါ့။ ဒါနဲ့ ဘုန်းကြီးက တောင်ဝှေးနဲ့ မြေကြီးပေါ်မှာ အဝိုင်းတခုပုံ ခြစ်ချလိုက်ပြီး “ကဲ.. ဒါ ဘာလဲဆိုတာ မှန်အောင် ဖြေပါတော့”လို့ ဆိုတော့။ ဖိုးသူတော်ကလည်း အဲဒီအဝိုင်းကို သေသေချာချာ စေ့စေ့ငုငုကြည့်ပြီး “ဒါလေးများ ဘာခက်လို့တုံးဘုရား။ အဲဒါ မနက်က အရှင်ဘုရားနဲ့ တပည့်တော်နဲ့ ဘုဉ်းပေးခဲ့တဲ့၊ မုန့်ဆီကြော်ကြီးပေါ့ ဆရာတော်ရယ်” ဖြေလိုက်တော့ ဆရာတော်ကလည်း “ဟာ.. ကောင်းလိုက်တဲ့ အဖြေပဲ။ သဘောချင်း နှောလိုက်လေ ဦးသူတော်ရယ်”လို့ ပြန်ပြောလိုက်သတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲလေ။   ကဲ... စာရှုသူရေ… မြန်မာအဘိဓာန်ရယ်၊ စစ်တပ်ကိုယ်စားလှယ်ရယ်၊ ဥက္ကဋ္ဌရယ်၊ လွှတ်တက်ဝန်ကြီးရယ်၊ စာရေးသူရယ်တို့နဲ့ ပေါင်းပြီး စာရှုသူပါ ပေါင်းပြီး သဘောချင်း နှောလိုက်ကြပါစို့လားဗျာ။  ထွန်းဇော်ဌေး ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version သတ္ပုံမွားတဲ့ စစ္ တေန႔ တမ်ိဳး မ႐ိုးရေအာင္ကို ေျပာစရာေတြက အမ်ားသား။ ဘယ္ဟာေျပာရင္ ေကာင္းမလဲဆိုၿပီး ဦးစားေပး ေ႐ြးျပန္ေတာ့လည္း အားလုံးက ဦးစားေပးစရာေတြ ျဖစ္ေနျပန္ေရာ။ ေနာက္ဆုံးေတာ့ ကိုရွင္ႀကီးကိစၥ အသာထားၿပီး “တိုက္”နဲ႔ “စစ္” အေၾကာင္းပဲ ေျပာရေတာ့မယ္။ တိုက္နဲ႔ စစ္ ဆိုတာက ဒီလို။ ဟိုတေန႔က လႊတ္ေတာ္မွာ ကိုယ္စားလွယ္တေယာက္က စစ္ေဘးေရွာင္ ျပည္သူမ်ား ဆိုတဲ့ စကားလုံးပါလာေတာ့ စစ္တပ္ကိုယ္စားလွယ္က “စစ္ပြဲဆိုတာ ႏိုင္ငံခ်င္း တိုက္မွ သုံးစြဲရတဲ့စကား ျဖစ္ၿပီး ျပည္တြင္းမွာ ျဖစ္ေနတာကိုေတာ့ ‘တိုက္ပြဲ’ ဆိုတဲ့ စကားလုံးကိုပဲ သုံးစြဲရပါမယ္”လို႔ ကန႔္ကြက္ေျပာဆိုသတဲ့။ ဒီေတာ့ ဥကၠ႒ကလည္း “တိုက္ပြဲ” လို႔ သုံးဖို႔ အဆုံးအျဖတ္ ေပးရေပသကိုး။ အေတာ္စိတ္ဝင္စားဖို႔ ေကာင္းလာတယ္။ ျမန္မာျပည္မွာ စာလုံးေပါင္း သတ္ပုံေတြ၊  အဓိပၸာယ္ ဖြင့္ဆိုခ်က္ေတြနဲ႔ ပတ္သက္ရင္ အာဏာပိုင္သူေတြ ထင္ရာ လုပ္ခဲ့တဲ့ မွတ္တမ္းေတြကလည္း အခိုင္အမာ ရွိေပတာပ။ ဒီအေၾကာင္းကိုလည္း