Home
မြန်မာသတင်း
ပြင်ဦးလွင်က ဖမ်းဆီးခံ ရှမ်းပရဟိတ ကျောင်းဆရာ ၂ ဦး အာမခံဖြင့် ပြန်လွတ်လာ
နန်းမြနဒီ
·
September 3, 2019
တပ်မတော် နည်းပညာတက္ကသိုလ် ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြင်ဦးလွင်မြို့က ရှမ်းပရဟိတကျောင်းဆရာညီအစ်ကို  စိုင်းခွန်းမိုင်းနဲ့ စိုင်းလှိုင်းဇင့်တို့ မနေ့ညက အာမခံနဲ့ ပြန်လွတ်လာပါတယ်။ သူတို့နှစ်ဦးကို စရဖ(စစ်ဖက်ဆိုင်ရာလုံခြုံရေး)က ပုဒ်မ ၁၇(က) မတရားအသင်း ဆက်သွယ်မှုနဲ့ ပုဒ်မ ၆၇ ဆက်သွယ်ရေးဥပဒေတွေနဲ့ စွဲချက်တင်ထားရာမှာ မနေ့က တရားရုံးမှာ တရားသူကြီးက ပုဒ်မ ၁၇(က)ကို ပယ်ဖျက်ပေးလိုက်ပြီး ပုဒ်မ ၆၇ သာကျန်ရှိကြောင်း၊ အဆိုပါ ပုဒ်မမှာ အာမခံခွင့်ရှိတဲ့အတွက် ရပ်မိရပ်ဖနှစ်ဦးက အာမခံပေးပြီး မနေ့ည ၈ နာရီကျော်မှာ ပြန်လွတ်လာခဲ့တယ်လို့ ကျောင်းဆရာညီအစ်ကို နှစ်ဦးရဲ့ ဖခင် ဦးစိုင်းစောလှက ဒီဗွီဘီကို ပြောပါတယ်။ “တရားရုံးက မတရားသင်းဆက်သွယ်မှုကို ပယ်ဖျက်ပေးပြီး ကျန်တဲ့ ပုဒ်မ ၆၇ က အာမခံလို့ရတယ်လို့ သူတို့ရှေ့နေက ပြောတဲ့အတွက် ရပ်မိရပ်ဖ နှစ်ယောက်က အာမခံပေးပြီး မနေ့ည ၈ နာရီကျော်လောက်မှာ ပြန်လွတ်လာပါပြီခင်ဗျ။ ကျန်တဲ့အမှုကို အပြင်ကနေပဲ ဆက်လက်ရင်ဆိုင်သွားမှာ ဖြစ်တယ်။”   ကျန်ရှိနေသော ပုဒ်မ ၆၇ မှာ ဆက်သွယ်ရေးပစ္စည်း တခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ သို့မဟုတ် အသုံးပြုခြင်းနဲ့ ပတ်သက်တာဖြစ်ပြီး ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက တနှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်က စရဖတာဝန်ရှိသူတွေ သူတို့အိမ်ကို လာရောက်ရှာဖွေစဉ် ဝေါ်ကီတော်ကီ စကားပြောစက်အသေးစားကိုပါ တွေ့ရှိခဲ့လို့ ဆက်သွယ်ရေးဥပဒေအရ အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ကျောင်းဆရာ နှစ်ဦးဟာ အဆိုပါစကားပြောစက်ကို ကျောင်းသားတွေနဲ့ တောတွင်းလေ့လာရေးခရီး ထွက်တဲ့အခါမှာ လူမပျောက်အောင် ဆက်သွယ်အသုံးပြုခဲ့တာလို့ ဖခင် ဦးစိုင်းစောလှက ပြောပါတယ်။  ပြင်ဦးလွင်မှာပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်က တပ်မတော် နည်းပညာတက္ကသိုလ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် သူတို့ ညီအစ်ကိုဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စရဖတာဝန်ရှိသူတွေက အိမ်ကိုလာရောက် ဖမ်းဆီးသွားတာပါ။ ညီအစ်ကို နှစ်ဦးဟာ ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ ပတ်သက်ခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်အဖွဲ့က သြဂုတ် ၂၆ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုထားပြီး လုပ်ဖော်ကိုင်ဖက်၊ အပေါင်းအသင်း သူငယ်ချင်းတွေကလည်း သူတို့ နှစ်ဦးဟာ လက်နက်ကိုင်အဖွဲ့နဲ့ မပတ်သက်ကြောင်း လူမှုကွန်ရက်မှာ  ကန်ပိန်းလုပ်ပြီး တောင်းဆိုခဲ့ကြပါတယ်။ ဓာတ်ပုံ- Sai Waiyan
