Home
မြန်မာသတင်း
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်တွင် မြန်မာပါဝင်ရန် လွှတ်တော် အတည်ပြု
နေဖြိုးဝင်း
·
September 2, 2019
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်မှာ မြန်မာနိုင်ငံက ပါဝင်ဖို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ကလေးသူငယ်တွေရဲ့ အခွင့်အရေးများဆိုင်ရာ စာချုပ်ရဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်မှာ မြန်မာနိုင်ငံက အတည်ပြုပါဝင် လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးပြီး ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်က အတည်ပြု လိုက်တာပါ။  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က "ဒီနောက်ဆက်တွဲအခြေပြစာချုပ်မှာ ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပုံရိပ်၊ တပ်မတော်ရဲ့ ပုံရိပ်ကိုလည်း တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက်လည်း မြန်မာနိုင်ငံရဲ့ကြိုးပမ်းမှုမှာ အပြုသဘောတိုးတက်မှု တရပ်ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်"လို့ပြောပါတယ်။ ဒါအပြင် တပ်မတော်ကိုယ်စားလှယ်တွေ စိုးရိမ်တဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်း(EAO)တွေရဲ့ လိုက်နာမှုအပိုင်းမှာလည်း ဒီအဖွဲ့အစည်းတွေဟာ ကလေးစစ်သား အသုံးပြုတာနဲ့ပတ်သက်ပြီး မိမိတို့က တာဝန်ယူဆောင် ရွက်မှာဖြစ်ပြီး အန်စီအေ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို ကြေညာချက်တစ်ခုဖော်ပြပြီး ခြွင်းချက်အနေနဲ့ တင်ပြထားတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ တပ်မတော်အနေနဲ့ ပြဋ္ဌာန်းချက်ကို လိုက်နာပေမယ့် EAO တွေအနေနဲ့ လိုက်နာမှုမရှိသလို အန်စီအေထိုးထားတဲ့ အဖွဲ့တွေတောင် လိုက်နာမှုအားနည်းနေတယ်လို့ တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောပါတယ်။ "စာချုပ်ဝင်နိုင်ငံအနေနဲ့ တပ်မတော်သာမက အခြားလက်နက်ကိုင်အုပ်စုတွေအားလုံးကို အသက် ၁၈ နှစ်အောက် တပ်သားသစ်စုဆောင်းမှုမပြုရေး၊ တိုက်ပွဲဖြစ်ပွားရာမှာ ကလေးသူငယ် လက်နက်ကိုင်တွေ မပါစေရေးတို့အတွက် တာဝန်ယူ တားမြစ်ပေးရမယ့် သဘောဖြစ်နေပြီး နိုင်ငံရဲ့ လက်ရှိအခြေအနေအရ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အထူးအလေးထားစဉ်းစား ရမယ့် ပြဋ္ဌာန်းချက်ဖြစ်သလို ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကာလဖြစ်နေတာကြောင့် ဒီစာချုပ် မှာ အတည်ပြုပါဝင်နိုင်ရေးမှာ စဉ်းစားဆောင်ရွက်သင့်တယ်လို့ အကြံပြုတင်ပြအပ်ပါတယ်" လို့ ဗိုလ်မှူး ကြီးအောင်ကျော်မိုးက ဆိုပါတယ်။ ဒီစာချုပ်မှာ အတည်ပြု ပါဝင်နိုင်ရေးအတွက် ကိုယ်စားလှယ် ၁၉ ဦးဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိတဲ့အတွက် အခုလို အတည်ပြုလိုက်တာပါ။
လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္မ်ားပါဝင္ပတ္သက္မႈဆိုင္ရာ ေနာက္ဆက္တြဲ အေျချပစာခ်ဳပ္တြင္ ျမန္မာပါဝင္ရန္ လႊတ္ေတာ္ အတည္ျပဳ ေနၿဖိဳးဝင္း လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္ေတြ ပါဝင္ပတ္သက္မႈဆိုင္ရာ ေနာက္ဆက္တြဲ အေျချပစာခ်ဳပ္မွာ ျမန္မာႏိုင္ငံက ပါဝင္ဖို႔ ဒီကေန႔ ျပည္ေထာင္စု လႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။ ကေလးသူငယ္ေတြရဲ႕ အခြင့္အေရးမ်ားဆိုင္ရာ စာခ်ဳပ္ရဲ႕ လက္နက္ကိုင္ပဋိပကၡအတြင္း ကေလးသူငယ္ေတြ ပါဝင္ပတ္သက္မႈဆိုင္ရာ ေနာက္ဆက္တြဲအေျချပစာခ်ဳပ္မွာ ျမန္မာႏိုင္ငံက အတည္ျပဳပါဝင္ လက္မွတ္ထိုးႏိုင္ေရး ေဆြးေႏြးၿပီး ကန႔္ကြက္သူမရွိတဲ့အတြက္ လႊတ္ေတာ္က အတည္ျပဳ လိုက္တာပါ။ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္က "ဒီေနာက္ဆက္တြဲအေျချပစာခ်ဳပ္မွာ ပါဝင္ျခင္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ ပုံရိပ္၊ တပ္မေတာ္ရဲ႕ ပုံရိပ္ကိုလည္း တိုးတက္ေကာင္းမြန္ေစမွာ ျဖစ္ပါတယ္။ ကေလးသူငယ္ေတြရဲ႕ အခြင့္အေရး ကာကြယ္ျမႇင့္တင္ေရးအတြက္လည္း ျမန္မာႏိုင္ငံရဲ႕ႀကိဳးပမ္းမႈမွာ အျပဳသေဘာတိုးတက္မႈ တရပ္ျဖစ္ေပၚလာမွာ ျဖစ္ပါတယ္"လို႔ေျပာပါတယ္။ ဒါအျပင္ တပ္မေတာ္ကိုယ္စားလွယ္ေတြ စိုးရိမ္တဲ့ အစိုးရမဟုတ္တဲ့ လက္နက္ကိုင္ အဖြဲ႕အစည္း(EAO)ေတြရဲ႕ လိုက္နာမႈအပိုင္းမွာလည္း ဒီအဖြဲ႕အစည္းေတြဟာ ကေလးစစ္သား အသုံးျပဳတာနဲ႔ပတ္သက္ၿပီး မိမိတို႔က တာဝန္ယူေဆာင္ ႐ြက္မွာျဖစ္ၿပီး အန္စီေအ လက္မွတ္ထိုးထားတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္ဆိုတာကို ေၾကညာခ်က္တစ္ခုေဖာ္ျပၿပီး ႁခြင္းခ်က္အေနနဲ႔ တင္ျပထားတယ္လို႔ ျပည္ေထာင္စုဝန္ႀကီးက ဆိုပါတယ္။ တပ္မေတာ္အေနနဲ႔ ျပ႒ာန္းခ်က္ကို လိုက္နာေပမယ့္ EAO ေတြအေနနဲ႔ လိုက္နာမႈမရွိသလို အန္စီေအထိုးထားတဲ့ အဖြဲ႕ေတြေတာင္ လိုက္နာမႈအားနည္းေနတယ္လို႔ တပ္မေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးႀကီးေအာင္ေက်ာ္မိုးက ေျပာပါတယ္။ "စာခ်ဳပ္ဝင္ႏိုင္ငံအေနနဲ႔ တပ္မေတာ္သာမက အျခားလက္နက္ကိုင္အုပ္စုေတြအားလုံးကို အသက္ ၁၈ ႏွစ္ေအာက္ တပ္သားသစ္စုေဆာင္းမႈမျပဳေရး၊ တိုက္ပြဲျဖစ္ပြားရာမွာ ကေလးသူငယ္ လက္နက္ကိုင္ေတြ မပါေစေရးတို႔အတြက္ တာဝန္ယူ တားျမစ္ေပးရမယ့္ သေဘာျဖစ္ေနၿပီး ႏိုင္ငံရဲ႕ လက္ရွိအေျခအေနအရ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္ဖို႔ အထူးအေလးထားစဥ္းစား ရမယ့္ ျပ႒ာန္းခ်က္ျဖစ္သလို ၿငိမ္းခ်မ္းေရးတည္ေဆာက္ေနတဲ့ ကာလျဖစ္ေနတာေၾကာင့္ ဒီစာခ်ဳပ္ မွာ အတည္ျပဳပါဝင္ႏိုင္ေရးမွာ စဥ္းစားေဆာင္႐ြက္သင့္တယ္လို႔ အႀကံျပဳတင္ျပအပ္ပါတယ္" လို႔ ဗိုလ္မႉး ႀကီးေအာင္ေက်ာ္မိုးက ဆိုပါတယ္။ ဒီစာခ်ဳပ္မွာ အတည္ျပဳ ပါဝင္ႏိုင္ေရးအတြက္ ကိုယ္စားလွယ္ ၁၉ ဦးေဆြးေႏြးခဲ့ၿပီး ကန႔္ကြက္သူမရွိတဲ့အတြက္ အခုလို အတည္ျပဳလိုက္တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024