Home
အနုပညာ
မုဒိမ်းကျင့်အသတ်ခံခဲ့ရသည့်မြမြအဖြစ် သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်မည့် ရုပ်ရှင်ရိုက်မည်
DVB
·
September 3, 2019

အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးခဲ့တဲ့ မြမြအကြောင်းကို ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကောင်မလေး မြမြနေရာမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်က ပါဝင်မှာဖြစ်ပြီး ဒီအကြောင်းကို ဝိညာဉ်ဝင်ရောက်ပူးကပ်ခံရတဲ့ ကောင်မလေး ခင်ဇာခြည်လွင် နေရာမှာတော့ အငြိမ့် မင်းသမီး ဝင်းသပြေထွန်းက ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ တရားခံတွေနေရာကနေ သရုပ်ဆောင်မယ့် အမျိုးသားသရုပ်ဆောင်တွေကိုလည်း ခေါ်ယူထားပြီး လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာတော့ အပြီးသတ်လူရွေးချယ်ပွဲပြုလုပ်တော့မှာ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်လောကအတွက် လူဆိုးလူမိုက်သုံးဦး ထပ်မံမွေးထုတ်ပေးမည့် သရုပ်ဆောင်သစ်ရွေးချယ်ပွဲလို့ ရည်ညွှန်းထားတဲ့ ဒီလူရွေးပွဲကိုတော့ ကန်တော်ကြီး မျှော် စင်ကျွန်းဇာတ်ရုံထဲမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မြမြအကြောင်းဟာ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပလူပျံအောင် လူပြောများခဲ့တဲ့ အကြောင်းအရာဖြစ်သလို ဒီအကြောင်းကို ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေကို ရိုက်ကူးတတ်တဲ့ ညိုမင်းလွင်ရိုက်ကူးပုံဖော်မယ့် သတင်းဟာလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာပါ။

 

လာမယ့် တနင်္ဂနွေနေ့ လူရွေးချယ်ပွဲမှာရော ဘယ်လိုရွက်ပုန်းသီး သရုပ်ဆောင် သစ်တွေ ထွက်ပေါ်လာမလဲ၊ ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျဖြစ်မယ့် သရုပ်ဆောင်တွေ ပါဝင်လာမလား ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။


မုဒိမ္းက်င့္အသတ္ခံခဲ့ရသည့္ျမျမအျဖစ္ သင္ဇာဝင့္ေက်ာ္ပါဝင္သ႐ုပ္ေဆာင္မည့္ ႐ုပ္ရွင္႐ိုက္မည္ DVB အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ နာမည္ႀကီးခဲ့တဲ့ ျမျမအေၾကာင္းကို ဒါ႐ိုက္တာ ညိဳမင္းလြင္ရဲ႕ ညေက်ာင္း႐ုပ္ရွင္ထုတ္လုပ္ေရးက ႐ိုက္ကူးေတာ့မွာ ျဖစ္ပါတယ္။ မုဒိမ္းက်င့္ သတ္ျဖတ္ခံခဲ့ရတဲ့ ေကာင္မေလး ျမျမေနရာမွာေတာ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီး သင္ဇာဝင့္ေက်ာ္က ပါဝင္မွာျဖစ္ၿပီး ဒီအေၾကာင္းကို ဝိညာဥ္ဝင္ေရာက္ပူးကပ္ခံရတဲ့ ေကာင္မေလး ခင္ဇာျခည္လြင္ ေနရာမွာေတာ့ အၿငိမ့္ မင္းသမီး ဝင္းသေျပထြန္းက ပါဝင္ၾကမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာ တရားခံေတြေနရာကေန သ႐ုပ္ေဆာင္မယ့္ အမ်ိဳးသားသ႐ုပ္ေဆာင္ေတြကိုလည္း ေခၚယူထားၿပီး လာမယ့္ စက္တင္ဘာလ ၈ ရက္ေန႔မွာေတာ့ အၿပီးသတ္လူေ႐ြးခ်ယ္ပြဲျပဳလုပ္ေတာ့မွာ ျဖစ္ပါတယ္။ ျမန္မာ့႐ုပ္ရွင္ေလာကအတြက္ လူဆိုးလူမိုက္သုံးဦး ထပ္မံေမြးထုတ္ေပးမည့္ သ႐ုပ္ေဆာင္သစ္ေ႐ြးခ်ယ္ပြဲလို႔ ရည္ၫႊန္းထားတဲ့ ဒီလူေ႐ြးပြဲကိုေတာ့ ကန္ေတာ္ႀကီး ေမွ်ာ္ စင္ကြၽန္းဇာတ္႐ုံထဲမွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ျမျမအေၾကာင္းဟာ ေဖ့စ္ဘြတ္ခ္အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ပလူပ်ံေအာင္ လူေျပာမ်ားခဲ့တဲ့ အေၾကာင္းအရာျဖစ္သလို ဒီအေၾကာင္းကို ထူးျခားတဲ့ ဇာတ္လမ္းဇာတ္အိမ္ေတြကို ႐ိုက္ကူးတတ္တဲ့ ညိဳမင္းလြင္႐ိုက္ကူးပုံေဖာ္မယ့္ သတင္းဟာလည္း ပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာ ျဖစ္ေနခဲ့တာပါ။ လာမယ့္ တနဂၤေႏြေန႔ လူေ႐ြးခ်ယ္ပြဲမွာေရာ ဘယ္လို႐ြက္ပုန္းသီး သ႐ုပ္ေဆာင္ သစ္ေတြ ထြက္ေပၚလာမလဲ၊ ဇာတ္လမ္းနဲ႔ အံဝင္ခြင္က်ျဖစ္မယ့္ သ႐ုပ္ေဆာင္ေတြ ပါဝင္လာမလား ဆိုတာကိုေတာ့ ေစာင့္ေမွ်ာ္ၾကည့္ရႈၾကရမွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024