စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တောင်ကိုရီးယားသမ္မတနှင့် ထိုင်းဝန်ကြီးချုပ် ဆွေးနွေး

(Photo credit: Royal Thai Government website)
တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ စက်တင်ဘာ ၂ ရက်က တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အပြန်အလှန် ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်ထဲမှာတော့ ဗျူဟာမြောက် မိတ်ဖက်ဖြစ်မှု အားကောင်းစေဖို့ ရည်မှန်းတယ်လို့ ဖော်ပြထားပါတယ်။  အဲဒီနောက် ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ ကိုရီးယား ဘာသာစကား ကျွမ်းကျင်ရေး၊ အဆင့်မြင့် စစ်ဘက်အရာရှိအဆင့်မှာ ထောက်လှမ်းရေး၊ သတင်းအချက်အလက် မျှဝေဖလှယ်ရေး ကုန်သွယ်ရေး သယ်ယူပို့ဆောင်ရေးနဲ့ စမတ်စီးတီး ခြေလှမ်း တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေး စတဲ့ သဘောတူညီချက်တွေအတွက် နားလည်မှု စာချွန်လွှာ ၆ရပ်ကို ၂နိုင်ငံ ခေါင်းဆောင်တွေရှေ့မှာ သက်သေပြုပြီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နှစ်နိုင်ငံလုံး တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးဖို့ ဗျူဟာမြောက် မိတ်ဘက်ဖြစ်မှု အားဖြည့်ဖို့  ကောင်းတဲ့ လက္ခဏာလို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ တောင်ကိုရီးယား သမ္မတကတော့ မနှစ်က ထိုင်းနဲ့ ကိုရီးယား အပြန်အလှန် ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၁ ဘီလျံ ထိ စံချိန်တင် မြင့်တက်ခဲ့တဲ့အကြောင်းနဲ့ ပြည်သူချင်း ဖလှယ်မှုက လူဦးရေ ၂ ဒသမ ၃၆သန်း ကျော်ခဲ့ တယ်လို့ပြောပါတယ်။ ဒါ့အပြင် ကိုရီးယားစစ်ပွဲအတွင်း ထိုင်းစစ်သည်တွေ ကိုရီးယားကို ရောက်လာခဲ့တဲ့ စွန့်လွှတ်စွန့်စားမှုကစပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးက မှတ်လောက်သားလောက် တိုးတက်ခဲ့တယ်၊ ထိုင်းစစ်ပြန်တွေကို ချီးကျူး ဂုဏ်ပြုပါတယ်လို့လည်း တောင်ကိုရီးယား သမ္မတက ပြောပါတယ်။ မွန်းဟာ တောင်ကိုရီးယားရဲ့ တောင်ဘက် မူဝါဒသစ်နဲ့အညီ ထိုင်း၊ မြန်မာနဲ့ လာအို အရှေ့တောင် အာရှ  ၃ နိုင်ငံဆီ သီတင်းတပတ်ကြာ အလည်အပတ် ခရီး ထွက်ခဲ့တာပါ။ ကိုရီးယားနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ရည်မှန်းထားတယ်လို့ ထိုင်းအစိုးရ အိမ်တော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ရန္ ေတာင္ကိုရီးယားသမၼတႏွင့္ ထိုင္းဝန္ႀကီးခ်ဳပ္ ေဆြးေႏြး ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အင္းဟာ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာနဲ႔ ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ဘန္ေကာက္မွာ စက္တင္ဘာ ၂ ရက္က ေတြ႕ဆုံၿပီး ႏွစ္ႏိုင္ငံ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ဖို႔ အျပန္အလွန္ ေဆြးေႏြးၾကပါတယ္။ ေဆြးေႏြးပြဲအၿပီး ပူးတြဲေၾကညာခ်က္ထဲမွာေတာ့ ဗ်ဴဟာေျမာက္ မိတ္ဖက္ျဖစ္မႈ အားေကာင္းေစဖို႔ ရည္မွန္းတယ္လို႔ ေဖာ္ျပထားပါတယ္။ အဲဒီေနာက္ ေရအရင္းအျမစ္ စီမံခန႔္ခြဲေရး၊ ကိုရီးယား ဘာသာစကား ကြၽမ္းက်င္ေရး၊ အဆင့္ျမင့္ စစ္ဘက္အရာရွိအဆင့္မွာ ေထာက္လွမ္းေရး၊ သတင္းအခ်က္အလက္ မွ်ေဝဖလွယ္ေရး ကုန္သြယ္ေရး သယ္ယူပို႔ေဆာင္ေရးနဲ႔ စမတ္စီးတီး ေျခလွမ္း တိုးတက္ေအာင္ ပူးေပါင္းေဆာင္႐ြက္ေရး စတဲ့ သေဘာတူညီခ်က္ေတြအတြက္ နားလည္မႈ စာခြၽန္လႊာ ၆ရပ္ကို ၂ႏိုင္ငံ ေခါင္းေဆာင္ေတြေရွ႕မွာ သက္ေသျပဳၿပီး လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ႏွစ္ႏိုင္ငံလုံး တည္ၿငိမ္ေရးနဲ႔ လုံၿခဳံေရးအတြက္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ပံ့ပိုးဖို႔ ဗ်ဴဟာေျမာက္ မိတ္ဘက္ျဖစ္မႈ အားျဖည့္ဖို႔  ေကာင္းတဲ့ လကၡဏာလို႔ ထိုင္းဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ေတာင္ကိုရီးယား သမၼတကေတာ့ မႏွစ္က ထိုင္းနဲ႔ ကိုရီးယား အျပန္အလွန္ ကုန္သြယ္မႈ တန္ဖိုး အေမရိကန္ ေဒၚလာ ၁၄ ဒသမ ၁ ဘီလ်ံ ထိ စံခ်ိန္တင္ ျမင့္တက္ခဲ့တဲ့အေၾကာင္းနဲ႔ ျပည္သူခ်င္း ဖလွယ္မႈက လူဦးေရ ၂ ဒသမ ၃၆သန္း ေက်ာ္ခဲ့ တယ္လို႔ေျပာပါတယ္။ ဒါ့အျပင္ ကိုရီးယားစစ္ပြဲအတြင္း ထိုင္းစစ္သည္ေတြ ကိုရီးယားကို ေရာက္လာခဲ့တဲ့ စြန႔္လႊတ္စြန႔္စားမႈကစၿပီး ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးက မွတ္ေလာက္သားေလာက္ တိုးတက္ခဲ့တယ္၊ ထိုင္းစစ္ျပန္ေတြကို ခ်ီးက်ဴး ဂုဏ္ျပဳပါတယ္လို႔လည္း ေတာင္ကိုရီးယား သမၼတက ေျပာပါတယ္။ မြန္းဟာ ေတာင္ကိုရီးယားရဲ႕ ေတာင္ဘက္ မူဝါဒသစ္နဲ႔အညီ ထိုင္း၊ ျမန္မာနဲ႔ လာအို အေရွ႕ေတာင္ အာရွ  ၃ ႏိုင္ငံဆီ သီတင္းတပတ္ၾကာ အလည္အပတ္ ခရီး ထြက္ခဲ့တာပါ။ ကိုရီးယားႏိုင္ငံအေနနဲ႔ အာဆီယံအဖြဲ႕ဝင္ ဆယ္ႏိုင္ငံနဲ႔ ထိေတြ႕ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ဖို႔ ရည္မွန္းထားတယ္လို႔ ထိုင္းအစိုးရ အိမ္ေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up