Home
မြန်မာသတင်း
ကျောက်တော်တွင်ပစ်ခတ်မှုဖြစ်ပွား အရပ်သား ၇ ဦး ကျည်ထိမှန်ဒဏ်ရာရ
DVB
·
September 3, 2019
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ တံတားအနားမှာ တပ်မတော်စစ်ကြောင်း မိုင်း ၂ လုံးဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် တပ်မတော်ဘက်က  ပြန်လည်ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၇ ဦး ကျည်ထိမှန်ဒဏ်ရာရသွားတယ်လို့ ကျေးရွာသားတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းက တပ်မတော်စစ်ကြောင်းတခုက မဟာမုနိ လမ်းအတိုင်းစစ်ကြောင်းထွက်လာရာ သရက်တပင်ကျေးရွာ မရောက်ခင်တံတားအနီးမှာ မိုင်းနှစ်လုံး ပေါက်ကွဲပြီးနောက် တပ်မတော်စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကျေးရွာတွေဘက်ကို လှမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေကပြောဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ မိသားစုဝင်တဦးက “တပ်မတော်စစ်ကြောင်းက မဟာမုနိဘက်က ထွက်လာတယ်။ ကျနော်တို့ သရက်တပင်ကျေးရွာ ရဲ့ တံတားဦးအနားလောက်အရောက်မှာမိုင်း ၂ လုံးပေါက်တယ်။ အဲ့ဒီလို့ပေါက်ပေါက်ချင်းမှာ တဖက်ရွာဘက်တွေကို သေနတ်တွေနဲ့ လှမ်းပစ်တယ်။ ပြီးတော့ လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်။ အဲ့ဒီမှာကျနော်တို့ ကျေးရွာတွေမှာ လက်နက်ကြီးကျည်တွေထိတယ်။ နေအိမ်တွေ တချို့ပျက်စီးသွားတယ်။ ပစ်ခတ်မှုက ၂နာရီကနေပစ်တာ။ ၃ နာရီလောက်မှပြီး သွားတယ်”လို့ပြောပါတယ်။ အဆိုပါရွာတွေဟာ တရွာနဲ့ တရွာ ရွာချင်းဆက်နေတာဖြစ်ပြီး ဒဏ်ရာရရှိသွားတာကတော့ သရက်တပင်ကျေးရွာ က ၂ ဦး၊ ရေဗကျေးရွာက ၂ ဦး၊ ရွှေတလှည်ကျေးရွာက ၂ ဦးနဲ့ ကျောက်တလုံးကျေးရွာက ၁ ဦးဖြစ်ကြတယ်လို့ ကျေးရွာသားတွေပြောဆိုပါတယ်။ ထိခိုက်ဒဏ်ရာရှိသူတွေဟာ ကျောက်တော်ဆေးရုံမှာ ဆေးကုမှုတွေခံယူနေပြီး ဒဏ်ရာ ရသူတွေထဲမှာအခြေအနေ အရမ်းစိုးရိမ်ရတဲ့ အနေထားတွေမရှိဘူးလို့ သရက်တပင်ကျေးရွာက ရွှေကရုဏာသွေးအလှူရှင်များအသင်းဥက္ကဋ္ဌ ဦးဘိုအောင်သိန်းကဒီဗွီဘီကို ပြောပါတယ်။ “မနေ့ကပစ်ခတ်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာရှိထားတာ ၇ ဦးဖြစ်တယ်။ ကျေးရွာ ၄ ရွာကနေ ဒေသခံ ၇ ဦးပေါ့နော်။ သူတို့ကိုတော့ ကျောက်တော် ပြည်သူ့ဆေးရုံးမှာ ဆေးကုသမှုခံယူနေ ပါတယ်။ ပြင်းထန်ဒဏ်ရာရတဲ့သူတွေတော့ ပါတယ်။ ဒါပေမယ့် ဆရာဝန်ကြီးပြောတာက စိုးရိမ်ရတဲ့ အနေအထားမရှိဘူး”လို့ ပြောတယ်။ သရက်တပင်ရွာနားမှာ ဒီလိုဖြစ်ခတ်မှုဖြစ်လို့ မဟာနွယ် ကိုယ်ပိုင်အထက်တန်း ကျောင်းက ကျောင်းသူ ၄ ဦးဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရသလို ဒီလို ပစ်ခတ်မှုဖြစ်ပြီး နောက်ပိုင်းမှာစျေးဆိုင်တွေ နေအိမ်ပိတ်လို့ကျေးရွာကနေထွက်သွားကြ သူတွေရှိတယ်လို့ ကျေးရွာသားတွေကပြောဆိုပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး  အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ကျနော်တို့စစ်ကြောင်းတကြောင်းကို အေအေ သောင်းကျန်းသူတွေက သရက်တပင် အဝင်ပေါ့။ ရွာတံတားအနားမှာ မိုင်း ၂ လုံးခွဲတယ်။ ရွာထဲကနေပြီးတော့ တပ်မတော် စစ်ကြောင်းကို လှမ်းပစ်တယ်။ ပစ်တဲ့အခါမှာဒီဘက်က ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ ရွာသားတွေ ထိခိုက်ဒဏ်ရာ ရှိမရှိကိုတော့ ကျနော်မသိဘူး။ ရွာကလူတွေက ကျေးရွာအနားတွေမှာ မိုင်းထောင်တာတွေ သူတို့သိမှာပဲ၊ အဲ့ဒါကို ကျနော်တို့ အကြောင်းကြားပေါ့။ အကြောင်းကြားရင်ဒီလိုဖြစ်ရာ အကြောင်းမရှိဘူး” လို့ ပါပြောပါတယ်။ ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ “သူတို့ လက်သုံးစကားပြောနေတာတွေ ရှိတယ်။ ရွာထဲက ပစ်ရင်ရွာထဲကို လှမ်းပစ်မယ်။ ကျည်လာရင်လှမ်းပစ်မယ်လို့ တလျှောက်ပြောနေတာ ရှိတယ်။ အဲ့ဒါဘာကိုဖော်ပြနေသလားဆိုတာ့ ဒါက ပြည်သူတွေအပေါ်မှာထားတဲ့ သဘောထားဖြစ်တယ်။ ကျနော်တို့က ရခိုင်ပြည်သူ တွေနေတဲ့ရွာကို cover ယူပြီးတော့ ပစ်ပါ့မလား၊ တကယ်ပစ်လို့ရှိရင် ကျနော်တို့ပြည်သူတွေ သေ မှာပေါ့။ စစ်တပ်ကရခိုင်ပြည်သူတွေကို တမင်ပစ်သတ်ချင်လို့ ဒီလိုလုပ်တာ။ ရှင်းနေတာပဲ၊ မနေ့ကတိုက်ပွဲဖြစ်တာမရှိဘူး။ သူတို့တမင်ဖန်တီးလိုက်တာ” လို့ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ဖမ်းဆီး ခံရတာ၊ ပျောက်ဆုံးနေတာ၊ သေဆုံးတာတွေမြင့် တက်လာနေပြီး ရက္ခိုင့်တပ်တော်အေအေနဲ့ ဆက်စပ်မှုတွေရှိတယ်ဆိုပြီး ဖမ်းဆီးတရားရင်ဆိုင်နေရသူ ၁၀၀ နီးပါရှိလာနေပြီးဖြစ် ပါတယ်။ သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို
ေက်ာက္ေတာ္တြင္ပစ္ခတ္မႈျဖစ္ပြား အရပ္သား ၇ ဦး က်ည္ထိမွန္ဒဏ္ရာရ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ တရက္ပတင္ေက်း႐ြာ တံတားအနားမွာ တပ္မေတာ္စစ္ေၾကာင္း မိုင္း ၂ လုံးေဖာက္ခြဲ တိုက္ခိုက္ခံရၿပီးေနာက္ တပ္မေတာ္ဘက္က ျပန္လည္ပစ္ခတ္မႈေတြေၾကာင့္ ေဒသခံ ၇ ဦး က်ည္ထိမွန္ဒဏ္ရာရရ သြားတယ္လို႔ ေက်း႐ြာသားေတြနဲ႔ လူမႈကယ္ဆယ္ေရးအဖြဲ႕ေတြကေျပာပါတယ္။ စက္တင္ဘာ ၂ ရက္ ေန႔လယ္ပိုင္းက တပ္မေတာ္စစ္ေၾကာင္းတခုက မဟာမုနိ လမ္းအတိုင္းစစ္ေၾကာင္းထြက္လာရာ တရက္တပင္းေက်း႐ြာမေရာက္ခင္တံတားအနီးမွာ မိုင္းႏွစ္လုံး ေပါက္ကြဲၿပီးေနာက္ တပ္မေတာ္စစ္ေၾကာင္းက လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ေက်း႐ြာေတြဘက္ကို လွမ္းပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ ေက်း႐ြာသားေတြကေျပာဆိုပါတယ္။ ထိခိုက္ဒဏ္ရာရရွိသြားတဲ့ မိသားစုဝင္တဦးက “တပ္မေတာ္စစ္ေၾကာင္းက မဟာမုနိဘက္က ထြက္လာတယ္။ က်ေနာ္တို႔ တရက္တပင္ ေက်း႐ြာရဲ႕ တံတားဦးအနားေလာက္အေရာက္မွာမိုင္း ၂ လုံးေပါက္တယ္။ အဲ့ဒီလို႔ေပါက္ေပါက္ခ်င္းမွာ တဖက္႐ြာဘက္ေတြကို ေသနတ္ေတြနဲ႔ လွမ္းပစ္တယ္။ ၿပီးေတာ့ လက္နက္ႀကီးေတြ လက္နက္ငယ္ေတြနဲ႔လွမ္းပစ္တယ္။ အဲ့ဒီမွာက်ေနာ္တို႔ ေက်း႐ြာေတြမွာ လက္နက္ႀကီးက်ည္ေတြထိတယ္။ ေနအိမ္ေတြ တခ်ိဳ႕ပ်က္စီးသြားတယ္။ ပစ္ခတ္မႈက ၂နာရီကေနပစ္တာ။ ၃ နာရီေလာက္မွၿပီး သြားတယ္”လို႔ေျပာပါတယ္။ အဆိုပါ႐ြာေတြဟာ တ႐ြာနဲ႔ တ႐ြာ ႐ြာခ်င္းဆက္ေနတာျဖစ္ၿပီး ဒဏ္ရာရရွိသြားတာကေတာ့ တရက္တပင္ေက်း႐ြာက ၂ ဦး၊ ေရဗေက်း႐ြာက ၂ ဦး၊ ေ႐ႊတလွည္ေက်း႐ြာက ၂ ဦးနဲ႔ ေက်ာက္တလုံးေက်း႐ြာက ၁ ဦးျဖစ္ၾကတယ္လို႔ ေက်း႐ြာသားေတြေျပာဆိုပါတယ္။ ထိခိုက္ဒဏ္ရာရွိသူေတြဟာ ေက်ာက္ေတာ္ေဆး႐ုံမွာ ေဆးကုမႈေတြခံယူေနၿပီး ဒဏ္ရာ ရသူေတြထဲမွာအေျခအေန အရမ္းစိုးရိမ္ရတဲ့ အေနထားေတြမရွိဘူးလို႔ သရက္တပင္ေက်း႐ြာက ေ႐ႊက႐ုဏာေသြးအလႉရွင္မ်ားအသင္းဥကၠ႒ ဦးဘိုေအာင္သိန္းကဒီဗြီဘီကို ေျပာပါတယ္။ “မေန႔ကပစ္ခတ္မႈျဖစ္လို႔ ထိခိုက္ဒဏ္ရာရွိထားတာ ၇ ဦးျဖစ္တယ္။ ေက်း႐ြာ ၄ ႐ြာကေန ေဒသခံ ၇ ဦးေပါ့ေနာ္။ သူတို႔ကိုေတာ့ ေက်ာက္ေတာ္ ျပည္သူ႔ေဆး႐ုံးမွာ ေဆးကုသမႈခံယူေန