Home
မြန်မာသတင်း
သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး မုံရွာတွင် ရဟန်း ၁ ပါး ဆန္ဒပြ
DVB
·
September 3, 2019
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့က သိမ်းဆည်းခံရတဲ့ မြို့မလယ်ကွင်းမှာ နေအိမ်ဆောက်လုပ်ခြင်း မရှိသေးတဲ့ လယ်မြေတွေကို မူလတောင်သူတွေထံ ပြန်လည်ပေးအပ်ဖို့ တောင်သူ ၄၂ ဦးကိုယ်စား မြို့မကျောင်းဆရာတော်က မုံရွာမြို့ မြို့တော်အခန်းမရှေ့မှာ စက်တင်ဘာ ၂ ရက်နေ့က တကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က ခန္တီးမြို့နယ်မှာ ကမ်းပါးပြိုလို့အိမ်ခြေမဲ့တဲ့သူတွေအတွက် လယ်မြေဧက ၂၂၃ ကို သိမ်းဆည်းခဲ့ပြီး နေအိမ်အကွက်ချရာမှာ ယခုအခါ လူနေအိမ်မဆောက်လုပ်ရသေးတဲ့ မြေကွက်တွေကို မူလတောင်သူတွေထံ ပြန်လည်ပေးအပ်ဖို့ တောင်သူတွေကိုယ်စား အခုလို ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။ ခန္တီးမြို့ မြို့မကျောင်းဆရာတော် ဦးကဝိပါလက "တကယ်တမ်းမြေပြိုလို့ အိမ်ပြိုသွားတာက ၃၀ ကျော်ပါ။ ကမ်းဘေးမှာ မြေမပြိုပဲ ကျန်ခဲ့တာက ၃၀ ဆိုတော့ စုစုပေါင်း အိမ်ခြေ ၇၀ ကျော်ပေါ့။ အကွက်ရိုက်မယ်ဆိုပြီး သိမ်းထားတဲ့ ၂၂၃ ဧကကို ဝန်းကွက်ရိုက်လိုက်တော့ အကွက်ပေါင်း ၁၁၂၀ ရတယ်။ အဲ့ဒီတုန်းက လယ်တဧကကို ၅၀၀၀ ကျပ်နဲ့ အိမ်ဝန်း တဝန်းနှုန်း တောင်သူတွေကိုပြန်ပေးတယ်။ သဘောမတူပဲ ယူခဲ့ရတာတွေလည်းရှိပါတယ်။ အဲ့ဒီနောက်နှစ်မှာပဲ သာစည်မြေကွက်လို့ခေါ်တဲ့ ကာမိုးလယ်ကွက်ကို ဧက ၄၀၀ ကျော်ဆက်သိမ်းတယ်။ အဲ့ဒါကတော့ သိမ်းကတည်းက ဘာအကြောင်းပြချက်မှ မရှိပဲ သိမ်းတာ။ လယ် နှစ်ကွက်ပေါင်းရင် ဧက ၇၀၀ ကျော်နီးပါးရှိပါတယ်။ မြို့မ လယ်ကွက်ထဲမှာ အကွက်ပေါင်း ၁၁၂၀ ရှိတဲ့အနက် လူနေအိမ်အကွက်က ၄၁၀ ပဲရှိပြီး လွတ်နေတာက ၇၁၀ ရှိတယ်။  တောင်းဆိုတာကလည်း လူနေအိမ်ဝန်းမဟုတ်တဲ့ လွတ်နေတဲ့ အကွက်တွေကို မူလတောင်သူတွေဆီ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုတာပါ " လို့ မိန့်ကြားပါတယ် အဆိုပါ သိမ်းဆည်းခံလယ်မြေတွေကို ပြန်လည်ရရှိဖို့ ၂၀၁၆ နိုဝင်ဘာ ၂၀ ရက်ကတည်းက တိုင်းဒေသကြီးအစိုးရထံ တောင်းဆိုခဲ့ရာမှာ ယခုချိန်ထိ ပြေလည်မှုမရရှိသေးဘူးလို့ သိရပါတယ်။ ဆရာတော် ဦးကဝိကလက "ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က တိုင်းအစိုးရ ညွှန်ကြားချက်ဆိုပြီး မြို့နယ်ထွေအုပ်ခန်းမမှာ တောင်သူတွေနဲ့ ဌာနဆိုင်ရာတွေတွေ့တော့ အိမ်ကွက်သမားတွေအတွက် ၃၃၇ ကွက်ကို သူ့အကွက်တိုင်းပဲ ပြန်ပေးမယ် ၊ ၂၇၃ ကွက်ကို မြို့နယ်ဖွံ့ဖြိုးရေးနဲ့ ဝန်ထမ်းတွေအတွက် အစိုးရဘက်က သိမ်းတယ်ပေါ့။ တောင်သူတွေအတွက် အိမ်ကွက် ၁၀၀ ပေးမယ်၊ အရင်က ငွေသွင်းခဲ့တဲ့ အိမ်ကွက်သမားတွေကို ၁ သိန်းကျပ် ၊ ငွေမသွင်းခဲ့တဲ့ အိမ်ကွက်သမားတွေကိုတော့ သေချာကောက်ခံပါဆိုပြီး အဲ့ဒီညွှန်ကြားစာကို ဖတ်ပြပါတယ်။ အဲဒါကို မိတ္တူကူးခွင့်တောင်းတော့ မပေးဘူး" လို့မိန့်ပါတယ်။ အဲ့ဒီလယ်မြေတွေနဲ့ပတ်သက်လို့ သိမ်းဆည်းစဉ်အခါကတည်းက အိမ်ဝန်းကွက်ရိုက်ခဲ့တာ တွေရှိခဲ့ပေမယ့် အခုချိန်ထိ လယ်ယာမြေအား တခြားမြေအဖြစ်ပြောင်းလဲအသုံးပြုခွင့် လန (၃၉) မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သတ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဝင်းကို သွားရောက်မေးမြန်းရာမှာတော့ "၁၉၉၁ ခုနှစ်ဝန်းကျင်က သိမ်းခဲ့တယ်ပေါ့။ အရင်က သက်ဆိုင်ရာ မဝတ ရဲ့ အစီစဉ်နဲ့ ဆောင်ရွက်ခဲ့တယ်လို့ သိရတယ်။ အဲ့ဒီတုန်းက မြို့ပြ အကွက်ရိုက်မယ်ဆိုပြီး ဧက ၂၂၃ ဧကကို သိမ်းခဲ့ပြီး တောင်သူတွေကို ငွေကျပ် ၅၀၀၀ နဲ့ ဖယ်ရှားခဲ့တယ်လို့ သိရတယ်။ အဲ့ဒီအချိန်တုန်းကတည်းက လန (၃၉) ကျအောင်တော့ ဆောင်ရွက်ထားခြင်း မရှိသေးပါဘူး " လို့ ပြောပါတယ်။ လယ်မြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်ရာမှာ ခန္တီးမြို့မရပ်ကွက် မတရားသိမ်းဆည်းခံ လယ်မြေများပြန်လယ်ရရှိရေး၊ သိမ်းဆည်းခံလယ်ယာမြေကိစ္စ ဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ပေးရေး၊ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပေးထားသော ကတိကို တည်အောင်ဆောင်ရွက်ပေးရေး ဆိုတဲ့ အချက် သုံးချက်ပါ  ပိုစတာကိုင်ဆောင်ပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ ဓါတ်ပုံ - ရန်နိုင်စိုး
