Home
မြန်မာသတင်း
နှစ်သန်း ၂၀၀ ကျော်က ဒိုင်နိုဆောမျိုးနွယ်ဝင် ကျောက်ဖြစ်ရုပ်ကြွင်း လားရှိုးတွင်တွေ့ရှိ 
DVB
·
September 3, 2019
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀၀ ကျော်က ဒိုင်နိုဆောမျိုးနွယ်ဝင် ကျောက်ဖြစ်ရုပ်ကြွင်းတခုကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နားကနေ တွေ့ထားတယ်လို့ အစိုးရသတင်းစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ ဘူမိဗေဒဘာသာရပ်မှာ ပထမဆုံးအဖြစ် နှစ်သန်းပေါင်း ၂၀၀ ကျော်သက်တမ်းရှိ ဒိုင်နိုဆောမျိုးနွယ်ဝင် ပင်လယ်ပျော်   ကျောရိုးရှိ တွားသွားသတ္တဝါရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုးမြို့ အနောက်ဘက်ရှိ ရဲဘော်ဟောင်း ကျောက်တောင်မှ သုတေသန ပြုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာနက ၂၀၁၈ ခုနှစ်မှာ လားရှိုးမြို့ အနောက်ဘက် ရဲဘော်ဟောင်းကျောက်တောင်ကနေ ရှာဖွေတွေ့တာဖြစ်ပြီး လက်ရှိမှာတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၁၀ နဲ့ ၂၃၀ ကြားမှာ ရှိမယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီရုပ်ကြွင်းဟာ ဖွတ်၊ ပုတတ်၊ ပုတ်သင်ညိုလို ခေါင်းသေးပြီး လည်ပင်းရှည်တဲ့အပြင် မေးရိုးမှာ သေးပြီးချွန်တဲ့ သွားတွေပါလို့ ငါးကိုစားတဲ့ ပင်လယ်ပျော်ကျောရိုးရှိ တွားသွားသတ္တဝါ (Pachypleurosaurs) ကျောက်ဖြစ်ရုပ်ကြွင်းလို့ ယေဘုယျသတ်မှတ်ထားပါတယ်။ ဒါ့အပြင် ငါးရုပ်ကြွင်းတွေကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ သုတေသန စာတမ်းတွေဆောင်ရွက်ခဲ့တဲ့ ရတနာပုံတက္ကသိုလ် ဘူမိဗေဒဌာန   ပါမောက္ခ ဒေါက်တာခိုင်ခိုင်စန်းက “ဒီသတ္တဝါတွေကို ကမ္ဘာပေါ်မှာ ဥရောပဒေသ နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ကွမ်ကျိုးပြည်နယ်တွေမှာ အများဆုံးတွေ့ရှိရပါတယ်။ ဒီရုပ်ကြွင်းကို တွေ့ရှိခဲ့တဲ့အတွက် သင်ကြားရေးလုပ်ငန်းတွေမှာလည်း အထောက်အကူပြုစေတဲ့ အပြင် ဒိုင်နိုဆောနဲ့ မျိုးနွယ်တူတဲ့အတွက် ကမ္ဘာ့နိုင်ငံ အတော်များများမှာ တွေ့ရှိပြီး မြန်မာနိုင်ငံမှာ မတွေ့ရှိခဲ့ဖူးသေးတဲ့ ဒိုင်နိုဆောသတ္တဝါတွေကို တွေ့ရှိလာနိုင်တယ်ဆိုတဲ့   အလားအလာကောင်း တွေလည်း ရရှိလာမှာပါ” လို့ ပြောပါတယ်။ ဒီအကြောင်းကို သုတေသနစာတမ်းတွေ ရေးသားပြီး အင်္ဂလန်နိုင်ငံ The University of  Edinburgh က ပညာရှင်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတကာက