Home
မြန်မာသတင်း
ဒေးဒရဲမြို့တွင် ရဲအုပ် ၁ ဦး ပါးစပ်ထဲ ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်ခတ်သတ်သေ
DVB
·
September 3, 2019
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့မှာ ရဲအုပ်တဦးက ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ပြီးနောက်  ဇနီးရဲ့ ခြေထောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ကာ မိမိပါးစပ်ထဲကို ခြောက်လုံးပြူးသေနတ်နဲ့ ပစ်ပြီး  အဆုံးစီရင်သွားပါတယ်။  ဒေးဒရဲမြို့နယ်၊ကျုံးဒါးနယ်မြေ စခန်းမှူး ရဲအုပ်စောလှဌေး (၄၅)နှစ်ဟာ ဇနီးဖြစ်သူ ဒေါ်ချောဥမ္မာ (၃၃)နဲ့အတူ ဒေးဒရဲမြို့ အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဒေးဒရဲ အအေးခန်း ဧည့်ရိပ်သာ၊ အခန်းအမှတ် A1 မှာ တည်းခိုနေစဉ်  စက်တင်ဘာ ၂ ရက် ည ၈ နာရီလောက်မှာ လင်မယားချင်း စကားများ ရန်ဖြစ်ခဲ့ကြပါတယ်။ ရန်ဖြစ်ပြီးနောက်  ရဲအုပ်စောလှဌေးက ဇနီးဖြစ်သူ ဒေါ်ချောဥမ္မာရဲ့ ညာဘက်ပေါင်ကို သူကိုင်ဆောင်တဲ့ ခြောက်လုံးပြူးသေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ကာ သူ့ရဲ့ ပါးစပ်ထဲကို ငုံပြီး ၁ ချက် ပစ် သေဆုံးခဲ့ကြောင်း ရဲစစ်ဆေးချက်တွေ အရသိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မိုးမြင့်ဇော်၊ ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဟိန်း၊ ဒေးဒရဲ မြို့မစခန်းမှူး ဒုရဲမှူး ကျော်ဇံတို့က အခင်းဖြစ်တဲ့ နေရာမှာ စစ်ဆေးခဲ့ရာ ရဲအုပ်စောလှဌေးရဲ့ ပါးစပ်က သွေးထွက်သေဆုံးနေတာကို အခန်းထဲမှာ တွေ့ရှိပြီး ခန္ဓာကိုယ်ရဲ့ ညာဘက်လက်ကြားမှာ ကျည်ခွံ သုံးခုနဲ့ သေနတ်ထဲမှာ ကျည်ဆန် သုံးတောင့် တွေ့ရှိခဲ့ကြောင်းလည်း ရဲမှတ်တမ်း အရသိရပါတယ်။ သေဆုံးသွားတဲ့ ရဲအုပ်နဲ့  ဒဏ်ရာရသွားတဲ့ ဇနီးဖြစ်သူတို့ကို ဒေးဒရဲ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး တာဝန်ကျဆရာဝန်ကလက်ခံစစ်ဆေးကာ ဇနီးဖြစ်သူ ဒေါ်ချောဥမ္မာကိုတော့ ဖျာပုံပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ထားပါတယ်။ သေဆုံးသူ ရဲအုပ်စောလှဌေးရဲ့ ရုပ်အလောင်းကိုတော့ ခွဲစိတ်စစ်ဆေးနေပြီး ဒေးဒရဲမြို့ ရဲစခန်းမှူးက အမှုဖွင့်အရေးယူဖို့ စီစဉ်နေပါတယ်။ သတင်း- ကျော်စိုးမိုး
