ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် ၃  ဦး ဖီဖာ ထုတ်ပြန်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင်  ၃ ဦး စာရင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ထုတ်ပြန်ရာမှာ မက်ဆီ၊ စီရော်နယ်ဒိုနဲ့ ဗန်ဒိုက်တို့ ၃ ဦး ပါဝင်လာခဲ့ပါတယ်။  ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီက အသင်းအတွက် စုစုပေါင်း ပွဲ ၅၀ မှာ ၅၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လာလီဂါဖလားနဲ့ စပိန်စူပါဖလားတွေ ရယူနိုင်ခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဂိုးသွင်းဘုရင်ဆု ရခဲ့ပါတယ်။ စီရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းနဲ့အတူ စကူဒက်တို စီးရီးအေချန်ပီယံနဲ့ ပေါ်တူဂီအသင်းနဲ့ အတူလည်း နေးရှင်းလိဂ် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။ ဥရောပ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ လစ်ဗာပူးနောက်ခံလူ ဗန်ဒိုက်ကတော့ အသင်းနဲ့အတူ ဥရောပ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့သလို PFA ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုလည်း ရရှိခဲ့ပါတယ်။ အကောင်းဆုံးသွင်းဂိုးဆု ဖြစ်တဲ့ ပွတ်ရှ်ကတ်ဆုအတွက်တော့ မက်ဆီ၊ အီဗရာဟီမိုဗစ်၊ ကွာဂလီရယ်လာ စတဲ့ ကစားသမားတွ အပါအဝင် စုစုပေါင်း ၁၀ ဦးရဲ့ သွင်းဂိုးတွေ ပါဝင်ခဲ့ပါတယ်။ ဆုတွေကိုတော့ လာမယ့် စက်တင်ဘာ ၂၃ ရက်မှာ အီတလီနိုင်ငံ၊ မီလန်မြို့မှာ ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။  ဓာတ်ပုံ- Daily Mail ~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားဆုအတြက္ ဆန္ခါတင္ ၃  ဦး ဖီဖာ ထုတ္ျပန္ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆုအတြက္ ဆန္ခါတင္  ၃ ဦး စာရင္းကို ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ (ဖီဖာ)က ထုတ္ျပန္ရာမွာ မက္ဆီ၊ စီေရာ္နယ္ဒိုနဲ႔ ဗန္ဒိုက္တို႔ ၃ ဦး ပါဝင္လာခဲ့ပါတယ္။ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီဟာ ၿပီးခဲ့တဲ့ ရာသီက အသင္းအတြက္ စုစုေပါင္း ပြဲ ၅၀ မွာ ၅၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး လာလီဂါဖလားနဲ႔ စပိန္စူပါဖလားေတြ ရယူႏိုင္ခဲ့ကာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ဂိုးသြင္းဘုရင္ဆု ရခဲ့ပါတယ္။ စီေရာ္နယ္ဒိုကေတာ့ ဂ်ဴဗင္တပ္အသင္းနဲ႔အတူ စကူဒက္တို စီးရီးေအခ်န္ပီယံနဲ႔ ေပၚတူဂီအသင္းနဲ႔ အတူလည္း ေနးရွင္းလိဂ္ ခ်န္ပီယံဆုဖလား ရယူႏိုင္ခဲ့ပါတယ္။ ဥေရာပ အေကာင္းဆုံး ကစားသမားဆု ရရွိခဲ့တဲ့ လစ္ဗာပူးေနာက္ခံလူ ဗန္ဒိုက္ကေတာ့ အသင္းနဲ႔အတူ ဥေရာပ ခ်န္ပီယံဆုဖလား ရယူႏိုင္ခဲ့သလို PFA ပရီးမီးယားလိဂ္ အေကာင္းဆုံး ကစားသမားဆုလည္း ရရွိခဲ့ပါတယ္။ အေကာင္းဆုံးသြင္းဂိုးဆု ျဖစ္တဲ့ ပြတ္ရွ္ကတ္ဆုအတြက္ေတာ့ မက္ဆီ၊ အီဗရာဟီမိုဗစ္၊ ကြာဂလီရယ္လာ စတဲ့ ကစားသမားတြ အပါအဝင္ စုစုေပါင္း ၁၀ ဦးရဲ႕ သြင္းဂိုးေတြ ပါဝင္ခဲ့ပါတယ္။ ဆုေတြကိုေတာ့ လာမယ့္ စက္တင္ဘာ ၂၃ ရက္မွာ အီတလီႏိုင္ငံ၊ မီလန္ၿမိဳ႕မွာ ခ်ီးျမႇင့္ေပးမွာ ျဖစ္ပါတယ္။ ဓာတ္ပုံ- Daily Mail

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up