Home
မြန်မာသတင်း
ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးကြီး၍ လေပြင်းတိုက်နိုင် 
DVB
·
September 3, 2019
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်နဲ့ ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေတဲ့ အပူပိုင်းမုန်တိုင်း “ကာဂျီကီ” (Kajiki)အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်နေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ မုတ်သုံလေ အားအလွန်ကောင်းတဲ့အတွက် ဒီနေ့မနက်မှ နောက် ၃ ရက်အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးတာနဲ့အတူ လေပြင်း တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမှာဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေဟာ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။  လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေကနေ ၁၃ ပေလောက်ရှိ နိုင်တယ်လို့ ခန့်မှန် ထုတ်ပြန်ထားပါတယ်။ လျှပ်တပြက် ရေကြီးမြေပြိုတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့၊ မြစ်ချောင်းအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ အသိပေးနှိုးဆော်ထား ပါတယ်။
ကာဂ်ီကီမုန္တိုင္းအရွိန္ေၾကာင့္ မိုးႀကီး၍ ေလျပင္းတိုက္ႏိုင္ DVB ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းရဲ႕ အရွိန္နဲ႔ ဗီယက္နမ္ႏိုင္ငံကမ္းေျခကို ျဖတ္ေက်ာ္ဝင္ေရာက္ေနတဲ့ အပူပိုင္းမုန္တိုင္း “ကာဂ်ီကီ” (Kajiki)အရွိန္ေၾကာင့္ ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလား ပင္လယ္ေအာ္တို႔မွာ မုတ္သုံေလ အားေကာင္းရာမွ အားအလြန္ေနတယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။ မုတ္သုံေလ အားအလြန္ေကာင္းတဲ့အတြက္ ဒီေန႔မနက္မွ ေနာက္ ၃ ရက္အတြင္း ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေဒသအလိုက္နဲ႔ ေနရာကြက္ၿပီး မိုးႀကီးတာနဲ႔အတူ ေလျပင္း တိုက္ခတ္ႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။ ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္ေတြမွာ ရံဖန္ရံခါ မိုးသက္ ေလျပင္းမ်ားက်ေရာက္ၿပီး၊ လႈိင္းႀကီးမွာျဖစ္ၿပီး မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ ေျမျပင္ ေလဟာ တစ္နာရီကို မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ပါတယ္။ လႈိင္းအျမင့္မွာ ျမန္မာ့ ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ၉ ေပကေန ၁၃ ေပေလာက္ရွိ ႏိုင္တယ္လို႔ ခန႔္မွန္ ထုတ္ျပန္ထားပါတယ္။ လွ်ပ္တျပက္ ေရႀကီးေျမၿပိဳတာေတြ ျဖစ္ေပၚႏိုင္တဲ့အတြက္ ကုန္းျမင့္ေဒသအနီးမွာ ေနထိုင္ၾကသူေတြအေနနဲ႔ ေျမၿပိဳမႈအႏၲရာယ္နဲ႔၊ ျမစ္ေခ်ာင္းအနီး ေနထိုင္ၾကသူေတြအေနနဲ႔ ေရႀကီး၊ ေရလွ်ံတာေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကဖို႔ အသိေပးႏႈိးေဆာ္ထား ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024