ပါတယ္။ ျပင္းထန္ဒဏ္ရာရတဲ့သူေတြေတာ့ပါတယ္။ ဒါေပမယ့္ ဆရာဝန္ႀကီးေျပာတာက စိုးရိမ္ရတဲ့ အေနအထားမရွိဘူး”လို႔ ေျပာတယ္။ သရက္တပင္႐ြာနားမွာ ဒီလိုျဖစ္ခတ္မႈျဖစ္လို႔ မဟာႏြယ္ ကိုယ္ပိုင္အထက္တန္း ေက်ာင္းက ေက်ာင္းသူ ၄ ဦးဆိုရင္လည္း စိတ္ပိုင္းဆိုင္ရာထိခိုက္ခံစားေနရသလို ဒီလို ပစ္ခတ္မႈျဖစ္ၿပီး ေနာက္ပိုင္းမွာေစ်းဆိုင္ေတြ ေနအိမ္ပိတ္လို႔ေက်း႐ြာကေနထြက္သြားၾက သူေတြရွိတယ္လို႔ ေက်း႐ြာသားေတြကေျပာဆိုပါတယ္။ ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက “က်ေနာ္တို႔စစ္ေၾကာင္းတေၾကာင္းကို ေအေအ ေသာင္းက်န္းသူေတြက သရက္တပင္ အဝင္ေပါ့။ ႐ြာတံတားအနားမွာ မိုင္း ၂ လုံးခြဲတယ္။ ႐ြာထဲကေနၿပီးေတာ့ တပ္မေတာ္ စစ္ေၾကာင္းကို လွမ္းပစ္တယ္။ ပစ္တဲ့အခါမွာဒီဘက္က ျပန္လည္ပစ္ခတ္တာေတြရွိတယ္။ က်ေနာ္တို႔ဘက္ေတာ့ ထိခိုက္ဒဏ္ရာရတာေတာ့မရွိဘူး။ ႐ြာသားေတြ ထိခိုက္ဒဏ္ရာ ရွိမရွိကိုေတာ့ က်ေနာ္မသိဘူး။ ႐ြာကလူေတြက ေက်း႐ြာအနားေတြမွာ မိုင္းေထာင္တာေတြ သူတို႔သိမွာပဲ၊ အဲ့ဒါကို က်ေနာ္တို႔ အေၾကာင္းၾကားေပါ့။ အေၾကာင္းၾကားရင္ဒီလိုျဖစ္ရာ အေၾကာင္းမရွိဘူး” လို႔ ပါေျပာပါတယ္။ ရကၡိဳင့္တပ္ေတာ္ေအေအ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေတာ့ “သူတို႔ လက္သုံးစကားေျပာေနတာေတြ ရွိတယ္။ ႐ြာထဲက ပစ္ရင္႐ြာထဲကို လွမ္းပစ္မယ္။ က်ည္လာရင္လွမ္းပစ္မယ္လို႔ တေလွ်ာက္ေျပာေနတာ ရွိတယ္။ အဲ့ဒါဘာကိုေဖာ္ျပေနသလားဆိုတာ့ ဒါက ျပည္သူေတြအေပၚမွာထားတဲ့ သေဘာထားျဖစ္တယ္။ က်ေနာ္တို႔က ရခိုင္ျပည္သူ ေတြေနတဲ့႐ြာကို cover ယူၿပီးေတာ့ ပစ္ပါ့မလား၊ တကယ္ပစ္လို႔ရွိရင္ က်ေနာ္တို႔ျပည္သူေတြ ေသ မွာေပါ့။ စစ္တပ္ကရခိုင္ျပည္သူေတြကို တမင္ပစ္သတ္ခ်င္လို႔ ဒီလိုလုပ္တာ။ ရွင္းေနတာပဲ၊ မေန႔ကတိုက္ပြဲျဖစ္တာမရွိဘူး။ သူတို႔တမင္ဖန္းတီးလိုက္တာ” လို႔ေျပာပါတယ္။ ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္း အရပ္သား ဖမ္းဆီး ခံရတာ၊ ေပ်ာက္ဆုံးေနတာ၊ ေသဆုံးတာေတြျမင့္ တက္လာေနၿပီး ရကၡိဳင့္တပ္ေတာ္ေအေအနဲ႔ ဆက္စပ္မႈေတြရွိတယ္ဆိုၿပီး ဖမ္းဆီးတရားရင္ဆိုင္ေနရသူ ၁၀၀ နီးပါရွိလာေနၿပီးျဖစ္ ပါတယ္။ သတင္း-ဓာတ္ပုံ-ဝဏၰခြာညိဳ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024