Home
မြန်မာသတင်း
ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ ပြည်သူများမစိုးရိမ်ကြရန် ဗဟိုဘဏ်ထုတ်ပြန်
ပိုင်စိုး
·
September 3, 2019
ပြည်သူတွေအနေနဲ့ ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး မစိုးရိမ်ကြဖို့နဲ့ ဗဟိုဘဏ်ဟာ သဘော သဘာဝအရ ဘဏ်တွေရဲ့ နောက်ဆုံးအားထားရာအဖြစ် လိုအပ်တွေရှိပါက အပြည့်အဝကူညီ ထောက်ပံ့သွားမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ သြဂုတ် ၂၇ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဗဟိုဘဏ် ဒုဥက္ကဋ္ဌရဲ့ ဖြေကြားတာ ဟာ ဗဟိုဘဏ်ရဲ့ ရပ်တည်ချက်နဲ့ အပြည့်အဝ မကိုက်မညီတာကြောင့် အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ လွှတ်တော်မှာ မင်းကင်းအမတ် ဦးမောင်မြင့်က SME ချေးငွေတွေကို အခုကျင့်သုံးနေတဲ့ စနစ်ထက် ပိုပြီး ဖြေလျှော့ပေးနိုင်ဖို့ ရှိ၊ မရှိ၊ ဗဟိုဘဏ် အနေနဲ့ NPL (ပြန်မဆပ်နိုင်တဲ့ချေးငွေ) ကို သတ်မှတ်ရာမှာ ဘဏ်တခုချင်းစီရဲ့ သဘောသဘာဝပေါ်မူတည်ပြီး သတ်မှတ်ပေးနိုင်၊ မပေးနိုင်ကို မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိန်းက ဖြေကြားရာမှာ တချို့ချေးငွေတွေဟာ စပြီးချေးယူသွားကတည်းက အတိုးရော၊ အရင်းရောပါ ပြန်မဆပ်တဲ့ ချေးငွေအမြောက်အမြားရှိနေတယ်လို့  ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် ဘဏ်တွေအနေနဲ့ ထုတ်ချေးတဲ့ငွေတွေကို ဂရုတစိုက် ကောက်ခံလာကြတဲ့ အချိန်မှာ လုပ်ငန်းတွေအနေနဲ့ အခက်အခဲရှိတာကို သဘောပေါက်ပေမယ့် အတိုးသာမက အရင်း လည်း မဆပ်တာ ၂ နှစ်၊ ၃ နှစ် ရှိလာရင်တော့ ဘဏ်တွေအနေနဲ့ ညှိနှိုင်းတဲ့အဆင့် ကျော်သွားပြီ ဖြစ်လို့  ထိထိရောက်ရောက်ကိုင်တွယ်ရမယ်လို့ ပြောပါတယ်။ လုပ်ငန်းရှင်တွေဘက်ကပဲ စဉ်းစားလို့မရဘဲ ဘဏ်မှာ အပ်နှံထားတာတွေဟာ ပြည်သူတွေရဲ့ ငွေတွေဖြစ်လို့ ယုံယုံကြည်ကြည်လာအပ်ထားတာကို မဆုံးရှုံးအောင် ကာကွယ်ဖို့ဟာ ဘဏ်တွေရဲ့ တာဝန်ဖြစ်တယ်လို့လည်း ပြောပါတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေအတွက် ဘဏ်တွေဟာ လိုတာထက်ပိုပြီး လိုက်လျောတာတွေ အများကြီးလုပ်ခဲ့ပြီးပြီလို့လည်း ပြောဆိုခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီဖြေကြားချက်တွေဟာ ဗဟိုဘဏ်ရဲ့ ရပ်တည်ချက်နဲ့ အပြည့်အဝ မကိုက်မညီဘဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ လက်ရှိဘဏ်လုပ်ငန်းတွေနဲ့ဘဏ်လုပ်ငန်းရှင်တွေအကြား ဆက်ပြီး ညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။
