အာဆင်နယ်ကစားသမား မီခီတာယန် ရိုးမားအသင်းဆီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား မီခီတာယန်ဟာ စီးရီးအေကလပ် ရိုးမားအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
မီခီတာယန်ဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းကောင်း ထုတ်ပြနိုင်ခြင်းမရှိခဲ့ဘဲ စပါးအသင်းနဲ့ ပွဲစဉ်က ခြေစွမ်းကိုလည်း ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။
အာမေးနီးယား ကစားသမား မီခီတာယန်အနေနဲ့ ရိုမားအသင်းကို တရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး စပါးအသင်းနဲ့ ပွဲအပြီး နောက်တနေ့မှာပဲ အီတလီကို ပြောင်းရွှေ့ဖို့ ထွက်ခွာခဲ့ပါတယ်။
အသက် ၃၀ ရှိ မီခီတာယန်ဟာ ၂၀၁၇ ခုနှစ်က မန်ယူအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အာဆင်နယ်အတွက် စုစုပေါင်း ၅၆ ပွဲ ကစားခဲ့ပြီး ၉ ဂိုး သွင်းယူခဲ့ပါတယ်။
ဓာတ်ပုံ-EPA
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အာဆင္နယ္ကစားသမား မီခီတာယန္ ႐ိုးမားအသင္းဆီ အငွားစာခ်ဳပ္ျဖင့္ ေျပာင္းေ႐ႊ႕
အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမား မီခီတာယန္ဟာ စီးရီးေအကလပ္ ႐ိုးမားအသင္းဆီကို အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕သြားၿပီ ျဖစ္ပါတယ္။
မီခီတာယန္ဟာ အာဆင္နယ္အသင္းမွာ ေျခစြမ္းေကာင္း ထုတ္ျပႏိုင္ျခင္းမရွိခဲ့ဘဲ စပါးအသင္းနဲ႔ ပြဲစဥ္က ေျခစြမ္းကိုလည္း ပရိသတ္ေတြက ေဝဖန္ခဲ့ၾကပါတယ္။
အာေမးနီးယား ကစားသမား မီခီတာယန္အေနနဲ႔ ႐ိုမားအသင္းကို တရာသီ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ၿပီး စပါးအသင္းနဲ႔ ပြဲအၿပီး ေနာက္တေန႔မွာပဲ အီတလီကို ေျပာင္းေ႐ႊ႕ဖို႔ ထြက္ခြာခဲ့ပါတယ္။
အသက္ ၃၀ ရွိ မီခီတာယန္ဟာ ၂၀၁၇ ခုႏွစ္က မန္ယူအသင္းကေန ေျပာင္းေ႐ႊ႕လာသူျဖစ္ၿပီး အာဆင္နယ္အတြက္ စုစုေပါင္း ၅၆ ပြဲ ကစားခဲ့ၿပီး ၉ ဂိုး သြင္းယူခဲ့ပါတယ္။
ဓာတ္ပုံ-EPA