ျပင္ဦးလြင္က ဖမ္းဆီးခံ ရွမ္းပရဟိတ ေက်ာင္းဆရာ ၂ ဦး အာမခံျဖင့္ ျပန္လြတ္လာ နန္းျမနဒီ တပ္မေတာ္ နည္းပညာတကၠသိုလ္ ပစ္ခတ္တိုက္ခိုက္ခံရတာနဲ႔ ပတ္သက္ၿပီး ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျပင္ဦးလြင္ၿမိဳ႕က ရွမ္းပရဟိတေက်ာင္းဆရာညီအစ္ကို စိုင္းခြန္းမိုင္းနဲ႔ စိုင္းလႈိင္းဇင့္တို႔ မေန႔ညက အာမခံနဲ႔ ျပန္လြတ္လာပါတယ္။ သူတို႔ႏွစ္ဦးကို စရဖ(စစ္ဖက္ဆိုင္ရာလုံၿခဳံေရး)က ပုဒ္မ ၁၇(က) မတရားအသင္း ဆက္သြယ္မႈနဲ႔ ပုဒ္မ ၆၇ ဆက္သြယ္ေရးဥပေဒေတြနဲ႔ စြဲခ်က္တင္ထားရာမွာ မေန႔က တရား႐ုံးမွာ တရားသူႀကီးက ပုဒ္မ ၁၇(က)ကို ပယ္ဖ်က္ေပးလိုက္ၿပီး ပုဒ္မ ၆၇ သာက်န္ရွိေၾကာင္း၊ အဆိုပါ ပုဒ္မမွာ အာမခံခြင့္ရွိတဲ့အတြက္ ရပ္မိရပ္ဖႏွစ္ဦးက အာမခံေပးၿပီး မေန႔ည ၈ နာရီေက်ာ္မွာ ျပန္လြတ္လာခဲ့တယ္လို႔ ေက်ာင္းဆရာညီအစ္ကို ႏွစ္ဦးရဲ႕ ဖခင္ ဦးစိုင္းေစာလွက ဒီဗြီဘီကို ေျပာပါတယ္။ “တရား႐ုံးက မတရားသင္းဆက္သြယ္မႈကို ပယ္ဖ်က္ေပးၿပီး က်န္တဲ့ ပုဒ္မ ၆၇ က အာမခံလို႔ရတယ္လို႔ သူတို႔ေရွ႕ေနက ေျပာတဲ့အတြက္ ရပ္မိရပ္ဖ ႏွစ္ေယာက္က အာမခံေပးၿပီး မေန႔ည ၈ နာရီေက်ာ္ေလာက္မွာ ျပန္လြတ္လာပါၿပီခင္ဗ်။ က်န္တဲ့အမႈကို အျပင္ကေနပဲ ဆက္လက္ရင္ဆိုင္သြားမွာ ျဖစ္တယ္။” က်န္ရွိေနေသာ ပုဒ္မ ၆၇ မွာ ဆက္သြယ္ေရးပစၥည္း တခုခုကို လိုင္စင္မရွိဘဲ လက္ဝယ္ထားရွိျခင္း၊ သို႔မဟုတ္ အသုံးျပဳျခင္းနဲ႔ ပတ္သက္တာျဖစ္ၿပီး က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားပါက တႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္၊ သို႔မဟုတ္ ေငြဒဏ္၊ သို႔မဟုတ္ ေထာင္ဒဏ္ေရာ ေငြဒဏ္ပါ ႏွစ္ရပ္လုံး က်ခံရႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ဩဂုတ္ ၁၇ ရက္က စရဖတာဝန္ရွိသူေတြ သူတို႔အိမ္ကို လာေရာက္ရွာေဖြစဥ္ ေဝၚကီေတာ္ကီ စကားေျပာစက္အေသးစားကိုပါ ေတြ႕ရွိခဲ့လို႔ ဆက္သြယ္ေရးဥပေဒအရ အေရးယူခံထားရတာ ျဖစ္ပါတယ္။ ဖမ္းဆီးခံရတဲ့ ေက်ာင္းဆရာ ႏွစ္ဦးဟာ အဆိုပါစကားေျပာစက္ကို ေက်ာင္းသားေတြနဲ႔ ေတာတြင္းေလ့လာေရးခရီး ထြက္တဲ့အခါမွာ လူမေပ်ာက္ေအာင္ ဆက္သြယ္အသုံးျပဳခဲ့တာလို႔ ဖခင္ ဦးစိုင္းေစာလွက ေျပာပါတယ္။ ျပင္ဦးလြင္မွာၿပီးခဲ့တဲ့ ၾသဂုတ္ ၁၅ ရက္က တပ္မေတာ္ နည္းပညာတကၠသိုလ္ကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြက ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ သူတို႔ ညီအစ္ကိုဟာ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ အဆက္အသြယ္ရွိတယ္ဆိုၿပီး စရဖတာဝန္ရွိသူေတြက အိမ္ကိုလာေရာက္ ဖမ္းဆီးသြားတာပါ။ ညီအစ္ကို ႏွစ္ဦးဟာ ဘယ္လက္နက္ကိုင္အဖြဲ႕နဲ႔မွ ပတ္သက္ျခင္းမရွိေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ ရွမ္းလူငယ္ကြန္ရက္အဖြဲ႕က ၾသဂုတ္ ၂၆ ရက္စြဲနဲ႔ ထုတ္ျပန္ေတာင္းဆိုထားၿပီး လုပ္ေဖာ္ကိုင္ဖက္၊ အေပါင္းအသင္း သူငယ္ခ်င္းေတြကလည္း သူတို႔ ႏွစ္ဦးဟာ လက္နက္ကိုင္အဖြဲ႕နဲ႔ မပတ္သက္ေၾကာင္း လူမႈကြန္ရက္မွာ ကန္ပိန္းလုပ္ၿပီး ေတာင္းဆိုခဲ့ၾကပါတယ္။ ဓာတ္ပုံ- Sai Waiyan
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024