ဘဏ္လုပ္ငန္းႏွင့္ ပတ္သက္၍ ျပည္သူမ်ားမစိုးရိမ္ၾကရန္ ဗဟိုဘဏ္ထုတ္ျပန္ ပိုင္စိုး ျပည္သူေတြအေနနဲ႔ ဘဏ္လုပ္ငန္းနဲ႔ပတ္သက္ၿပီး မစိုးရိမ္ၾကဖို႔နဲ႔ ဗဟိုဘဏ္ဟာ သေဘာ သဘာဝအရ ဘဏ္ေတြရဲ႕ ေနာက္ဆုံးအားထားရာအျဖစ္ လိုအပ္ေတြရွိပါက အျပည့္အဝကူညီ ေထာက္ပံ့သြားမယ္လို႔ ဗဟိုဘဏ္က ထုတ္ျပန္လိုက္ပါတယ္။ ၾသဂုတ္ ၂၇ ရက္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ဗဟိုဘဏ္ ဒုဥကၠ႒ရဲ႕ ေျဖၾကားတာ ဟာ ဗဟိုဘဏ္ရဲ႕ ရပ္တည္ခ်က္နဲ႔ အျပည့္အဝ မကိုက္မညီတာေၾကာင့္ အခုလို ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ လႊတ္ေတာ္မွာ မင္းကင္းအမတ္ ဦးေမာင္ျမင့္က SME ေခ်းေငြေတြကို အခုက်င့္သုံးေနတဲ့ စနစ္ထက္ ပိုၿပီး ေျဖေလွ်ာ့ေပးႏိုင္ဖို႔ ရွိ၊ မရွိ၊ ဗဟိုဘဏ္ အေနနဲ႔ NPL (ျပန္မဆပ္ႏိုင္တဲ့ေခ်းေငြ) ကို သတ္မွတ္ရာမွာ ဘဏ္တခုခ်င္းစီရဲ႕ သေဘာသဘာဝေပၚမူတည္ၿပီး သတ္မွတ္ေပးႏိုင္၊ မေပးႏိုင္ကို ေမးျမန္းခဲ့ပါတယ္။ ဒီေမးခြန္းကို ဗဟိုဘဏ္ ဒု ဥကၠ႒ ဦးစိုးသိန္းက ေျဖၾကားရာမွာ တခ်ိဳ႕ေခ်းေငြေတြဟာ စၿပီးေခ်းယူသြားကတည္းက အတိုးေရာ၊ အရင္းေရာပါ ျပန္မဆပ္တဲ့ ေခ်းေငြအေျမာက္အျမားရွိေနတယ္လို႔ ေျဖၾကားခဲ့ပါတယ္။ ဒါေၾကာင့္ ဘဏ္ေတြအေနနဲ႔ ထုတ္ေခ်းတဲ့ေငြေတြကို ဂ႐ုတစိုက္ ေကာက္ခံလာၾကတဲ့ အခ်ိန္မွာ လုပ္ငန္းေတြအေနနဲ႔ အခက္အခဲရွိတာကို သေဘာေပါက္ေပမယ့္ အတိုးသာမက အရင္း လည္း မဆပ္တာ ၂ ႏွစ္၊ ၃ ႏွစ္ ရွိလာရင္ေတာ့ ဘဏ္ေတြအေနနဲ႔ ညႇိႏႈိင္းတဲ့အဆင့္ ေက်ာ္သြားၿပီ ျဖစ္လို႔ ထိထိေရာက္ေရာက္ကိုင္တြယ္ရမယ္လို႔ ေျပာပါတယ္။ လုပ္ငန္းရွင္ေတြဘက္ကပဲ စဥ္းစားလို႔မရဘဲ ဘဏ္မွာ အပ္ႏွံထားတာေတြဟာ ျပည္သူေတြရဲ႕ ေငြေတြျဖစ္လို႔ ယုံယုံၾကည္ၾကည္လာအပ္ထားတာကို မဆုံးရႈံးေအာင္ ကာကြယ္ဖို႔ဟာ ဘဏ္ေတြရဲ႕ တာဝန္ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ ၿပီးေတာ့ လုပ္ငန္းရွင္ေတြအတြက္ ဘဏ္ေတြဟာ လိုတာထက္ပိုၿပီး လိုက္ေလ်ာတာေတြ အမ်ားႀကီးလုပ္ခဲ့ၿပီးၿပီလို႔လည္း ေျပာဆိုခဲ့ပါတယ္။ ဗဟိုဘဏ္ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ အဲဒီေျဖၾကားခ်က္ေတြဟာ ဗဟိုဘဏ္ရဲ႕ ရပ္တည္ခ်က္နဲ႔ အျပည့္အဝ မကိုက္မညီဘဲ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေနနဲ႔ လက္ရွိဘဏ္လုပ္ငန္းေတြနဲ႔ဘဏ္လုပ္ငန္းရွင္ေတြအၾကား ဆက္ၿပီး ညႇိႏႈိင္းသြားမယ္လို႔ ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024