ေဒးဒရဲၿမိဳ႕တြင္ ရဲအုပ္ ၁ ဦး ပါးစပ္ထဲ ေျခာက္လုံးျပဴးေသနတ္ျဖင့္ ပစ္ခတ္သတ္ေသ DVB ဧရာဝတီတိုင္း၊ ေဒးဒရဲၿမိဳ႕မွာ ရဲအုပ္တဦးက ဇနီးျဖစ္သူနဲ႔ စကားမ်ားရန္ျဖစ္ၿပီးေနာက္ ဇနီးရဲ႕ ေျခေထာက္ကို ေသနတ္နဲ႔ ပစ္ခတ္ခဲ့ကာ မိမိပါးစပ္ထဲကို ေျခာက္လုံးျပဴးေသနတ္နဲ႔ ပစ္ၿပီး အဆုံးစီရင္သြားပါတယ္။ ေဒးဒရဲၿမိဳ႕နယ္၊က်ဳံးဒါးနယ္ေျမ စခန္းမႉး ရဲအုပ္ေစာလွေဌး (၄၅)ႏွစ္ဟာ ဇနီးျဖစ္သူ ေဒၚေခ်ာဥမၼာ (၃၃)နဲ႔အတူ ေဒးဒရဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းရွိ ေဒးဒရဲ အေအးခန္း ဧည့္ရိပ္သာ၊ အခန္းအမွတ္ A1 မွာ တည္းခိုေနစဥ္ စက္တင္ဘာ ၂ ရက္ ည ၈ နာရီေလာက္မွာ လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ခဲ့ၾကပါတယ္။ ရန္ျဖစ္ၿပီးေနာက္ ရဲအုပ္ေစာလွေဌးက ဇနီးျဖစ္သူ ေဒၚေခ်ာဥမၼာရဲ႕ ညာဘက္ေပါင္ကို သူကိုင္ေဆာင္တဲ့ ေျခာက္လုံးျပဴးေသနတ္နဲ႔ ၂ ခ်က္ပစ္ခတ္ခဲ့ကာ သူ႔ရဲ႕ ပါးစပ္ထဲကို ငုံၿပီး ၁ ခ်က္ ပစ္ ေသဆုံးခဲ့ေၾကာင္း ရဲစစ္ေဆးခ်က္ေတြ အရသိရပါတယ္။ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ဖ်ာပုံခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး မိုးျမင့္ေဇာ္၊ ေဒးဒရဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉး ေဇာ္ဟိန္း၊ ေဒးဒရဲ ၿမိဳ႕မစခန္းမႉး ဒုရဲမႉး ေက်ာ္ဇံတို႔က အခင္းျဖစ္တဲ့ ေနရာမွာ စစ္ေဆးခဲ့ရာ ရဲအုပ္ေစာလွေဌးရဲ႕ ပါးစပ္က ေသြးထြက္ေသဆုံးေနတာကို အခန္းထဲမွာ ေတြ႕ရွိၿပီး ခႏၶာကိုယ္ရဲ႕ ညာဘက္လက္ၾကားမွာ က်ည္ခြံ သုံးခုနဲ႔ ေသနတ္ထဲမွာ က်ည္ဆန္ သုံးေတာင့္ ေတြ႕ရွိခဲ့ေၾကာင္းလည္း ရဲမွတ္တမ္း အရသိရပါတယ္။ ေသဆုံးသြားတဲ့ ရဲအုပ္နဲ႔ ဒဏ္ရာရသြားတဲ့ ဇနီးျဖစ္သူတို႔ကို ေဒးဒရဲ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ၿပီး တာဝန္က်ဆရာဝန္ကလက္ခံစစ္ေဆးကာ ဇနီးျဖစ္သူ ေဒၚေခ်ာဥမၼာကိုေတာ့ ဖ်ာပုံျပည္သူ႔ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းပို႔ေဆာင္ထားပါတယ္။ ေသဆုံးသူ ရဲအုပ္ေစာလွေဌးရဲ႕ ႐ုပ္အေလာင္းကိုေတာ့ ခြဲစိတ္စစ္ေဆးေနၿပီး ေဒးဒရဲၿမိဳ႕ ရဲစခန္းမႉးက အမႈဖြင့္အေရးယူဖို႔ စီစဥ္ေနပါတယ္။ သတင္း- ေက်ာ္စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024