မြန်မာပြည်ကို လာရောက်သည့် တရုတ်ခရီးသွား ၂ ဆကျော်တိုးလာ
ပိုင်စိုး
·
September 3, 2019
မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ခရီးသွားဦးရေရဲ့ ထက်ဝက်လောက်ဟာ တရုတ်ခရီးသွားတွေ ဖြစ်ပြီး တခြားနိုင်ငံက ခရီးသွားတွေ ဝင်ရောက်တာ လျော့နေချိန်မှာ တရုတ်ခရီးသွားက ၂ ဆကျော် တိုးလာနေပါတယ်။
မြန်မာနိုင်ငံကို အမေရိက၊ ဥရောပနဲ့ ကျွန်းစုနိုင်ငံတွေက ခရီးသွားတွေ ဝင်ရောက်တာ သိသိသာသာ လျော့နည်းသွားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြတဲ့ ပြည်ပခရီးသွား ဝင်ရောက်မှု အခြေအနေ စာရင်းတွေအရ သိရပါတယ်။
အခုနှစ် ဇူလိုင်လထဲမှာ မြန်မာနိုင်ငံကို စုစုပေါင်းနိုင်ငံခြားသား ၁,၀၅၄,၃၅၀ ယောက် ဝင်ရောက်ခဲ့ပြီး တရုတ်၊ ဟောင်ကောင်၊ တရုတ်(တိုင်ပေ) နဲ့ မကာအိုက ခရီးသွားတွေ ၄၂၈,၆၅၄ ယောက် ဝင်ရောက်ခဲ့လို့ ထက်ဝက်နီးပါး ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်တုန်းကတော့ အဲဒီနိုင်ငံတွေက ခရီးသွား ၁၇၄,၇၄၈ ယောက်ပဲ ဝင်ရောက်ခဲ့လို့ ဒီနှစ်မှာ သိသိသာသာကို တိုးလာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ်ကာလတူ နှိုင်းယှဉ်ရာမှာ စုစုပေါင်း ခရီးသွားဦးရေ ၂၇၆,၉၅၇ ယောက်ပဲ တိုးလာခဲ့တာကြောင့် တခြားနိုင်ငံတွေက ခရီးသွား ၂၀၀၀၀ ကျော်တိုးလာတာကို တွေ့ရပါတယ်။
နိုင်ငံတော်တော်များများက ခရီးသွား ဝင်ရောက်တာ လျော့နည်းသွားပြီး ရာခိုင်နှုန်းအရ အများဆုံး လျော့သွားတာကတော့ ၁၁ ရာခိုင်နှုန်းနဲ့ ဗြိတိန်နိုင်ငံက အများဆုံးဖြစ်ပြီး ဆွစ်ဇာလန်၊ ထိုင်းနဲ့ မလေးရှားတို့ဟာ သိသိသာသာ လျော့နည်းသွားပါတယ်။
ဒါပေမဲ့ အာရှနိုင်ငံတွေထဲက ကိုရီးယားနဲ့ ဂျပန်တို့ကတော့ သိသိသာသာ တိုးလာခဲ့ပါတယ်။
ပြည်တွင်းကို ဝင်ရောက်ကြသူတွေထဲမှာ လေကြောင်းလိုင်းနဲ့ လာရောက်ကြတာ အများဆုံးဖြစ်ပြီး နယ်စပ်ဝင်ပေါက်ကနေ အတွင်းပိုင်းအထိ လာရောက်တာကတော့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။
တရုတ်ခရီးသွားတွေဟာ မြန်မာနိုင်ငံထဲမှာ ငွေကြေးသိပ်မသုံးစွဲတဲ့ ဇီးရိုးဘတ်ဂျတ်လို့ ခေါ်တဲ့ စနစ်နဲ့ အများဆုံး ဝင်ရောက်လာနေတာဖြစ်ပြီး ရန်ကုန်တိုင်းထဲမှာ ဇီးရိုးဘတ်ဂျက် ခရီးသွား လုပ်ငန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးသွားတွေရဲ့ ငွေကြေး သုံးစွဲတာကို စိစစ်သွားမှာ ဖြစ်သလို ငွေကြေးသုံးစွဲမှုအလိုက် ဝန်ဆောင်မှု အခွင့်အရေးတွေကိုပါ အဆင့်သတ်မှတ်သွားမယ်လို့ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ျမန္မာျပည္ကို လာေရာက္သည့္ တ႐ုတ္ခရီးသြား ၂ ဆေက်ာ္တိုးလာ