သိမ္းဆည္းခံလယ္ေျမမ်ား ျပန္လည္ရရွိေရး မုံ႐ြာတြင္ ရဟန္း ၁ ပါး ဆႏၵျပ ဒီဗြီဘီ စစ္ကိုင္းတိုင္း၊ ခႏၲီးၿမိဳ႕က သိမ္းဆည္းခံရတဲ့ ၿမိဳ႕မလယ္ကြင္းမွာ ေနအိမ္ေဆာက္လုပ္ျခင္း မရွိေသးတဲ့ လယ္ေျမေတြကို မူလေတာင္သူေတြထံ ျပန္လည္ေပးအပ္ဖို႔ ေတာင္သူ ၄၂ ဦးကိုယ္စား ၿမိဳ႕မေက်ာင္းဆရာေတာ္က မုံ႐ြာၿမိဳ႕ ၿမိဳ႕ေတာ္အခန္းမေရွ႕မွာ စက္တင္ဘာ ၂ ရက္ေန႔က တကိုယ္ေတာ္ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၉၉၁ ခုႏွစ္က ခႏၲီးၿမိဳ႕နယ္မွာ ကမ္းပါးၿပိဳလို႔အိမ္ေျခမဲ့တဲ့သူေတြအတြက္ လယ္ေျမဧက ၂၂၃ ကို သိမ္းဆည္းခဲ့ၿပီး ေနအိမ္အကြက္ခ်ရာမွာ ယခုအခါ လူေနအိမ္မေဆာက္လုပ္ရေသးတဲ့ ေျမကြက္ေတြကို မူလေတာင္သူေတြထံ ျပန္လည္ေပးအပ္ဖို႔ ေတာင္သူေတြကိုယ္စား အခုလို ဆႏၵထုတ္ေဖာ္တာျဖစ္တယ္လို႔ ဆရာေတာ္က မိန႔္ၾကားပါတယ္။ ခႏၲီးၿမိဳ႕ ၿမိဳ႕မေက်ာင္းဆရာေတာ္ ဦးကဝိပါလက "တကယ္တမ္းေျမၿပိဳလို႔ အိမ္ၿပိဳသြားတာက ၃၀ ေက်ာ္ပါ။ ကမ္းေဘးမွာ ေျမမၿပိဳပဲ က်န္ခဲ့တာက ၃၀ ဆိုေတာ့ စုစုေပါင္း အိမ္ေျခ ၇၀ ေက်ာ္ေပါ့။ အကြက္႐ိုက္မယ္ဆိုၿပီး သိမ္းထားတဲ့ ၂၂၃ ဧကကို ဝန္းကြက္႐ိုက္လိုက္ေတာ့ အကြက္ေပါင္း ၁၁၂၀ ရတယ္။ အဲ့ဒီတုန္းက လယ္တဧကကို ၅၀၀၀ က်ပ္နဲ႔ အိမ္ဝန္း တဝန္းႏႈန္း ေတာင္သူေတြကိုျပန္ေပးတယ္။ သေဘာမတူပဲ ယူခဲ့ရတာေတြလည္းရွိပါတယ္။ အဲ့ဒီေနာက္ႏွစ္မွာပဲ သာစည္ေျမကြက္လို႔ေခၚတဲ့ ကာမိုးလယ္ကြက္ကို ဧက ၄၀၀ ေက်ာ္ဆက္သိမ္းတယ္။ အဲ့ဒါကေတာ့ သိမ္းကတည္းက ဘာအေၾကာင္းျပခ်က္မွ မရွိပဲ သိမ္းတာ။ လယ္ ႏွစ္ကြက္ေပါင္းရင္ ဧက ၇၀၀ ေက်ာ္နီးပါးရွိပါတယ္။ ၿမိဳ႕မ လယ္ကြက္ထဲမွာ အကြက္ေပါင္း ၁၁၂၀ ရွိတဲ့အနက္ လူေနအိမ္အကြက္က ၄၁၀ ပဲရွိၿပီး လြတ္ေနတာက ၇၁၀ ရွိတယ္။ ေတာင္းဆိုတာကလည္း လူေနအိမ္ဝန္းမဟုတ္တဲ့ လြတ္ေနတဲ့ အကြက္ေတြကို မူလေတာင္သူေတြဆီ ျပန္လည္ေပးအပ္ဖို႔ ေတာင္းဆိုတာပါ " လို႔ မိန႔္ၾကားပါတယ္ အဆိုပါ သိမ္းဆည္းခံလယ္ေျမေတြကို ျပန္လည္ရရွိဖို႔ ၂၀၁၆ ႏိုဝင္ဘာ ၂၀ ရက္ကတည္းက တိုင္းေဒသႀကီးအစိုးရထံ ေတာင္းဆိုခဲ့ရာမွာ ယခုခ်ိန္ထိ ေျပလည္မႈမရရွိေသးဘူးလို႔ သိရပါတယ္။ ဆရာေတာ္ ဦးကဝိကလက "ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၀ ရက္ေန႔က တိုင္းအစိုးရ ၫႊန္ၾကားခ်က္ဆိုၿပီး ၿမိဳ႕နယ္ေထြအုပ္ခန္းမမွာ ေတာင္သူေတြနဲ႔ ဌာနဆိုင္ရာေတြေတြ႕ေတာ့ အိမ္ကြက္သမားေတြအတြက္ ၃၃၇ ကြက္ကို သူ႔အကြက္တိုင္းပဲ ျပန္ေပးမယ္ ၊ ၂၇၃ ကြက္ကို ၿမိဳ႕နယ္ဖြံ႕ၿဖိဳးေရးနဲ႔ ဝန္ထမ္းေတြအတြက္ အစိုးရဘက္က သိမ္းတယ္ေပါ့။ ေတာင္သူေတြအတြက္ အိမ္ကြက္ ၁၀၀ ေပးမယ္၊ အရင္က ေငြသြင္းခဲ့တဲ့ အိမ္ကြက္သမားေတြကို ၁ သိန္းက်ပ္ ၊ ေငြမသြင္းခဲ့တဲ့ အိမ္ကြက္သမားေတြကိုေတာ့ ေသခ်ာေကာက္ခံပါဆိုၿပီး အဲ့ဒီၫႊန္ၾကားစာကို ဖတ္ျပပါတယ္။ အဲဒါကို မိတၱဴကူးခြင့္ေတာင္းေတာ့ မေပးဘူး" လို႔မိန႔္ပါတယ္။ အဲ့ဒီလယ္ေျမေတြနဲ႔ပတ္သက္လို႔ သိမ္းဆည္းစဥ္အခါကတည္းက အိမ္ဝန္းကြက္႐ိုက္ခဲ့တာ ေတြရွိခဲ့ေပမယ့္ အခုခ်ိန္ထိ လယ္ယာေျမအား တျခားေျမအျဖစ္ေျပာင္းလဲအသုံးျပဳခြင့္ လန (၃၉) မရွိေသးပါဘူး။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီး ေျမစာရင္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးသန္းဝင္းကို သြားေရာက္ေမးျမန္းရာမွာေတာ့ "၁၉၉၁ ခုႏွစ္ဝန္းက်င္က သိမ္းခဲ့တယ္ေပါ့။ အရင္က သက္ဆိုင္ရာ မဝတ ရဲ႕ အစီစဥ္နဲ႔ ေဆာင္႐ြက္ခဲ့တယ္လို႔ သိရတယ္။ အဲ့ဒီတုန္းက ၿမိဳ႕ျပ အကြက္႐ိုက္မယ္ဆိုၿပီး ဧက ၂၂၃ ဧကကို သိမ္းခဲ့ၿပီး ေတာင္သူေတြကို ေငြက်ပ္ ၅၀၀၀ နဲ႔ ဖယ္ရွားခဲ့တယ္လို႔ သိရတယ္။ အဲ့ဒီအခ်ိန္တုန္းကတည္းက လန (၃၉) က်ေအာင္ေတာ့ ေဆာင္႐ြက္ထားျခင္း မရွိေသးပါဘူး " လို႔ ေျပာပါတယ္။ လယ္ေျမျပန္လည္ရရွိေရး ဆႏၵထုတ္ေဖာ္ရာမွာ ခႏၲီးၿမိဳ႕မရပ္ကြက္ မတရားသိမ္းဆည္းခံ လယ္ေျမမ်ားျပန္လယ္ရရွိေရး၊ သိမ္းဆည္းခံလယ္ယာေျမကိစၥ ေဆာင္႐ြက္ရာတြင္ ပြင့္လင္း ျမင္သာစြာ ေဆာင္႐ြက္ေပးေရး၊ အစိုးရႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေပးထားေသာ ကတိကို တည္ေအာင္ေဆာင္႐ြက္ေပးေရး ဆိုတဲ့ အခ်က္ သုံးခ်က္ပါ ပိုစတာကိုင္ေဆာင္ၿပီး ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ သတင္း၊ ဓါတ္ပုံ - ရန္ႏိုင္စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024