သိစေဖို့ Acta Palaeontologica Polonica  ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က “အခုလို နှစ်သန်းပေါင်း  ၂၀၀ ကျော် သက်တမ်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမှာ ပထမဆုံးတွေ့ရှိမှုက   ဘူမိဗေဒဘာသာရပ်အနေနဲ့ တန်ဖိုးကြီးမားတဲ့ တွေ့ရှိမှုတခုဖြစ်တဲ့အတွက် သမိုင်းမှတ်တိုင်တခု အဖြစ် မှတ်တမ်းတင် ရမှာပါ။ ဒီရုပ်ကြွင်းကို တွေ့ရှိခြင်းအားဖြင့် သူနဲ့ မျိုးနွယ်တူတဲ့ ဒိုင်နိုဆော သတ္တဝါတွေလည်း ကျနော်တို့နိုင်ငံမှာ ရှိခဲ့တယ်ဆိုတာကို ဆက်လက်ရှာဖွေ လေ့လာနိုင်ဖို့ လမ်းပွင့်သွားမှာပါ။  မကြာခင်ကာလမှာ ဒီကျောက်ဖြစ်ရုပ်ကြွင်းနဲ့ပတ်သက်လို့ နိုင်ငံတကာ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး သုတေသနလုပ်ငန်းတွေ ဆက်လက်လုပ် ဆောင်သွားမှာပါ” လို့ ပြောပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းသတ္တဝါရဲ့ မျိုးရင်းကိုပဲ သတ်မှတ်နိုင်သေးပြီး မျိုးစုနဲ့မျိုးစိတ်တွေ ခွဲခြားသတ်မှတ် နိုင်ဖို့ အဲဒီ သတ္တဝါတွေထပ်တွေ့အောင် လေ့လာရှာဖွေရဦးမယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ႏွစ္သန္း ၂၀၀ ေက်ာ္က ဒိုင္ႏိုေဆာမ်ိဳးႏြယ္ဝင္ ေက်ာက္ျဖစ္႐ုပ္ႂကြင္း လားရႈိးတြင္ေတြ႕ရွိ DVB လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၂၀၀ ေက်ာ္က ဒိုင္ႏိုေဆာမ်ိဳးႏြယ္ဝင္ ေက်ာက္ျဖစ္႐ုပ္ႂကြင္းတခုကို ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕နားကေန ေတြ႕ထားတယ္လို႔ အစိုးရသတင္းစာမွာ ေဖာ္ျပပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ဘူမိေဗဒဘာသာရပ္မွာ ပထမဆုံးအျဖစ္ ႏွစ္သန္းေပါင္း ၂၀၀ ေက်ာ္သက္တမ္းရွိ ဒိုင္ႏိုေဆာမ်ိဳးႏြယ္ဝင္ ပင္လယ္ေပ်ာ္ ေက်ာ႐ိုးရွိ တြားသြားသတၱဝါရဲ႕ ေက်ာက္ျဖစ္႐ုပ္ႂကြင္းကို ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)လားရႈိးၿမိဳ႕ အေနာက္ဘက္ရွိ ရဲေဘာ္ေဟာင္း ေက်ာက္ေတာင္မွ သုေတသန ျပဳရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရပါတယ္။ ရတနာပုံတကၠသိုလ္ ဘူမိေဗဒဌာနက ၂၀၁၈ ခုႏွစ္မွာ လားရႈိးၿမိဳ႕ အေနာက္ဘက္ ရဲေဘာ္ေဟာင္းေက်ာက္ေတာင္ကေန ရွာေဖြေတြ႕တာျဖစ္ၿပီး လက္ရွိမွာေတာ့ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၂၁၀ နဲ႔ ၂၃၀ ၾကားမွာ ရွိမယ္လို႔ သတ္မွတ္ထားပါတယ္။ အဲဒီ႐ုပ္ႂကြင္းဟာ ဖြတ္၊ ပုတတ္၊ ပုတ္သင္ညိဳလို ေခါင္းေသးၿပီး လည္ပင္းရွည္တဲ့အျပင္ ေမး႐ိုးမွာ ေသးၿပီးခြၽန္တဲ့ သြားေတြပါလို႔ ငါးကိုစားတဲ့ ပင္လယ္ေပ်ာ္ေက်ာ႐ိုးရွိ တြားသြားသတၱဝါ (Pachypleurosaurs) ေက်ာက္ျဖစ္႐ုပ္ႂကြင္းလို႔ ေယဘုယ်သတ္မွတ္ထားပါတယ္။ ဒါ့အျပင္ ငါး႐ုပ္ႂကြင္းေတြကို ေတြ႕ရတယ္လို႔လည္း ဆိုပါတယ္။ ဒါနဲ႔ပတ္သက္လို႔ သုေတသန စာတမ္းေတြေဆာင္႐ြက္ခဲ့တဲ့ ရတနာပုံတကၠသိုလ္ ဘူမိေဗဒဌာန ပါေမာကၡ ေဒါက္တာခိုင္ခိုင္စန္းက “ဒီသတၱဝါေတြကို ကမာၻေပၚမွာ ဥေရာပေဒသ နဲ႔ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္နဲ႔ ကြမ္က်ိဳးျပည္နယ္ေတြမွာ အမ်ားဆုံးေတြ႕ရွိရပါတယ္။ ဒီ႐ုပ္ႂကြင္းကို ေတြ႕ရွိခဲ့တဲ့အတြက္ သင္ၾကားေရးလုပ္ငန္းေတြမွာလည္း အေထာက္အကူျပဳေစတဲ့ အျပင္ ဒိုင္ႏိုေဆာနဲ႔ မ်ိဳးႏြယ္တူတဲ့အတြက္ ကမာၻ႔ႏိုင္ငံ အေတာ္မ်ားမ်ားမွာ ေတြ႕ရွိၿပီး ျမန္မာႏိုင္ငံမွာ မေတြ႕ရွိခဲ့ဖူးေသးတဲ့ ဒိုင္ႏိုေဆာသတၱဝါေတြကို ေတြ႕ရွိလာႏိုင္တယ္ဆိုတဲ့ အလားအလာေကာင္း ေတြလည္း ရရွိလာမွာပါ” လို႔ ေျပာပါတယ္။ ဒီအေၾကာင္းကို သုေတသနစာတမ္းေတြ ေရးသားၿပီး အဂၤလန္ႏိုင္ငံ The University of Edinburgh က ပညာရွင္ေတြနဲ႔ ပူးေပါင္းၿပီး ႏိုင္ငံတကာက သိေစဖို႔ Acta Palaeontologica Polonica ဂ်ာနယ္မွာ ပုံႏွိပ္ထုတ္ေဝၿပီးျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ရတနာပုံတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာေမာင္ေမာင္ႏိုင္က “အခုလို ႏွစ္သန္းေပါင္း ၂၀၀ ေက်ာ္ သက္တမ္းရွိတဲ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းကို ျမန္မာႏိုင္ငံမွာ ပထမဆုံးေတြ႕ရွိမႈက ဘူမိေဗဒဘာသာရပ္အေနနဲ႔ တန္ဖိုးႀကီးမားတဲ့ ေတြ႕ရွိမႈတခုျဖစ္တဲ့အတြက္ သမိုင္းမွတ္တိုင္တခု အျဖစ္ မွတ္တမ္းတင္ ရမွာပါ။ ဒီ႐ုပ္ႂကြင္းကို ေတြ႕ရွိျခင္းအားျဖင့္ သူနဲ႔ မ်ိဳးႏြယ္တူတဲ့ ဒိုင္ႏိုေဆာ သတၱဝါေတြလည္း က်ေနာ္တို႔ႏိုင္ငံမွာ ရွိခဲ့တယ္ဆိုတာကို ဆက္လက္ရွာေဖြ ေလ့လာႏိုင္ဖို႔ လမ္းပြင့္သြားမွာပါ။ မၾကာခင္ကာလမွာ ဒီေက်ာက္ျဖစ္႐ုပ္ႂကြင္းနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာ ပညာရွင္ေတြနဲ႔ ပူးေပါင္းၿပီး သုေတသနလုပ္ငန္းေတြ ဆက္လက္လုပ္ ေဆာင္သြားမွာပါ” လို႔ ေျပာပါတယ္။ ေက်ာက္ျဖစ္႐ုပ္ႂကြင္းသတၱဝါရဲ႕ မ်ိဳးရင္းကိုပဲ သတ္မွတ္ႏိုင္ေသးၿပီး မ်ိဳးစုနဲ႔မ်ိဳးစိတ္ေတြ ခြဲျခားသတ္မွတ္ ႏိုင္ဖို႔ အဲဒီ သတၱဝါေတြထပ္ေတြ႕ေအာင္ ေလ့လာရွာေဖြရဦးမယ္လို႔လည္း သတင္းမွာ ေဖာ္ျပထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024