A d v e r t i s e m e n t With Us

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာ ရွှေ ၂ ခု၊ ငွေ ၁ ခု၊ ကြေး ၁ ခုရယူ

Photo : Myanmar Sepaktakraw Federation
ထိုင်းနိုင်ငံမှာ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပခဲ့တဲ့ ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအသင်းက ရွှေတံဆိပ် ၂ ခု၊ ငွေ ၁ ခုနဲ့ ကြေး ၁ ခု ရယူနိုင်ခဲ့ပါတယ်။ မြန်မာပိုက်ကျော်ခြင်းအသင်းအတွက် ရွှေတံဆိပ် ၂ ခုကို အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွေကနေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား နှစ်ယောက်တွဲမှာ မြန်မာက လာအိုကို အနိုင်ယူပြီး ရွှေတံဆိပ်ရခဲ့ကာ အမျိုးသမီး နှစ်ယောက်တွဲမှာလည်း လာအိုအသင်းကို အနိုင်ရပြီး ရွှေတံဆိပ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ငွေတံဆိပ်တခုကို အမျိုးသမီး ကွင်းတွင်းခြင်းခတ်ပြိုင်ပွဲကနေ ရရှိခဲ့ပြီး ကြေးတံဆိပ်တခုကိုတော့ အမျိုးသားအသင်းလိုက် ပြိုင်ပွဲမှာ မလေးရှားနဲ့အတူ ပူးတွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ နိုင်ငံ စုစုပေါင်း ၃၆ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံက နှစ်ယောက်တွဲ ပြိုင်ပွဲမှာ အဆင့် ၁ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ထိုင္းဘုရင့္ဖလား ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ျမန္မာ ေ႐ႊ ၂ ခု၊ ေငြ ၁ ခု၊ ေၾကး ၁ ခုရယူ ထိုင္းႏိုင္ငံမွာ ၾသဂုတ္ ၂၅ ရက္မွ စက္တင္ဘာ ၁ ရက္အထိ က်င္းပခဲ့တဲ့ ထိုင္းဘုရင့္ဖလား ကမာၻ႔ခ်န္ပီယံရွစ္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲမွာ ျမန္မာအသင္းက ေ႐ႊတံဆိပ္ ၂ ခု၊ ေငြ ၁ ခုနဲ႔ ေၾကး ၁ ခု ရယူႏိုင္ခဲ့ပါတယ္။ ျမန္မာပိုက္ေက်ာ္ျခင္းအသင္းအတြက္ ေ႐ႊတံဆိပ္ ၂ ခုကို အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ႏွစ္ေယာက္တြဲ ၿပိဳင္ပြဲေတြကေန ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အမ်ိဳးသား ႏွစ္ေယာက္တြဲမွာ ျမန္မာက လာအိုကို အႏိုင္ယူၿပီး ေ႐ႊတံဆိပ္ရခဲ့ကာ အမ်ိဳးသမီး ႏွစ္ေယာက္တြဲမွာလည္း လာအိုအသင္းကို အႏိုင္ရၿပီး ေ႐ႊတံဆိပ္ရရွိခဲ့တာ ျဖစ္ပါတယ္။ ေငြတံဆိပ္တခုကို အမ်ိဳးသမီး ကြင္းတြင္းျခင္းခတ္ၿပိဳင္ပြဲကေန ရရွိခဲ့ၿပီး ေၾကးတံဆိပ္တခုကိုေတာ့ အမ်ိဳးသားအသင္းလိုက္ ၿပိဳင္ပြဲမွာ မေလးရွားနဲ႔အတူ ပူးတြဲ ရရွိခဲ့တာ ျဖစ္ပါတယ္။ ထိုင္းဘုရင့္ဖလား ကမာၻ႔ခ်န္ပီယံရွစ္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲမွာ ႏိုင္ငံ စုစုေပါင္း ၃၆ ႏိုင္ငံ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ျမန္မာႏိုင္ငံက ႏွစ္ေယာက္တြဲ ၿပိဳင္ပြဲမွာ အဆင့္ ၁ ေနရာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up