က်ေနာ္ ေရးဖူးရဲ႕။ ဒါေပမဲ့ ထပ္ေျပာဦးမွ ျပည့္စုံေပမေပါ့။ ျမန္မာေရးထုံးေတြမွာ ပညာရွိေတြရဲ႕ ေရးထုံးနဲ႔ ပညာရွိတို႔ရဲ႕ အနက္ဖြင့္ဆိုခ်က္ကိုက ေက်ာ္ၿပီး အာဏာပိုင္ရဲ႕ အမိန႔္နဲ႔ ဖြင့္ဆိုရတာ ေရးထုံး သတ္ၫႊန္း လုပ္လိုက္ရတာ ေတြရွိတယ္။ တခ်ိဳ႕စကားလုံးေတြဆို မိဖုရားအႀကိဳက္ေတာင္ လိုက္လို႔ ေရးၾက၊ ေျပာၾကရတာေတြေတာင္ ရွိသတဲ့။ နန္းမေတာ္မယ္ႏု ဆိုရင္ သူ႔ေခတ္မွာ အသီးအ႐ြက္ေတြ ႏုတယ္လို႔ေတာင္ မေျပာၾကရဘူးတဲ့။ ႏု ဆိုတဲ့ သူ႔နာမည္ ပါေနလို႔ “႐ြက္ႏု” ကို “႐ြက္ထြဋ္” လို႔ ေခၚရဆိုပဲ။ သူ႔လိုပဲ စုဖုရားလက္ထက္မွာလည္း ဒီလိုပဲေပါ့။ သူကေတာ့ “ဖ”ဦး ထုပ္ မုန္းတီးေရးသမားေပကိုး။ ဒီေတာ့ “ဖင္” နဲ႔ “ဖာ” ကလြဲရင္ အားလုံးကို “ဘ” ဘကုန္းနဲ႔ ေပါင္းၾကရမယ္လို႔ အမိန႔္ေတာ္ျမတ္ ထုတ္ခဲ့ဖူးသတဲ့။ ဖိုးလႈိင္လည္း ဘိုးလႈိင္ ျဖစ္သြားရတာ ဒီပေယာဂမွ ကင္းပါေလစ။ ေဟာ… ဗိုလ္ေနဝင္း လက္ထက္ေရာက္ေတာ့ ဆႏြင္းကို နႏြင္းေျပာင္းရျပန္ေရာ။ လူေတာ္လူေကာင္းကေန လူေကာင္းလူေတာ္ေတြ ျဖစ္လိုျဖစ္ေပါ့။ ၿပီးေတာ့ ရွိေသးတယ္။ “တစ္ေန႔တစ္၌ တစ္တီတူး တစ္ေကာင္၏ တစ္ေတာင္နီးပါးရွိေသာ အရပ္တြင္ တစ္ေတာက္ငွက္ တစ္ေကာင္အား ”စသျဖင့္ “တစ္”နဲ႔“ တ” ျပႆနာကလည္း အခုထိ ရွိေနဆဲပါ။ အခုေတာ့ စစ္နဲ႔ တိုက္ေပါ့။ ေသေသခ်ာခ်ာ ဆန္းစစ္ၾကည့္ရင္ စစ္သား ကိုယ္စားလွယ္ပ ေျပာတာ မမွားေပဘူး။ စာရႈသူသာ “ျမန္မာစာအဖြဲ႕ ဦးစီးဌာန”ကို ယုံၾကည္မယ္ ဆိုရင္ေပါ့။ ျမန္မာစာအဖြဲ႕ ဦးစီးဌာနက ထုတ္တဲ့“ ျမန္မာအဘိဓာန္မွာ ေဖာ္ျပထားတာက “စစ္၊ န- တိုင္းျပည္အခ်င္းခ်င္း လက္နက္အားကိုးျဖင့္ တိုက္ခိုက္ျခင္း။ ပဋိပကၡျဖစ္ျခင္း” လို႔ စာ-၁၀၇ မွာ ဖြင့္ဆိုထားေပတာကိုး။ “စစ္တိုက္”ကိုေတာ့ သီးျခားမဖြင့္ဆိုဘဲ “စစ္ပြဲ” ကိုေတာ့ “စစ္အဂၤါ အျပည့္အစုံ ခင္းက်င္း၍ တိုက္ေသာ စစ္”လို႔ ဖြင့္ပါတယ္။ စစ္ပြဲနဲ႔ စစ္နဲ႔လည္း ဖြင့္ဆိုခ်က္ခ်င္း မတူပါဘူး။ “စစ္တိုက္”ဆိုတာကို သီးျခားမဖြင္ခဲ့ေပမယ့္ “စစ္ထိုး”ကို ဖြင့္ရာမွာေတာ့ “ထိုးစစ္ဆင္သည္၊ စစ္တိုက္သည္။”လို႔ ဆိုထားျပန္ပါတယ္။ “တိုက္”ကို ၾကည့္ျပန္ေတာ့ နာမ္အေနနဲ႔ဆိုရင္ အုတ္တိုက္ေပါ့။ ႀကိယာအေနနဲ႔ဆို အနက္ ၁၀ မ်ိဳးေလာက္ ရွိတယ္။ အရွိန္အဟုန္နဲ႔ ထိခတ္တာတို႔၊ လက္နက္အားကိုးျဖင့္ ပစၥည္းလုယူတာ (ဓားျပတိုက္)တို႔ေပါ့။ ဒီအဓိပၸာယ္နဲ႔ယူရင္ေတာ့ ႏွစ္ဖက္စလုံးအတြက္ မေကာင္းေပဘူးေပါ့။ ဒီေတာ့ ေနာက္တမ်ိဳး “တိုက္ပြဲ”ကို ၾကည့္ရင္ “စစ္ေရးအရ တဖက္ႏွင့္တဖက္ ယွဥ္ၿပိဳင္ တိုက္ခိုက္မႈ”လို႔ ဖြင့္ဆိုတယ္။ “စစ္ပြဲ”နဲ႔ “တိုက္ပြဲ” ႏွစ္ခုလုံး ဖြင့္ဆိုခ်က္ကေတာ့ သိပ္မကြာလွေပဘူး။ စစ္အဂၤါ အျပည့္အစုံ ခင္းက်င္းတိုက္တာနဲ႔ တဖက္နဲ႔တဖက္ ယွဥ္ၿပိဳင္တိုက္ၾကတာပဲ။ ေမးစရာတခု ေပၚလာတယ္။ တိုင္းရင္းသားအခ်င္းခ်င္း ျဖစ္တဲ့ စစ္ပြဲမွာ ေလေၾကာင္းတို႔ လက္နက္ႀကီး၊ ငယ္တို႔၊ စတဲ့ စစ္အဂၤါခင္းက်င္း မတိုက္ခဲ့ဘူးလားလို႔ေပါ့။ ပညာရွိေတြ ျငင္းခုံႏိုင္ဖို႔ ရည္႐ြယ္တာပါ။ လႊတ္ေတာ္တြင္း ပညာရွိတို႔ကေတာ့ “စစ္ပြဲနဲ႔ တိုက္ပြဲ” ျငင္းခုံ ကန႔္ကြက္လို႔ လႊတ္ေတာ္ဥကၠ႒ႀကီးက “တိုက္ပြဲ” လို႔ အဆုံးအျဖတ္ ျပဳေပးလိုက္ပါၿပီ။ လႊတ္ေတာ္မွာ ၿပီးသြားေပမယ့္ က်ေနာ္ကေတာ့ မၿပီးႏိုင္ဘဲ ဆက္လို႔ အေတြးပြားေနမိပါတယ္။ အေတြးပြားရင္း ငယ္စဥ္က ၾကားခဲ့ဖူးတဲ့ ပုံျပင္ေလးတခုကို ျပန္လည္စားၿမဳံ႔ျပန္ေနမိတယ္။ ပုံျပင္ေလးက… ‘ဟိုတခါတုန္းက အညာဘက္က ႐ြာသိမ္႐ြာငယ္ေလး တခုမွာ ဘုန္ေတာ္ႀကီးတပါး ရွိသတဲ့။ သူ႔အရင္က ေက်ာင္းထိုင္ဆရာေတာ္ႀကီးက စာတတ္ေပတတ္နဲ႔ အက်င့္သီလကလည္း ေကာင္းေတာ့ ဆြမ္း ကြမ္း အလွ်ံပယ္ေပါ့။ ရပ္႐ြာအေပၚမွာ ဩဇာလည္း ႀကီးေပါ့။ အဲဒီဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူသြားေတာ့ လက္ရွိ ဘုန္းေတာ္ႀကီးကိုပဲ ေက်ာင္းထိုင္ ခန႔္ရတာေပါ့။ စာမတတ္ေပမယ့္ အသင့္အတင့္ေတာ့ အက်င့္ေလးရွိဟန္ပါပဲ။ တရက္ေတာ့ သူ႔ေက်ာင္းကို ဝတ္ျဖဴစင္ၾကယ္ ဝတ္ထားတဲ့ ဖိုးသူေတာ္တေယာက္ လာေရာက္ တည္းခိုခြင့္ေတာင္းေတာ့ အာဂႏၲဳအျဖစ္ လက္ခံရတယ္။ ႐ြာထဲကိုလည္း အာဂႏၲဳရွိလို႔ ဆြမ္း ကြမ္း လက္ဖက္အတြက္ ဖိတ္ၾကားၿပီး ဧည့္ခံရသေပါ့။ အ႐ုဏ္ဆြမ္းဘုဥ္းေပးၿပီးေတာ့ အာဂႏၲဳဖိုးသူေတာ္ကလည္း ျပန္ရေတာ့မယ္။ ကိုယ္ေတာ္ကလည္း မ်က္ႏွာမေကာင္းဘူး။ အာဂႏၲဳဖိုးသူေတာ္ကလည္း မ်က္ႏွာမေကာင္းဘူး။ ဒါေပမဲ့ ဟန္ကိုယ့္ဖို႔ ဆိုတဲ့ စကားအတိုင္း ဟန္ထည္ေနၾကရတာေပါ့ေလ။ ဒီမွာေျပာဖို႔ တခု က်န္သြားတာက သူတို႔ေခတ္ သူတို႔ကာလ သူတို႔ေဒသ သူတို႔နယ္မွာ အာဂႏၲဳတပါးလာရင္ ဆြမ္း အလကားစားၿပီး ျပန္လို႔မရဘူး။ ဘုန္းႀကီးျဖစ္ျဖစ္၊ ဖိုးသူေတာ္ျဖစ္ျဖစ္ ဆြမ္းဖိုးေက်ေအာင္ ပညာစမ္းၾကရတယ္။ အဲဒီမွာ ခက္ေနတာက ဘုန္းႀကီးေရာ ဖိုးသူေတာ္ကေရာ စာမတတ္ၾကဘူးေလ။ ဘုန္းႀကီးကလည္း ဘာေမးရမွန္း မသိသလို ဖိုးသူေတာ္ကလည္း ေမးလို႔ မေျဖႏိုင္ရင္ သိကၡာက်မွာ ေၾကာက္ေနတာ။ ဖိုးသူေတာ္ကလည္း ျပန္ခ်ိန္တန္ၿပီ။ ဖိုးသူေတာ္ ထျပန္ေတာ့ ဘုန္းႀကီးကလည္း ေတာင္ေဝွးေလး ကိုင္ၿပီး ေက်ာင္းေပါက္ဝ လိုက္ပို႔ရင္း ေက်ာင္းအဝနား ေရာက္ေတာ့ “ကဲ ဖိုးသူေတာ္ေရ ထုံးစံအတိုင္း ပညာစမ္း ေမးျမန္ရဦးမယ္”ဆိုေတာ့ ဖိုးသူေတာ္ကလည္း ေမးပါေပါ့။ ဒါနဲ႔ ဘုန္းႀကီးက ေတာင္ေဝွးနဲ႔ ေျမႀကီးေပၚမွာ အဝိုင္းတခုပုံ ျခစ္ခ်လိုက္ၿပီး “ကဲ.. ဒါ ဘာလဲဆိုတာ မွန္ေအာင္ ေျဖပါေတာ့”လို႔ ဆိုေတာ့။ ဖိုးသူေတာ္ကလည္း အဲဒီအဝိုင္းကို ေသေသခ်ာခ်ာ ေစ့ေစ့ငုငုၾကည့္ၿပီး “ဒါေလးမ်ား ဘာခက္လို႔တုံးဘုရား။ အဲဒါ မနက္က အရွင္ဘုရားနဲ႔ တပည့္ေတာ္နဲ႔ ဘုဥ္းေပးခဲ့တဲ့၊ မုန႔္ဆီေၾကာ္ႀကီးေပါ့ ဆရာေတာ္ရယ္” ေျဖလိုက္ေတာ့ ဆရာေတာ္ကလည္း “ဟာ.. ေကာင္းလိုက္တဲ့ အေျဖပဲ။ သေဘာခ်င္း ေႏွာလိုက္ေလ ဦးသူေတာ္ရယ္”လို႔ ျပန္ေျပာလိုက္သတဲ့။ ပုံျပင္ေလးကေတာ့ ဒါပါပဲေလ။ ကဲ... စာရႈသူေရ… ျမန္မာအဘိဓာန္ရယ္၊ စစ္တပ္ကိုယ္စားလွယ္ရယ္၊ ဥကၠ႒ရယ္၊ လႊတ္တက္ဝန္ႀကီးရယ္၊ စာေရးသူရယ္တို႔နဲ႔ ေပါင္းၿပီး စာရႈသူပါ ေပါင္းၿပီး သေဘာခ်င္း ေႏွာလိုက္ၾကပါစို႔လားဗ်ာ။ ထြန္းေဇာ္ေဌး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024