A d v e r t i s e m e n t With Us

မန်ယူလူငယ် ကြယ်ပွင့် မက်ဆန်ဂရင်းဝုဒ်ကို လုပ်ခ ၅ ဆတိုးပေးမည်

မန်ယူနိုက်တက်အသင်းဟာ ခြေစွမ်းတိုးတက်လာတဲ့ လူငယ်တိုက်စစ်မှူး မက်ဆန်ဂရင်းဝုဒ်ကို ပေါင် ၂၅၀၀၀ အထိ လုပ်ခ တိုးမြှင့်ပေးဖို့ ကမ်းလှမ်းထားပါတယ်။ မက်ဆန်ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက အသင်းကြီးအတွက် စုစုပေါင်း ၄ ပွဲ ကစားပေးခဲ့ပါတယ်။ လာမယ့်အောက်တိုဘာ ၁ ရက်မှာ အသက် ၁၈ နှစ်ပြည့်တော့မယ့် ဂရင်းဝုဒ်ဟာ လက်ရှိမှာ အခြေခံလုပ်ခ ပေါင် ၅၀၀၀ ဝန်းကျင်သာ ရရှိပြီး  စာချုပ်သစ်အရ ၅ ဆ လောက် တိုးမြှင့်ရရှိလာမှာ ဖြစ်ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ဂရင်းဝုဒ်ရဲ့ နေရာယူ လူပ်ရှားမူနဲ့ လိမ္မာပါးနပ်မှုတွေကြောင့် အလွန်ကောင်းမွန်တဲ့ ကစားသမား ဖြစ်လာဖို့ရှိကြောင်းနဲ့ နံပါတ် ၁၀၊ ၇၊ ၁၁ နဲ့ နံပါတ် ၉ နေရာတွေ အားလုံးမှာ ကစားနိုင်ကြောင်း နည်းပြဆိုးလ်ရှားက ထုတ်ဖော်ချီးကျူးပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို လုပ်ခတိုးပြီး စာချုပ်သစ် ချုပ်ဆိုမှာ ဖြစ်သလို တခြား လူငယ် ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ အိန်ဂျယ်ဂိုမက်ဇ်၊ ဂျိမ်းစ်ဂါနာ၊ တာဟစ်၊ ဝီလီယံနဲ့ အီသန်လိုင်းယက်ဒ်တို့ကိုလည်း စာချုပ်သစ်တွေ ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ ဓာတ်ပုံ- AFP ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မန္ယူလူငယ္ ၾကယ္ပြင့္ မက္ဆန္ဂရင္းဝုဒ္ကို လုပ္ခ ၅ ဆတိုးေပးမည္ မန္ယူႏိုက္တက္အသင္းဟာ ေျခစြမ္းတိုးတက္လာတဲ့ လူငယ္တိုက္စစ္မႉး မက္ဆန္ဂရင္းဝုဒ္ကို ေပါင္ ၂၅၀၀၀ အထိ လုပ္ခ တိုးျမႇင့္ေပးဖို႔ ကမ္းလွမ္းထားပါတယ္။ မက္ဆန္ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ရာသီကတည္းက အသင္းႀကီးအတြက္ စုစုေပါင္း ၄ ပြဲ ကစားေပးခဲ့ပါတယ္။ လာမယ့္ေအာက္တိုဘာ ၁ ရက္မွာ အသက္ ၁၈ ႏွစ္ျပည့္ေတာ့မယ့္ ဂရင္းဝုဒ္ဟာ လက္ရွိမွာ အေျခခံလုပ္ခ ေပါင္ ၅၀၀၀ ဝန္းက်င္သာ ရရွိၿပီး  စာခ်ဳပ္သစ္အရ ၅ ဆ ေလာက္ တိုးျမႇင့္ရရွိလာမွာ ျဖစ္ပါတယ္။ မန္ယူနည္းျပ ဆိုးလ္ရွားကေတာ့ ဂရင္းဝုဒ္ရဲ႕ ေနရာယူ လူပ္ရွားမူနဲ႔ လိမၼာပါးနပ္မႈေတြေၾကာင့္ အလြန္ေကာင္းမြန္တဲ့ ကစားသမား ျဖစ္လာဖို႔ရွိေၾကာင္းနဲ႔ နံပါတ္ ၁၀၊ ၇၊ ၁၁ နဲ႔ နံပါတ္ ၉ ေနရာေတြ အားလုံးမွာ ကစားႏိုင္ေၾကာင္း နည္းျပဆိုးလ္ရွားက ထုတ္ေဖာ္ခ်ီးက်ဴးပါတယ္။ မန္ယူႏိုက္တက္အသင္းဟာ ဂရင္းဝုဒ္ကို လုပ္ခတိုးၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုမွာ ျဖစ္သလို တျခား လူငယ္ ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ့ အိန္ဂ်ယ္ဂိုမက္ဇ္၊ ဂ်ိမ္းစ္ဂါနာ၊ တာဟစ္၊ ဝီလီယံနဲ႔ အီသန္လိုင္းယက္ဒ္တို႔ကိုလည္း စာခ်ဳပ္သစ္ေတြ ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနပါတယ္။ ဓာတ္ပုံ- AFP

A d v e r t i s e m e n t With Us

More News
Up