ျမန္မာႏိုင္ငံကို ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသား ခရီးသြားဦးေရရဲ႕ ထက္ဝက္ေလာက္ဟာ တ႐ုတ္ခရီးသြားေတြ ျဖစ္ၿပီး တျခားႏိုင္ငံက ခရီးသြားေတြ ဝင္ေရာက္တာ ေလ်ာ့ေနခ်ိန္မွာ တ႐ုတ္ခရီးသြားက ၂ ဆေက်ာ္ တိုးလာေနပါတယ္။
ျမန္မာႏိုင္ငံကို အေမရိက၊ ဥေရာပနဲ႔ ကြၽန္းစုႏိုင္ငံေတြက ခရီးသြားေတြ ဝင္ေရာက္တာ သိသိသာသာ ေလ်ာ့နည္းသြားခဲ့တယ္လို႔ ႏိုင္ငံပိုင္သတင္းစာမွာ ေဖာ္ျပတဲ့ ျပည္ပခရီးသြား ဝင္ေရာက္မႈ အေျခအေန စာရင္းေတြအရ သိရပါတယ္။
အခုႏွစ္ ဇူလိုင္လထဲမွာ ျမန္မာႏိုင္ငံကို စုစုေပါင္းႏိုင္ငံျခားသား ၁,၀၅၄,၃၅၀ ေယာက္ ဝင္ေရာက္ခဲ့ၿပီး တ႐ုတ္၊ ေဟာင္ေကာင္၊ တ႐ုတ္(တိုင္ေပ) နဲ႔ မကာအိုက ခရီးသြားေတြ ၄၂၈,၆၅၄ ေယာက္ ဝင္ေရာက္ခဲ့လို႔ ထက္ဝက္နီးပါး ရွိေနပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္တုန္းကေတာ့ အဲဒီႏိုင္ငံေတြက ခရီးသြား ၁၇၄,၇၄၈ ေယာက္ပဲ ဝင္ေရာက္ခဲ့လို႔ ဒီႏွစ္မွာ သိသိသာသာကို တိုးလာခဲ့တာပါ။
ၿပီးခဲ့တဲ့ႏွစ္နဲ႔ အခုႏွစ္ကာလတူ ႏႈိင္းယွဥ္ရာမွာ စုစုေပါင္း ခရီးသြားဦးေရ ၂၇၆,၉၅၇ ေယာက္ပဲ တိုးလာခဲ့တာေၾကာင့္ တျခားႏိုင္ငံေတြက ခရီးသြား ၂၀၀၀၀ ေက်ာ္တိုးလာတာကို ေတြ႕ရပါတယ္။
ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ခရီးသြား ဝင္ေရာက္တာ ေလ်ာ့နည္းသြားၿပီး ရာခိုင္ႏႈန္းအရ အမ်ားဆုံး ေလ်ာ့သြားတာကေတာ့ ၁၁ ရာခိုင္ႏႈန္းနဲ႔ ၿဗိတိန္ႏိုင္ငံက အမ်ားဆုံးျဖစ္ၿပီး ဆြစ္ဇာလန္၊ ထိုင္းနဲ႔ မေလးရွားတို႔ဟာ သိသိသာသာ ေလ်ာ့နည္းသြားပါတယ္။
ဒါေပမဲ့ အာရွႏိုင္ငံေတြထဲက ကိုရီးယားနဲ႔ ဂ်ပန္တို႔ကေတာ့ သိသိသာသာ တိုးလာခဲ့ပါတယ္။
ျပည္တြင္းကို ဝင္ေရာက္ၾကသူေတြထဲမွာ ေလေၾကာင္းလိုင္းနဲ႔ လာေရာက္ၾကတာ အမ်ားဆုံးျဖစ္ၿပီး နယ္စပ္ဝင္ေပါက္ကေန အတြင္းပိုင္းအထိ လာေရာက္တာကေတာ့ ဒုတိယ အမ်ားဆုံး ျဖစ္ပါတယ္။
တ႐ုတ္ခရီးသြားေတြဟာ ျမန္မာႏိုင္ငံထဲမွာ ေငြေၾကးသိပ္မသုံးစြဲတဲ့ ဇီး႐ိုးဘတ္ဂ်တ္လို႔ ေခၚတဲ့ စနစ္နဲ႔ အမ်ားဆုံး ဝင္ေရာက္လာေနတာျဖစ္ၿပီး ရန္ကုန္တိုင္းထဲမွာ ဇီး႐ိုးဘတ္ဂ်က္ ခရီးသြား လုပ္ငန္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ခရီးသြားေတြရဲ႕ ေငြေၾကး သုံးစြဲတာကို စိစစ္သြားမွာ ျဖစ္သလို ေငြေၾကးသုံးစြဲမႈအလိုက္ ဝန္ေဆာင္မႈ အခြင့္အေရးေတြကိုပါ အဆင့္သတ္မွတ္သြားမယ္လို႔ ရန္ကုန္တိုင္း ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳးက ေျပာထားပါတယ္။