ဟောင်ကောင် ဆန္ဒပြသူများ တရုတ်အလံ မီးရှို့ (ရုပ်သံ)

1.5K
ဟောင်ကောင်မှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၁ ရက်နေ့ ဆန္ဒပြပွဲအတွင်း တရုတ်နိုင်ငံတော်အလံကို မီးရှို့ခဲ့ကြပါတယ်။
ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဟောင်ကောင် လေဆိပ်နဲ့ ချိတ်ဆက်ထားတဲ့ လမ်းတွေနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကွန်ရက်တွေကိုလည်း တနင်္ဂနွေနေ့က ပိတ်ဆို့ခဲ့ပါတယ်။
အဲဒီနောက် ဆန္ဒပြသူတချို့က တုံချုံး မြေအောက်ရထားဘူတာကို ပစ်မှတ်ထားပြီး ဆုံလည်ဂိတ်တွေ၊ လုံခြုံရေး ကင်မရာတွေ၊ မှန်ကာတွေ မီးတိုင်တွေကို သံတုတ်တွေနဲ့ ရိုက်ချိုး ဖျက်ဆီးခဲ့ပါတယ်။
ရဲတွေက လူအတော်များများကို ဖမ်းခဲ့ပါတယ်။ လက်ရှိ ဆိုင်းငံ့ထားတဲ့ ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆန့်ကျင် ဆန္ဒပြရာက ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြတဲ့အထိ ရောက်ခဲ့ပါတယ်။
တရုတ်အစိုးရက အောက်တိုဘာ ၁ ရက် တရုတ်နိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် နှစ်ပတ်လည်မတိုင်မီ ဟောင်ကောင် မတည်ငြိမ်မှုကို ဖြေရှင်းဖို့ စိတ်အားထက်သန်နေ ပါတယ်။
ရုပ်သံ - ODN ၊ ဓာတ်ပုံ- Prashant Singh
~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေဟာင္ေကာင္ ဆႏၵျပသူမ်ား တ႐ုတ္အလံ မီးရႈိ႕ (႐ုပ္သံ)
ေဟာင္ေကာင္မွာ ဒီမိုကေရစီေရး ဆႏၵျပသူေတြဟာ စက္တင္ဘာ ၁ ရက္ေန႔ ဆႏၵျပပြဲအတြင္း တ႐ုတ္ႏိုင္ငံေတာ္အလံကို မီးရႈိ႕ခဲ့ၾကပါတယ္။
ေထာင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြဟာ ေဟာင္ေကာင္ ေလဆိပ္နဲ႔ ခ်ိတ္ဆက္ထားတဲ့ လမ္းေတြနဲ႔ အမ်ားျပည္သူသုံး သယ္ယူပို႔ေဆာင္ေရးကြန္ရက္ေတြကိုလည္း တနဂၤေႏြေန႔က ပိတ္ဆို႔ခဲ့ပါတယ္။
အဲဒီေနာက္ ဆႏၵျပသူတခ်ိဳ႕က တုံခ်ဳံး ေျမေအာက္ရထားဘူတာကို ပစ္မွတ္ထားၿပီး ဆုံလည္ဂိတ္ေတြ၊ လုံၿခဳံေရး ကင္မရာေတြ၊ မွန္ကာေတြ မီးတိုင္ေတြကို သံတုတ္ေတြနဲ႔ ႐ိုက္ခ်ိဳး ဖ်က္ဆီးခဲ့ပါတယ္။
ရဲေတြက လူအေတာ္မ်ားမ်ားကို ဖမ္းခဲ့ပါတယ္။ လက္ရွိ ဆိုင္းငံ့ထားတဲ့ ရာဇဝတ္သား လႊဲေျပာင္းေရး ဥပေဒမူၾကမ္းကို ဆန႔္က်င္ ဆႏၵျပရာက ဒီမိုကေရစီအေရး ေတာင္းဆို ဆႏၵျပတဲ့အထိ ေရာက္ခဲ့ပါတယ္။
တ႐ုတ္အစိုးရက ေအာက္တိုဘာ ၁ ရက္ တ႐ုတ္ႏိုင္ငံ တည္ေထာင္ျခင္း ႏွစ္ ၇ဝ ျပည့္ ႏွစ္ပတ္လည္မတိုင္မီ ေဟာင္ေကာင္ မတည္ၿငိမ္မႈကို ေျဖရွင္းဖို႔ စိတ္အားထက္သန္ေန ပါတယ္။
႐ုပ္သံ - ODN ၊ ဓာတ္ပုံ- Prashant Singh